တရားမဝင် သစ်မျိုးစုံ၊ စားသုံးဆီ၊ လူသုံးကုန်ပစ္စည်း၊ လုပ်ငန်းသုံးပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

 

နေပြည်တော်   အောက်တိုဘာ   ၁၅


တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး     ဦးဆောင် ကော်မတီ၏    ကြီးကြပ်ကွပ်ကဲမှုဖြင့်  တရားမဝင် ကုန်သွယ်မှုများကို   ဥပဒေနှင့်အညီ   ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး      ဆောင်ရွက်လျက်ရှိရာ အောက်တိုဘာ ၁၃ ရက်တွင်  ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး    အထူးအဖွဲ့ အတွင်းရေးမှူး ဦးဆောင်သော ပူးပေါင်းစစ်ဆေးရေး အဖွဲ့က  သတင်းအရစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ လှိုင်သာယာစက်မှုဇုန်(၃)ရှိ  ဂိုဒေါင်တစ်လုံးအတွင်း၌ စာရွက်စာတမ်း  အထောက်အထား   တင်ပြနိုင်ခြင်းမရှိ သော စားသုံးဆီများ  ၃၃ ဒသမ ၁၄၉ တန် (ခန့်မှန်း တန်ဖိုးငွေကျပ် ၆၂၉၃၀၀၀၀) ကို   သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ     အရေးယူ ဆောင်ရွက်လျက်ရှိသည်။

 


အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ
အရေးယူဆောင်ရွက် 


အလားတူ    အောက်တိုဘာ   ၁၄   ရက်တွင် အကောက်ခွန်ဦးစီးဌာန၏    စီမံခန့်ခွဲမှုဖြင့်   မြန်မာ စက်မှုဆိပ်ကမ်းကုန်သေတ္တာ      စစ်ဆေးရေးစခန်း၌ တာဝန်ကျအကောက်ခွန်အဖွဲ့က     စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ       ကုန်သေတ္တာတစ်လုံးအတွင်း၌ သွင်းကုန်ကြေညာလွှာ(ID)တွင်  ကြေညာထားသည် ထက်  ပိုမိုပါရှိလာသော Clear Float Glass များ (ခန့်မှန်းတန်ဖိုးငွေကျပ်  ၆၆၅၂၉၂၄)ကို   သိမ်းဆည်း ရမိခဲ့ပြီး  အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 


ထို့အတူ ကရင်ပြည်နယ် တရားမဝင်ကုန်သွယ် မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏     စီမံခန့်ခွဲမှုဖြင့် မြဝတီ(OSS)ကုန်သွယ်ရေးဇုန်၌  တာဝန်ကျပူးပေါင်း အဖွဲ့က  စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ  မော်တော် ယာဉ်တစ်စီးပေါ်မှ    သွင်းကုန်ကြေညာလွှာ(ID)တွင် ကြေညာထားသည်ထက်  ပိုမိုပါရှိလာသော Galva Nized Steel Pipe များ ၄၀၀၀ ကီလိုဂရမ်(ခန့်မှန်း တန်ဖိုးငွေကျပ် ၇၁၄၀၀၀၀)ကို   သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ    အရေးယူ ဆောင်ရွက်လျက်ရှိသည်။

 


ထို့ပြင် အောက်တိုဘာ ၁၅ ရက်တွင်  စစ်ကိုင်းတိုင်း ဒေသကြီး     တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့်  စစ်ဆေးမှုများဆောင်ရွက် ခဲ့ရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့က  ရွှေဘိုမြို့နယ်အတွင်း၌ လိုင်စင်မဲ့ Anbo အမျိုးအစား  လိုင်စင်မဲ့မော်တော် ဆိုင်ကယ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ်  ၂၅၀၀၀၀)ကို    ပို့ကုန်သွင်းကုန်ဥပဒေအရ   လည်းကောင်း၊ ပူးပေါင်းစစ်ဆေးရေးအဖွဲ့က  မုံရွာမြို့ ကျွဲရဲပူးပေါင်း စစ်ဆေးရေးဂိတ်၌ အကောက်ခွန်မဲ့ BENSON တံဆိပ် စီးကရက်   ဂျပ်ဖာ   ၅၀    (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၀၀၀၀၀၀၀)နှင့်  အဆိုပါပစ္စည်းများ တင်ဆောင်လာ သော  Nissan  အမျိုးအစား  မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၈၀၀၀၀၀၀)ကို  အကောက် ခွန် လုပ်ထုံးလုပ်နည်းအရ လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ်   ၇၈၂၅၀၀၀၀)ကို  ဖမ်းဆီး အရေးယူဆောင်ရွက်လျက်ရှိသည်။

 


သစ်တောဥပဒေနှင့်အညီ 
အရေးယူဆောင်ရွက်


ထို့ပြင်    ပဲခူးတိုင်းဒေသကြီး    တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏  စီမံခန့်ခွဲမှု ဖြင့်  တိုင်းဒေသကြီး   သစ်တောဦးစီးဌာနဦးဆောင် သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ  တောင်ငူခရိုင်၊  ညောင်လေးပင်ခရိုင် နှင့်    သာယာဝတီခရိုင်များအတွင်း  တရားမဝင် သစ်မျိုးစုံ ၃၉ ဒသမ ၉၉၄၂ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၁၃၆၀၅၄)ကို   ဖမ်းဆီးရမိခဲ့ပြီး   သစ်တောဥပဒေ နှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 


သို့ဖြစ်ပါ၍  အောက်တိုဘာလ   ၁၃  ရက်၊  ၁၄ ရက်နှင့် ၁၅ ရက်တို့တွင်  ဖမ်းဆီးရမိမှုစုစုပေါင်းမှာ အမှုတွဲ ကိုးမှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၇၀၁၀၈၉၇၈) ဖြစ်ကြောင်း   တရားမဝင်   ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။  

သတင်းစဉ်