တရားမဝင် သစ်မျိုးစုံ၊ ဆေးဝါးများ၊ စားသောက်ကုန်ပစ္စည်း၊ လူသုံးကုန်ပစ္စည်း၊ သန့်စင်ခန်းသုံးပစ္စည်း၊ ဆိုင်ကယ်အပိုပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

 

နေပြည်တော်  အောက်တိုဘာ ၁၉


တရားမဝင် ကုန်သွယ်မှုတိုက်ဖျက် ရေး         ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို  ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင် ရေး           ဆောင်ရွက်လျက်ရှိရာ အောက်တိုဘာ   ၁၇    ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး    တရား မဝင်    ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏      စီမံခန့်ခွဲမှုဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့    ဦးဆောင် သော  ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ   ဆောင်ရွက်ခဲ့ရာ စစ်ကိုင်းမြို့နယ်  အုန်းတောကျေးရွာ လမ်းဆုံတွင်        ခရီးသည်တင် မော်တော်ယာဉ်         တစ်စီးပေါ်၌ တရားဝင်         စာရွက်စာတမ်း  အထောက်အထား   တင်ပြနိုင်ခြင်း မရှိသည့်      ဆိုင်ကယ်အပိုပစ္စည်း များ၊               အိန္ဒိယနိုင်ငံထုတ် စားသောက်ကုန်ပစ္စည်း၊    လူသုံး ကုန်ပစ္စည်းနှင့်         ဆေးဝါးများ (ခန့်မှန်း         တန်ဖိုးငွေကျပ် ၇၀၇၀၄၉၀၀)   နှင့်        အဆိုပါ ပစ္စည်းများ တင်ဆောင်လာသည့် YUTON အမျိုးအစား မော်တော် ယာဉ်တစ်စီး   (ခန့်မှန်း  တန်ဖိုး ငွေကျပ် ၃၅၀၀၀၀၀၀)  စုစုပေါင်း (ခန့်မှန်း         တန်ဖိုးငွေကျပ် ၁၀၅၇၀၄၉၀၀)ကို  ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်     ဥပဒေနှင့်အညီ အရေးယူ         ဆောင်ရွက်လျက်ရှိ သည်။ 

 


ယင်းအပြင်    ရန်ကုန်တိုင်း ဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး     အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့်    စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ    လှည်းကူးခရိုင် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက် ရေး  အထူးအဖွဲ့  ဦးဆောင်သော ပူးပေါင်းအဖွဲ့က လှည်းကူးမြို့နယ် ရန်ကုန်-မန္တလေး အမြန်လမ်းဆုံ အနီးတွင်    Nissan Murano အမျိုးအစား လိုင်စင်မဲ့ မော်တော် ယာဉ်တစ်စီး   (ခန့်မှန်းတန်ဖိုး ငွေကျပ် ၅၀၀၀၀၀၀)ကို ပို့ကုန် သွင်းကုန်  ဥပဒေအရ     လည်း ကောင်း၊      သစ်တောဦးစီးဌာန ဦးဆောင်သော  စစ်ဆေးရေးအဖွဲ့ က လှည်းကူးမြို့နယ်  စံပြကျေးရွာ အရှေ့ဘက်    တစ်မိုင်ခန့်အကွာ လယ်ကွင်းစပ်တွင်     တရားမဝင် ကျွန်းသစ်လုံး    ၁ ဒသမ ၁၂၇၄ တန်       (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၂၀၀၀) ကို  သစ်တောဥပဒေအရ လည်းကောင်း စုစုပေါင်း (ခန့်မှန်း တန်ဖိုး ငွေကျပ် ၅၀၅၂၀၀၀)  ကို ဖမ်းဆီးအရေးယူ        ဆောင်ရွက် လျက်ရှိသည်။

 


ထို့ပြင်  မကွေးတိုင်းဒေသကြီး တရားမဝင်  ကုန်သွယ်မှုတိုက်ဖျက် ရေးအထူးအဖွဲ့၏   စီမံခန့်ခွဲမှုဖြင့် ပူးပေါင်း   စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ   ဆောင်ရွက်ခဲ့ရာ သရက်မြို့နယ်      ပိတောက်ပင် ကျေးရွာအုပ်စု         မြောက်ဘက် ကြီးတိုင်း - ညောင်ဇစ်ကျေးရွာသွား ကားလမ်းအနီးတွင်    တရားမဝင် ကျွန်းခွဲသားဆိုဒ်စုံ     ၁ ဒသမ ၅၈၀၆   တန်    (ခန့်မှန်းတန်ဖိုး ငွေကျပ် ၉၉၅၆၇၆)ကို ဖမ်းဆီး ရမိခဲ့ပြီး     သစ်တောဥပဒေနှင့် အညီ     အရေးယူ     ဆောင်ရွက် လျက်ရှိသည်။ 

 


အလားတူ    ဧရာဝတီတိုင်း ဒေသကြီး တရားမဝင်ကုန်သွယ်မှု  တိုက်ဖျက်ရေးအထူးအဖွဲ့၏   စီမံ ခန့်ခွဲမှုဖြင့် ပူးပေါင်းစစ်ဆေးရေး အဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက် ခဲ့ရာ   ပုသိမ်ခရိုင် ပုသိမ်မြို့နယ် အတွင်း တရားမဝင်  တောင်သရက် ခွဲသား   ၇ ဒသမ ၅၇၀၀   တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၂၉၉၀၀)ကို သစ်တောဥပဒေအရ   လည်း ကောင်း၊     ဖျာပုံမြို့နယ်အတွင်း Toyota Succeed အမျိုးအစား လိုင်စင်မဲ့   မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၀၀၀၀၀) ကို  ပို့ကုန်သွင်းကုန် ဥပဒေအရ လည်းကောင်း စုစုပေါင်း  (ခန့်မှန်း တန်ဖိုးငွေကျပ် ၃၅၂၉၉၀၀)ကို ဖမ်းဆီးအရေးယူ      ဆောင်ရွက် လျက်ရှိသည်။

