တရားမဝင် သစ်မျိုးစုံ၊ စားသောက်ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ မော်တော်ယာဉ်အပိုပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

 

နေပြည်တော်   ဖေဖော်ဝါရီ   ၂၄


တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ် ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက် စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီ ၂၁ ရက်တွင် တနင်္သာရီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက် ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဦးဆောင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ထားဝယ် မြို့ အိမ်ရှေ့ပြင်ရပ်ကွက်၌ သုံးဘီးဆိုင်ကယ် နှစ်စီးပေါ်တွင် တရားဝင် စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့်  ထိုင်းနိုင်ငံ ထုတ် Krong Thip - 90 စာတန်းပါ စီးကရက်ဖာ ၉၀ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၆၀၀၀၀၀၀)ကိုလည်းကောင်း၊ ထားဝယ်မြို့ ကရပ်ပြင်ရပ်ကွက် ၌ နေအိမ်ဂိုဒေါင် တစ်လုံးအတွင်းမှ တရားဝင်စာရွက်စာတမ်း အထောက် အထား တင်ပြနိုင်ခြင်းမရှိသည့်  ထိုင်းနိုင်ငံထုတ်  Krong Thip - 90 စာတန်းပါ စီးကရက်ဖာ ၂၀၀ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၈၀၀၀၀၀၀၀) ကိုလည်းကောင်း၊   ကရပ်ပြင်တောင်ရပ်ကွက်အတွင်းရှိ ကုန်စုံဆိုင် တစ်ဆိုင်၌ တရားဝင် စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်း မရှိသည့် စီးကရက်မျိုးစုံဖာ ၈၀ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၈၆၈၀၀၀၀) ကိုလည်းကောင်း၊ စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၁၄၄၆၈၀၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။ 

 


ထို့ပြင် ဖေဖော်ဝါရီ ၂၂ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ပူးပေါင်းစစ်ဆေး ရေးအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ကန့်ဘလူမြို့နယ်အတွင်း တရားမဝင် အင်သစ်ခွဲသား ၃ ဒသမ ၀၂၂၂ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃၃၅၀၀၀)ကို သစ်တောဥပဒေအရလည်းကောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဦးဆောင်သော စစ်ဆေးရေးအဖွဲ့က မုံရွာမြို့နယ် ရတနာပုံရပ်ကွက် အတွင်း Toyota Hilux အမျိုးအစား လိုင်စင်မဲ့မော်တော်ယာဉ် တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၀၀၀၀၀)ကို ပို့ကုန်သွင်းကုန်ဥပဒေအရ လည်းကောင်း၊ စုစုပေါင်း  ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၃၃၅၀၀၀ ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။

 


ယင်းအပြင် ဖေဖော်ဝါရီ ၂၃ ရက်တွင် မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏    စီမံခန့်ခွဲမှုဖြင့် ၁၆ မိုင် ကျောက်ချောစစ်ဆေးရေးစခန်း၌  တာဝန်ကျ ပူးပေါင်းစစ်ဆေး ရေးအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မန္တလေးမြို့မှ လားရှိုးမြို့သို့ သွားရောက်မည့် မော်တော်ယာဉ် နှစ်စီးပေါ်မှ တရားမဝင်ကျွန်းခွဲသား ဆိုဒ်စုံ ၈ ဒသမ ၀၇၆၀ တန်(ခန့်မှန်းတန်ဖိုးငွေကျပ် ၈၈၈၃၆၀၀)နှင့် အဆိုပါသစ်များ တင်ဆောင်လာသည့် မော်တော်ယာဉ် နှစ်စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၃၅၀၀၀၀၀၀)၊ စုစုပေါင်း  ခန့်မှန်းတန်ဖိုး ငွေကျပ် ၄၃၈၈၃၆၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့် အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 


အလားတူ ကရင်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့က မြဝတီမြို့ အမှတ်(၁)ရပ်ကွက် နှင်းဆီလမ်းအနီးတွင် ရှောင်တခင်စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မော်တော်ယာဉ် တစ်စီးပေါ်မှ  တရားဝင်စာရွက်စာတမ်း အထောက်အထားတစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့်  ပန်းကန်ဆေး ဆပ်ပြာရည် ဖာ ၂၀၀   (ခန့်မှန်းတန်ဖိုး  ငွေကျပ် ၃၆၀၀၀၀၀)၊ ပုစွန် နှစ်ကောင်တံဆိပ် စားသုံးဆီ လီတာ ၁၂၀၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၃၆၀၀၀၀)နှင့် အဆိုပါကုန်ပစ္စည်းများ တင်ဆောင်လာသည့် Hino Truck အမျိုးအစား မော်တော်ယာဉ် တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၂၀၀၀၀၀၀)၊ စုစုပေါင်း  ခန့်မှန်းတန်ဖိုးငွေကျပ်  ၁၈၉၆၀၀၀၀  ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

 


ထို့အတူ အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် မွန်ပြည်နယ် မရမ်းချောင်အမြဲတမ်း စစ်ဆေးရေးစခန်း၌ တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြဝတီမြို့မှ ရန်ကုန်မြို့သို့ ထွက်ခွာလာ သည့် မော်တော်ယာဉ်တစ်စီးပေါ်မှ သွင်းကုန်ကြေညာလွှာ (ID)တွင် ကြေညာထားခြင်းမရှိသည့်  မော်တော်ကားတာယာ ၁၁၀  (ခန့်မှန်း တန်ဖိုးငွေကျပ် ၄၉၅၀၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် မော်တော်ယာဉ် တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ်  ၂၅၀၀၀၀၀၀) ကို လည်းကောင်း၊   ကျိုက်ထိုမြို့မှ   ရန်ကုန်မြို့သို့  ထွက်ခွာလာသည့် မော်တော်ယာဉ် တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက် အထားတင်ပြနိုင်ခြင်းမရှိသည့်  စားသောက်ကုန်ပစ္စည်းနှင့် လူသုံးကုန် ပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၆၁၀၀၀၀)နှင့် အဆိုပါကုန်ပစ္စည်း များ တင်ဆောင်လာသည့် မော်တော်ယာဉ် တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၀၀၀၀၀၀၀)၊ စုစုပေါင်း  ခန့်မှန်းတန်ဖိုးငွေကျပ် ၆၂၅၆၀၀၀၀  ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ပါ၍ ဖေဖော်ဝါရီ ၂၁  ရက်၊  ၂၂  ရက်နှင့် ၂၃ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ၁၉ မှု  (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၇၃၄၁၈၆၀၀) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။


သတင်းစဉ်