တရားမဝင် သစ်မျိုးစုံ၊ စက်သုံးဆီ၊ စားသောက်ကုန်ပစ္စည်း၊ လူသုံးကုန်ပစ္စည်း၊ အီလက်ထရွန်နစ်ပစ္စည်း၊ ဆိုင်ကယ်အပိုပစ္စည်း၊ ရေယာဉ်နှင့် မော်တော်ယာဉ်များ သိမ်းဆည်းရမိ

 

နေပြည်တော်    ဇန်နဝါရီ    ၁၉
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှု များကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ  ဇန်နဝါရီ ၁၇ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် မြန်မာစက်မှုဆိပ်ကမ်းကုန်သေတ္တာ စစ်ဆေးရေးစခန်း၌ တာဝန်ကျ အကောက်ခွန်စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ကုန်သေတ္တာတစ်လုံးအတွင်းမှ သွင်းကုန် ကြေညာလွှာ (ID)တွင် ကြေညာထားခြင်းမရှိသည့် လျှပ်စစ်ပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၈၀၀၀၀၀) ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။ 
ထို့ပြင် တနင်္သာရီတိုင်းဒေသ ကြီး    တရားမဝင်    ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့  ဥက္ကဋ္ဌ ဦးဆောင်သော       ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များက ကော့သောင်း မြို့     ရွှေဝက်ဝံတံတား     အနီး ဆိပ်ကမ်းငယ်၌ ဆိုက်ကပ်ထား သည့် စက်သုံးဆီတင် သင်္ဘောငယ် တစ်စင်းအား စစ်ဆေးမှုများ ဆောင် ရွက်ခဲ့ရာ တရားဝင်တင်သွင်းခွင့် အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့်  စက်သုံးဆီ  ၁၇၇၇၇ ဂါလန်   (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၉၅၀၆၇၉၅)   နှင့်     အဆိုပါ စက်သုံးဆီများ တင်ဆောင်လာ သည့် ရေယာဉ် တစ်စင်း (ခန့်မှန်း တန်ဖိုးငွေကျပ် ၈၀၀၀၀၀၀၀)ကို အကောက်ခွန် လုပ်ထုံးလုပ်နည်း အရလည်းကောင်း။    
ဖမ်းဆီးအရေးယူ
ယာဉ်ထိန်းရဲတပ်ဖွဲ့ ဦးဆောင် သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့ က      ထားဝယ်မြို့နယ်အတွင်း၌ လိုင်စင်မဲ့   Mitsubishi    Pajero  အမျိုးအစား      မော်တော်ယာဉ်   တစ်စီးနှင့်  Toyota Vellfire အမျိုး အစား မော်တော်ယာဉ်  တစ်စီး     (ခန့်မှန်းတန်ဖိုး          ငွေကျပ် ၁၂၅၀၀၀၀၀) ကို ပို့ကုန် သွင်းကုန် ဥပဒေအရလည်းကောင်း  စုစုပေါင်း ခန့်မှန်းတန်ဖိုး          ငွေကျပ်     ၂၀၂၀၀၆၇၉၅  ကို ဖမ်းဆီးအရေး ယူ ဆောင်ရွက်လျက်ရှိသည်။ 
စစ်ဆေးမှုများဆောင်ရွက်
အလားတူ    မန္တလေးတိုင်း ဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏  စီမံ ခန့်ခွဲမှုဖြင့် (၁၆) မိုင် ကျောက်ချော စစ်ဆေးရေးစခန်း၌      တာဝန်ကျ ပူပေါင်း         စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ    ဆောင်ရွက်ခဲ့ရာ မူဆယ်မြို့မှ မန္တလေးမြို့သို့ မောင်း နှင်လာသော    မော်တော်ယာဉ် တစ်စီးပေါ်၌ တရားဝင်တင်သွင်း ခွင့်   အထောက်အထား   တင်ပြ နိုင်ခြင်းမရှိသည့် လျှပ်စစ်ပစ္စည်း များ၊        လူသုံးကုန်ပစ္စည်းများ၊          စား သောက်ကုန်           ပစ္စည်းများနှင့် ဆိုင်ကယ်အပိုပစ္စည်းများ (ခန့်မှန်း တန်ဖိုးငွေကျပ်    ၁၇၂၇၀၀၀၀) နှင့်     အဆိုပါ     ကုန်ပစ္စည်းများ  တင်ဆောင်လာသည့် Mitsubishi Fuso    အမျိုးအစား   မော်တော် ယာဉ်တစ်စီး      (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၃၀၀၀၀၀၀) စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၂၇၀၀၀၀ ကို   ဖမ်းဆီးရမိခဲ့ပြီး    အကောက် ခွန်   လုပ်ထုံးလုပ်နည်းနှင့်အညီ  အရေးယူ       ဆောင်ရွက်လျက် ရှိသည်။
ဥပဒေနှင့်အညီအရေးယူ
ယင်းအပြင်     ဧရာဝတီတိုင်း ဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး     အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့်   ပူးပေါင်းစစ်ဆေး ရေးအဖွဲ့က စစ်ဆေးမှုများ ဆောင် ရွက်ခဲ့ရာ   ပုသိမ်ခရိုင်   ပုသိမ်မြို့ နယ်အတွင်း၌ တရားမဝင်သစ်မျိုးစုံ  ၅၂  ဒသမ  ၃၂၀၀  တန် (ခန့်မှန်း တန်ဖိုးငွေကျပ်  ၃၆၆၂၄၀၀)  ကို  ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေ နှင့်အညီ   အရေးယူဆောင်ရွက် လျက်ရှိသည်။ 
ထို့အတူ ဇန်နဝါရီ ၁၈ ရက် တွင် ပဲခူးတိုင်းဒေသကြီး တရား မဝင်ကုန်သွယ်မှု     တိုက်ဖျက်ရေး အထူးအဖွဲ့၏     စီမံခန့်ခွဲမှုဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့   ဦးဆောင် သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့  က  စစ်ဆေးမှုများ  ဆောင်ရွက် ခဲ့ရာ  လက်ပံတန်းမြို့နယ်အတွင်း ၌   လိုင်စင်မဲ့   TE  အမျိုးအစား ခြောက်ဘီး      မော်တော်ယာဉ် တစ်စီး   (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၅၀၀၀၀၀)  ကို  ဖမ်းဆီးရမိခဲ့ပြီး  ပို့ကုန်သွင်းကုန်    ဥပဒေနှင့်အညီ အရေးယူ      ဆောင်ရွက်လျက် ရှိသည်။
အမှုတွဲ ၁၁ မှု ဖမ်းဆီးရမိ 
သို့ဖြစ်ပါ၍ ဇန်နဝါရီ ၁၇ ရက် နှင့် ၁၈ ရက်တို့တွင် ဖမ်းဆီးရမိမှု  စုစုပေါင်းမှာ အမှုတွဲ ၁၁ မှု  (ခန့်မှန်း တန်ဖိုးငွေကျပ်   ၂၅၄၂၃၉၁၉၅) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ် မှု    တိုက်ဖျက်ရေး     ဦးဆောင် ကော်မတီမှ သိရသည်။ 
သတင်းစဉ်