တရားမဝင် သစ်မျိုးစုံ၊ ရွှေထည်လက်ဝတ်ရတနာများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

 

နေပြည်တော် အောက်တိုဘာ ၂၂


တရားမဝင်  ကုန်သွယ်မှုတိုက်ဖျက် ရေး       ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့်  တရားမဝင် ကုန်သွယ်မှုများကို  ဥပဒေနှင့်အညီ ထိရောက်စွာ   တားဆီးအရေးယူ နိုင်ရေး       ဆောင်ရွက်လျက်ရှိ ရာ   အောက်တိုဘာ ၂၀ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး     တရား မဝင်   ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏      စီမံခန့်ခွဲမှုဖြင့် ဒဂုံမြို့သစ်ခရိုင်       တရားမဝင်  ကုန်သွယ်မှုတိုက်ဖျက်ရေး   အထူး အဖွဲ့  အဖွဲ့ခေါင်းဆောင် ဦးဆောင် သော   ပူးပေါင်းအဖွဲ့က   သတင်း အရ      စစ်ဆေးမှုများဆောင်ရွက် ခဲ့ရာ     တောင်ဒဂုံစက်မှုဇုန်(၂)ရှိ သစ်အချောထည်လုပ်ငန်း ဂိုဒေါင် ၌   တရားမဝင်   ကျွန်းပါကေးနှင့် T&G သစ်ခွဲသား ၁ ဒသမ ၈၀၆၄ တန်      (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၉၂၂၂၄)ကို     ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ   အရေး ယူဆောင်ရွက်လျက်ရှိသည်။

 


အလားတူ အောက်တိုဘာ ၂၁ ရက်တွင်     အကောက်ခွန်ဦးစီး ဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ စစ်ဆေးရေးအဖွဲ့မှ      ဝန်ထမ်း များ   မြဝတီ  -  ဘားအံ - ရန်ကုန်   သွား  ကားလမ်း   ပဲခူးတက္ကသိုလ် ရှေ့တွင်    မော်တော်ယာဉ်တစ်စီး ကို     တားဆီး    စစ်ဆေးခဲ့ရာ သွင်းကုန်ကြေညာလွှာ (ID)တွင် ကြေညာထားသည်ထက်   ပိုမိုပါရှိ လာသော စတီးပိုက်များ ၅ ဒသမ ၉၃၂      တန်နှင့်    ကုန်ပစ္စည်း   ကိုးမျိုး      (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၄၈၉၈၅၆၀)နှင့်   အဆိုပါပစ္စည်း များ   တင်ဆောင်လာသော Howo Sino အမျိုးအစား Tractor Head မော်တော်ယာဉ်      တစ်စီးနှင့် နောက်တွဲယာဉ်တစ်တွဲ  (ခန့်မှန်း တန်ဖိုးငွေကျပ်   ၄၀၀၀၀၀၀၀)၊ စုစုပေါင်း    (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၄၈၉၈၅၆၀)ကို   ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်     လုပ်ထုံးလုပ်နည်း နှင့်အညီ     အရေးယူဆောင်ရွက် လျက်ရှိသည်။

 


ထို့အတူ အောက်တိုဘာ ၂၂ ရက်တွင်  ရခိုင်ပြည်နယ်  တရား မဝင်    ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏      စီမံခန့်ခွဲမှုဖြင့် ပူးပေါင်းအဖွဲ့က     သတင်းအရ စစ်ဆေးမှုများ     ဆောင်ရွက်ခဲ့ရာ မောင်တောမြို့        မောင်နီရွာ အနောက်တောင်ဘက်      ချောင် ပေါက်ဝငယ်တစ်ခု    အရောက်၌ ဒီရေရောက်       တောများအတွင်း ဖုံးကွယ် ကမ်းထိုးထားသည့်  သစ် သားကိုယ်ထည် လောင်းလှေငယ် တစ်စင်းပေါ်မှ        အင်ဂျင်ဝိုင်ပုံး အဟောင်းများအတွင်း    အမည်း ရောင်   ပလတ်စတစ်     အိတ်ငယ် များဖြင့်      ထုပ်ပိုးထားသော     တရားမဝင်   ရွှေထည်လက်ဝတ်        ရတနာများ     (ခန့်မှန်းတန်ဖိုး                 ငွေကျပ် ၂၅၆၈၀၀၀၀၀) ကို  ပိုင်ရှင် မဲ့   သိမ်းဆည်းရမိခဲ့ပြီး   ပို့ကုန် သွင်းကုန်   ဥပဒေနှင့်အညီ    အရေး ယူဆောင်ရွက်လျက်ရှိသည်။

 


ထို့အပြင်   ပဲခူးတိုင်းဒေသကြီး တရားမဝင်  ကုန်သွယ်မှုတိုက်ဖျက် ရေး   အထူးအဖွဲ့၏  စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး      သစ်တောဦးစီး ဌာနဦးဆောင်သော  ပူးပေါင်းအဖွဲ့ က  စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ တောင်ငူခရိုင်အတွင်း၌     တရား မဝင်   ကျွန်းသစ်   ၄၁ ဒသမ ၂၅၂ တန်       (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃၆၁၃၁၆၀)ကို  ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ    အရေး ယူဆောင်ရွက်လျက်ရှိသည်။

 


သို့ဖြစ်၍     အောက်တိုဘာ  ၂၀ ရက်၊ ၂၁ ရက်နှင့် ၂၂ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ခြောက်မှု၊  (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၃၆၅၀၃၉၄၄)       ဖြစ်ကြောင်း တရားမဝင်  ကုန်သွယ်မှုတိုက်ဖျက် ရေး   ဦးဆောင်ကော်မတီမှ    သိရ သည်။                    

သတင်းစဉ်