တရားမဝင် သစ်မျိုးစုံ၊ လုပ်ငန်းသုံးပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများနှင့်မော်တော်ယာဉ်များ ဖမ်းဆီးရမိ

 

နေပြည်တော်  အောက်တိုဘာ  ၁၉


တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏  ကြီးကြပ် ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို  ဥပဒေနှင့်အညီ ထိရောက် စွာ တားဆီးအရေးယူနိုင်ရေး  ဆောင်ရွက်လျက်ရှိရာ  အောက်တိုဘာ  ၁၇ ရက်က   အကောက်ခွန်ဦးစီးဌာန၏    စီမံခန့်ခွဲမှုဖြင့်  တာဝန်ကျ ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ရာတွင်  မြန်မာ့စက်မှု ဆိပ်ကမ်း၌ ကုန်သေတ္တာတစ်လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်းမရှိသည့် Forklist တာယာ  ၁၆ လုံး  အပါအဝင် ကုန်ပစ္စည်း ခုနစ်မျိုး   (ခန့်မှန်းတန်ဖိုးငွေကျပ်  ၁၀၂၃၀၇၀၅၀)   ကို လည်းကောင်း၊   အေးရှားဝေါလ် ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ ကုန်သေတ္တာငါးလုံးအတွင်းမှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထား ခြင်းမရှိသည့် Scale Monitor အခု၂၄၀၊ Plastic Bottle ၁၄၆၀၀ ကီလိုဂရမ် အပါအဝင် ကုန်ပစ္စည်းနှစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ်  ၃၇၃၁၀၄၀၀)ကိုလည်းကောင်း၊ သီလဝါကုန်သေတ္တာစစ်ဆေးရေးစခန်း၌ ကုန်သေတ္တာ တစ်လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်း မရှိ သည့် Deluxe Chromium Plated Aldrop(တံခါးဂျက်) ၂၁၆၀ ကီလိုဂရမ် အပါအဝင် ကုန်ပစ္စည်းနှစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၀၀၀၀၀၀)ကိုလည်းကောင်း၊  ရေပူအမြဲတမ်းစစ်ဆေးရေးစခန်း၊  ပန်စုံကျေးရွာအနီး ရှောင်ကွင်းလမ်းတစ်နေရာ၌ စုပုံထားသော  အကောက်ခွန်မဲ့ပစ္စည်းများ ဖြစ်သည့် တရုတ်နိုင်ငံထုတ် Wifi Router အခု ၇၄၀ အပါအဝင် ကုန်ပစ္စည်း နှစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၃၅၀၀၀၀)  ကိုလည်းကောင်း၊ မရမ်း ချောင်အမြဲတမ်းစစ်ဆေးရေးစခန်း၌ မုပ္ပလင်-စွပ္ပနူး-အင်္ဂဘို ရှောင်ကွင်း လမ်းအနီး၌ ရပ်တန့်ထားသည့် လိုင်စင်မဲ့ Honda Fit မော်တော်ယာဉ် တစ်စီး(ခန့်မှန်းတန်ဖိုးငွေကျပ် ၆၀၀၀၀၀၀)နှင့် မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသည့်  မော်တော်ယာဉ်တစ်စီးပေါ်မှ သွင်းကုန်ကြေညာ လွှာတွင် ကြေညာထားသည်ထက်  ပိုမိုပါရှိလာသည့် PP Pellet Packing ၄၀၀၀ ကီလိုဂရမ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၆၂၀၀၀၀)၊ အဆိုပါပစ္စည်း များ တင်ဆောင်လာသည့် Faw Tractor Head  တစ်စီးနှင့် နောက်တွဲ ယာဉ် တစ်တွဲ (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၅၀၀၀၀၀၀) ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၁၆၅၈၇၄၅၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက် ရှိသည်။


ထို့ပြင်  အောက်တိုဘာ ၁၇ ရက်က     စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏     စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ  နန်းယွန်း မြို့နယ်အတွင်း၌   လိုင်စင်မဲ့ Canda 125 မော်တော်ဆိုင်ကယ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၀၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။


ထို့အတူ  အောက်တိုဘာ ၁၇ ရက်က  ဧရာဝတီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏    စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က  စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ပုသိမ်ခရိုင် ငပုတောမြို့နယ်နှင့် မြန်အောင်ခရိုင် ကြံခင်းမြို့နယ်တို့၌ တရားမဝင် ကျွန်းသစ်  ၇ ဒသမ ၅၄၅ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၉၇၉၈၃၂)ကို  ဖမ်းဆီးရမိခဲ့ပြီး  သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။


အောက်တိုဘာ ၁၈ ရက်က     ပဲခူးတိုင်းဒေသကြီး   တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏   စီမံခန့်ခွဲမှုဖြင့်   တာဝန်ကျ ပူးပေါင်းအဖွဲ့များက  စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ညောင်ခါးရှည် X-Ray စက် စစ်ဆေးရေးဂိတ်၌ ရေးမြို့မှ ရန်ကုန်မြို့သို့ သွားရောက်မည့် မော်တော်ယာဉ်တစ်စီးပေါ်မှ  တရားဝင်စာရွက်စာတမ်း အထောက် အထားတင်ပြနိုင်ခြင်းမရှိသည့်   M-150   အချိုရည်ပုလင်း   ၂၀၀၀ (ခန့်မှန်းတန်ဖိုးငွေကျပ်   ၄၈၀၀၀၀၀)  နှင့်    အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Yutong Bus တစ်စီး   (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅၀၀၀၀၀၀)ကို အကောက်ခွန်လုပ်ထုံးလုပ်နည်းများအရ လည်းကောင်း၊ ပဲခူးခရိုင်နှင့် တောင်ငူခရိုင်အတွင်း၌ တရားမဝင် ကျွန်းသစ် ၁၀ ဒသမ ၇၇၁၈ တန်နှင့် သစ်မာ  ၁ ဒသမ ၆၈၉  တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၇၉၄၉၂၈)  ကို    သစ်တောဥပဒေအရလည်းကောင်း   စုစုပေါင်း (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၇၅၉၄၉၂၈) ကို ဖမ်းဆီးအရေးယူဆောင်ရွက် လျက်ရှိသည်။


သို့ဖြစ်ပါ၍ အောက်တိုဘာ ၁၇ ရက်နှင့် ၁၈ ရက်တို့တွင် ဖမ်းဆီး ရမိမှု စုစုပေါင်းမှာ အမှုတွဲ ၁၅ မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅၉၄၆၂၂၁၀)ဖြစ်ကြောင်း  တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ မှ သိရသည်။                                          

သတင်းစဉ်