တရားမဝင် သစ်မျိုးစုံ၊ ကန့်သတ်ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

 

နေပြည်တော်   ဩဂုတ်   ၆


တရားမဝင်  ကုန်သွယ်မှုတိုက်ဖျက် ရေး      ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့်  တရားမဝင် ကုန်သွယ်မှုများကို  ဥပဒေနှင့်အညီ ထိရောက်စွာ  တားဆီးအရေးယူနိုင် ရေး       ဆောင်ရွက်လျက်ရှိရာ ဩဂုတ် ၄ ရက်တွင်   မွန်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက် ရေးအထူးအဖွဲ့၏   စီမံခန့်ခွဲမှုဖြင့် ပူးပေါင်းအဖွဲ့က    စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ   ဘီးလင်းမြို့နယ် ဒေါက်ရပ်ကျေးရွာ      ရွှေသံလွင် တိုးဂိတ်တွင်   မူးယစ်ဆေးဝါးချက် လုပ်ရာတွင်  အသုံးပြုသည့်  အမို နီယမ်နိုက်ထရိတ်   ၂၀၀၀  ကီလို ဂရမ်     (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၆၀၀၀၀၀) အား    ဖမ်းဆီးရမိခဲ့ ပြီး   မူးယစ်ဆေးဝါးနှင့်  စိတ်ကို ပြောင်းလဲစေသော   ဆေးဝါးများ ဆိုင်ရာ  ဥပဒေနှင့်အညီ  အရေးယူ ဆောင်ရွက်လျက် ရှိသည်။

 


အလားတူ    ဩဂုတ်   ၅  ရက် တွင်          ရန်ကုန်တိုင်းဒေသကြီး       တရားမဝင်ကုန်သွယ်မှု   တိုက် ဖျက်ရေးအထူးအဖွဲ့၏       စီမံ ခန့်ခွဲမှုဖြင့်      တိုင်းဒေသကြီး သစ်တောဦးစီးဌာန      ဦးဆောင် သော  ပူးပေါင်းအဖွဲ့က  စစ်ဆေးမှု များဆောင်ရွက်ခဲ့ရာ   ရန်ကုန် မြောက်ပိုင်းခရိုင်    တိုက်ကြီးမြို့ နယ်     ဥက္ကံတောင်း(၂)နယ်မြေ၊ ဥက္ကံကြိုးဝိုင်း၊    အကွက်အမှတ် (၅၀)၌  တရားမဝင်  မအူသစ်နှင့် မျောက်ငိုသစ် ၆ ဒသမ ၁၂၃၆ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၁၁၈၂၂)ကို   ဖမ်းဆီးရမိခဲ့ပြီး  သစ်တော ဥပဒေနှင့်အညီ       အရေးယူ ဆောင်ရွက်လျက် ရှိသည်။

 


ထို့အတူ   ပဲခူးတိုင်းဒေသကြီး တရားမဝင်    ကုန်သွယ်မှုတိုက် ဖျက်ရေးအထူးအဖွဲ့၏  စီမံခန့်ခွဲမှု ဖြင့် စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဩဂုတ် ၄ ရက်တွင်  ပူးပေါင်းအဖွဲ့ များက    ပဲခူးခရိုင်    ပြည်ခရိုင် နှင့်    သာယာဝတီခရိုင်များအတွင်း တရားမဝင် ကျွန်းသစ်၊  ပျဉ်းကတိုး သစ်၊   မျောက်ငိုသစ်နှင့်   တောင် ပိန်းသစ် ၁၇ ဒသမ ၈၂၈  တန် (ခန့်မှန်းတန်ဖိုး       ငွေကျပ် ၈၅၆၆၃၇၂)  ကို  သစ်တောဥပဒေ အရ လည်းကောင်း၊ ဩဂုတ် ၆ ရက်တွင်     မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဦးဆောင်သော    စစ်ဆေးရေး အဖွဲ့က ပေါင်းတလည်မြို့၊ ပြည်-ပေါက်ခေါင်းကားလမ်း၌ လိုင်စင်မဲ့ HONDA AIR WAVE အမျိုးအစား မော်တော်ယာဉ်တစ်စီး  (ခန့်မှန်း တန်ဖိုးငွေကျပ် ၂၅၀၀၀၀၀) ကို ပို့ကုန်သွင်းကုန်      ဥပဒေအရ လည်းကောင်း  စုစုပေါင်း(ခန့်မှန်း တန်ဖိုးငွေကျပ် ၁၁၀၆၆၃၇၂) ကို ဖမ်းဆီးအရေးယူ     ဆောင်ရွက် လျက်ရှိသည်။

 


ထို့အပြင် ဩဂုတ် ၆ ရက်တွင် မန္တလေးတိုင်းဒေသကြီး   တရား မဝင်   ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏      စီမံခန့်ခွဲမှုဖြင့် ပူးပေါင်းအဖွဲ့က   စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရန်ကုန်-မန္တလေး လမ်းဟောင်းထုံးဘို   လမ်းခွဲအနီး တွင်  သွင်းကုန်ကြေညာလွှာ  ID တွင်    ကြေညာထားခြင်းမရှိသော အကောက်ခွန်မဲ့     အနွေးထည် အင်္ကျီများနှင့်   ABC   တံဆိပ်ပါ ရေမွှေးဆပ်ပြာမှုန့်များ   (ခန့်မှန်း တန်ဖိုးငွေကျပ်  ၂၉၂၆၀၀၀၀) နှင့် အဆိုပါပစ္စည်းများ   တင်ဆောင် လာသော      နောက်တွဲယာဉ်ပါ Nissan Diesel Tractor Head   အမျိုးအစား      ကုန်တင်ယာဉ် တစ်စီး   (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၇၀၀၀၀၀၀) စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၅၆၂၆၀၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး    အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်   အရေးယူ ဆောင်ရွက်လျက်ရှိသည်။

 


သို့ဖြစ်ပါ၍  ဩဂုတ်၄ ရက်၊ ၅ ရက်နှင့် ၆  ရက်တို့တွင်   ဖမ်းဆီး ရမိမှု စုစုပေါင်းမှာ  အမှုတွဲ  ကိုးမှု၊ (ခန့်မှန်းတန်ဖိုး         ငွေကျပ် ၇၁၂၃၈၁၉၄) ဖြစ်ကြောင်း တရား မဝင်    ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ     သိရ သည်။ 


သတင်းစဉ်