
နေပြည်တော် အောက်တိုဘာ ၂၀
တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင် ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ အောက်တိုဘာ ၁၈ ရက်တွင် တနင်္သာရီတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ကော့သောင်းမြို့နယ် အကောက်ခွန် ဦးစီးဌာနဝန်ထမ်းများနှင့် တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့က ကော့သောင်းမြို့ သီရိမြိုင်ရပ်ကွက် ကားကြီးဝင်း အတွင်း ရှောင်တခင်စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ခရီးသည်တင်ယာဉ်တစ်စီးပေါ်၌ တရားဝင် စာရွက် စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင် ခြင်းမရှိသည့် ထိုင်းနိုင်ငံထုတ် စားသုံးဆီ ၁၈၂ ဖာ အပါအဝင် စားသောက်ကုန်ပစ္စည်းမျိုးစုံ (ခန့်မှန်း တန်ဖိုးငွေကျပ် ၂၄၅၃၂၀၀၀)၊ မော်တော်ဆိုင်ကယ် ၁၂ စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၂၇၂၀၀၀၀) နှင့် အဆိုပါ အကောက်ခွန်မဲ့ပစ္စည်းများ တင်ဆောင်လာသည့် မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၀၀၀၀၀၀၀) စုစုပေါင်း ခန့်မှန်း တန်ဖိုးငွေကျပ် ၁၀၇၂၅၂၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။
အလားတူ စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှု ဖြင့် စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဦးဆောင်သော ပူးပေါင်းအဖွဲ့က စစ်ကိုင်းမြို့ တကောင်းရပ်ကွက် ရတနာပုံတံတားအနီးတွင် Toyota Crown အမျိုးအစား လိုင်စင်မဲ့မော်တော် ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၀၀၀၀၀)ကို ပို့ကုန်သွင်းကုန်ဥပဒေအရ လည်းကောင်း၊ သစ်တောဦးစီးဌာနဦးဆောင်သော ပူးပေါင်းအဖွဲ့က ကသာ-အင်းတော်သွားလမ်း မိုင်တိုင်အမှတ်(၃/၂)မြို့ဝင်မုခ်ဦးအနီးတွင် တရားမဝင် သစ်မျိုးစုံ ၂ ဒသမ ၁၀၂၈ တန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၃၈၇၈၄၈)ကို သစ်တောဥပဒေအရ လည်းကောင်း စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၄၃၈၇၈၄၈ ကို ဖမ်းဆီး အရေးယူဆောင်ရွက်လျက်ရှိသည်။
ယင်းအပြင် ပဲခူးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှု ဖြင့် စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ အောက်တိုဘာ ၁၈ ရက်တွင် ပဲခူးမြို့နယ် အကောက်ခွန်ဦးစီးဌာန ဦးဆောင်သော စစ်ဆေးရေးအဖွဲ့က မြဝတီမြို့မှ ရန်ကုန်မြို့သို့ သွားရောက်မည့် မော်တော်ယာဉ် တစ်စီးပေါ်၌ စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသော အားကစားပစ္စည်းများ၊ Cable ကြိုးခွေများ၊ ချည်အရုပ်များ၊ မော်တော်ကား အပိုပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၉၈၇၆၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Isuzu အမျိုးအစား မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၅၀၀၀၀၀၀၀) ကို အကောက်ခွန်လုပ်ထုံး လုပ်နည်းအရ လည်းကောင်း၊ အောက်တိုဘာ ၂၀ ရက်တွင် တိုင်းဒေသကြီး သစ်တောဦးစီးဌာန ဦးဆောင်သော ပူးပေါင်းအဖွဲ့က တောင်ငူခရိုင် အုတ်တွင်းမြို့နယ် ခပေါင်းကြိုးဝိုင်းအတွင်း တရား မဝင် ကျွန်းသစ် ၁၁ ဒသမ ၉၇၃၈ တန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၅၀၀၈၆၀၈) ကို သစ်တောဥပဒေအရ လည်းကောင်း စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၇၅၉၉၆၂၀၈ ကို ဖမ်းဆီးအရေးယူ ဆောင်ရွက် လျက်ရှိသည်။
ထို့အတူ အောက်တိုဘာ ၁၉ ရက်တွင် အကောက် ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် ရန်ကုန်တိုင်းဒေသ ကြီးရှိ အေးရှားဝေါလ်ကုန်သေတ္တာ စစ်ဆေးရေးစခန်း ၌ တာဝန်ကျ အကောက်ခွန်အဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ကုန်သေတ္တာသုံးလုံးအတွင်းမှ သွင်းကုန်ကြေညာလွှာ (ID) တွင် ကြေညာထား သည်နှင့် ကိုက်ညီမှုမရှိသည့် Waving Machine ၊ Edge Film Tape နှင့် ကွန်ပျူတာဆက်စပ်ပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၉၆၉၇၅၀၀) ကို သိမ်း ဆည်းရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်း နှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
၎င်းအပြင် နေပြည်တော်ကောင်စီနယ်မြေ တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် လယ်ဝေးမြို့နယ် သစ်တောဦးစီးဌာန ဦးဆောင်သော ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ လယ်ဝေးမြို့နယ်အတွင်း တရား မဝင် ကျွန်းသစ် ၃ ဒသမ ၀၈၈၀ တန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၈၈၁၅၈၀) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တော ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ပါ၍ အောက်တိုဘာ ၁၈ ရက်၊ ၁၉ ရက် နှင့် ၂၀ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ၂၁ မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၆၈၂၁၅၁၃၆ ) ဖြစ် ကြောင်း တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။
သတင်းစဉ်