 


ယင်းအပြင်    အကောက်ခွန် ဦးစီးဌာန၏         စီမံခန့်ခွဲမှုဖြင့် ရှမ်းပြည်နယ်     ရေပူအမြဲတမ်း စစ်ဆေးရေးစခန်း၌   တာဝန်ကျ ပူးပေါင်းအဖွဲ့က    စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ    မူဆယ်မြို့မှ မန္တလေးမြို့သို့    သွားရောက်မည့် မော်တော်ယာဉ်        တစ်စီးပေါ်၌ တရားဝင်         စာရွက်စာတမ်း အထောက်အထား  တင်ပြနိုင်ခြင်း မရှိသည့်          အလှကုန်ပစ္စည်း၊ စားသောက်ကုန်ပစ္စည်းနှင့် အခြား လူသုံးကုန်ပစ္စည်းမျိုးစုံ  (ခန့်မှန်း တန်ဖိုး ငွေကျပ် ၇၆၄၅၀၀၀) နှင့် အဆိုပါပစ္စည်းများ   တင်ဆောင် လာသည့်    JIN BEI Mini Bus အမျိုးအစား  မော်တော်ယာဉ်တစ်စီး (ခန့်မှန်း         တန်ဖိုးငွေကျပ် ၁၈၀၀၀၀၀၀) စုစုပေါင်း (ခန့်မှန်း တန်ဖိုးငွေကျပ် ၂၅၆၄၅၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး    အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။ 

 


ထပ်မံ၍  အောက်တိုဘာ ၁၈ ရက်တွင်  အကောက်ခွန်ဦးစီးဌာန ၏   စီမံခန့်ခွဲမှုဖြင့်  မွန်ပြည်နယ် မရမ်းချောင်       အမြဲတမ်းစစ်ဆေး ရေးစခန်း၌ တာဝန်ကျ   ပူးပေါင်း အဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက် ခဲ့ရာ    မြဝတီမြို့မှ  ရန်ကုန်မြို့သို့ သွားရောက်မည့် မော်တော်ယာဉ် တစ်စီးပေါ်၌ သွင်းကုန်ကြေညာလွှာ (ID)တွင် ကြေညာထားခြင်း   မရှိ သည့်   လျှပ်စစ်ဒယ်အိုး  ၂၃၂ လုံး (ခန့်မှန်း       တန်ဖိုးငွေကျပ် ၁၈၈၈၀၆၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Hino Profia အမျိုးအစား မော်တော်ယာဉ်တစ်စီး (ခန့်မှန်း           တန်ဖိုးငွေကျပ် ၄၀၀၀၀၀၀၀) စုစုပေါင်း  (ခန့်မှန်း တန်ဖိုးငွေကျပ် ၄၁၈၈၈၀၆၀) ကို ဖမ်းဆီးရမိခဲ့ပြီး    အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။ 

 


ထို့အတူ  အောက်တိုဘာ ၁၉ ရက်တွင်        ကရင်ပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက် ရေးအထူးအဖွဲ့၏    စီမံခန့်ခွဲမှုဖြင့် ကော့ကရိတ်       (တံတားကျိုး)စုပေါင်း       စစ်ဆေးရေးစခန်း၌ တာဝန်ကျ           ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ    ဆောင်ရွက်ခဲ့ရာ မြဝတီမြို့မှ  ရန်ကုန်မြို့သို့  ထွက် ခွာလာသော      မော်တော်ယာဉ် တစ်စီးပေါ်၌  တရားဝင် စာရွက် စာတမ်း           အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့်    သန့်စင် ခန်းသုံးပစ္စည်းများ         (ခန့်မှန်း           တန်ဖိုးငွေကျပ် ၁၅၀၀၀၀၀)    ကို ဖမ်းဆီးရမိခဲ့ပြီး        အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

 


ယင်းအပြင် ပဲခူးတိုင်းဒေသ ကြီး  တရားမဝင်    ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏    စီမံ ခန့်ခွဲမှုဖြင့်         တိုင်းဒေသကြီး သစ်တောဦးစီးဌာန    ဦးဆောင် သော  ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ    ဆောင်ရွက်ခဲ့ရာ တောင်ငူခရိုင်၊       ပြည်ခရိုင်နှင့် သာယာဝတီခရိုင်      များအတွင်း တရားမဝင် သစ်မျိုးစုံ ၂၃ ဒသမ ၄၃၉၀ တန်         (ခန့်မှန်းတန်ဖိုး ငွေကျပ် ၇၄၈၇၃၁၀)   ကို  ဖမ်းဆီး ရမိခဲ့ပြီး  သစ်တောဥပဒေနှင့်အညီ အရေးယူ     ဆောင်ရွက်လျက်ရှိ  သည်။

 


သို့ဖြစ်ပါ၍     အောက်တိုဘာ  ၁၇ ရက်၊  ၁၈  ရက်နှင့် ၁၉ ရက် တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ  ၁၅    မှု၊     (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၉၁၈၀၂၈၄၆)    ဖြစ် ကြောင်း  တရားမဝင်  ကုန်သွယ်မှု တိုက်ဖျက်ရေး        ဦးဆောင် ကော်မတီမှ သိရသည်။ 


သတင်းစဉ်