
နေပြည်တော် ဇန်နဝါရီ ၅
တရားမဝင် ကုန်သွယ်မှုတိုက်ဖျက် ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူ နိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ ၂ ရက်တွင် ရန်ကုန်တိုင်း ဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံ ခန့်ခွဲမှုဖြင့် သစ်တောဦးစီးဌာန ဦးဆောင်သော ပူးပေါင်းစစ်ဆေး ရေးအဖွဲ့က စစ်ဆေးမှုများ ဆောင် ရွက်ခဲ့ရာ လှည်းကူးမြို့နယ် လှည်းကူး - ဆားတလင်း လမ်းမ ကြီး၊ မိုင်တိုင်အမှတ် (၀/၆) နှင့် (၀/၇) အကြားတွင် မော်တော် ယာဉ်တစ်စီးပေါ်၌ တရားမဝင် ပျဉ်းကတိုးခွဲသား ၅ ဒသမ ၁၁၂၀ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅၅၆၀၀၀) နှင့် အဆိုပါ သစ်များ တင်ဆောင်လာသည့် မော်တော် ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၂၀၀၀၀၀၀) စုစုပေါင်း ခန့်မှန်း တန်ဖိုးငွေကျပ် ၁၄၅၅၆၀၀၀ ကို ဖမ်းဆီးရမိ ခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိ သည်။
ထို့ပြင် ဇန်နဝါရီ ၃ ရက်တွင် ရခိုင်ပြည်နယ် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူး အဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဦးဆောင်သော စစ်ဆေး ရေးအဖွဲ့က စစ်ဆေးမှုများ ဆောင် ရွက်ခဲ့ရာ မောင်တောမြို့နယ် အတွင်း ကြိမ်ချောင်းကျေးရွာ ဘက်မှ ရန်အောင်မြင်ကျေးရွာ ဘက်သို့ မောင်းနှင်လာသော မော်တော်ယာဉ် လေးစီးပေါ်၌ တရားဝင် စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် နိုင်ငံခြား စီးကရက် ၄၄၂၈ တောင့် (ခန့်မှန်း တန်ဖိုးငွေကျပ် ၂၂၁၄၀၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
ထို့အတူ ဧရာဝတီတိုင်းဒေသ ကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် သစ်တောဦးစီးဌာန ဦးဆောင်သော ပူးပေါင်းစစ်ဆေး ရေးအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ကြံခင်းမြို့နယ် နှင့် ညောင်တုန်းမြို့နယ်တို့အတွင်း တရားမဝင် သစ်မျိုးစုံ ၉ ဒသမ ၈၃၆၈ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၇၃၉၇၄) ကို ဖမ်းဆီးရမိ ခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိ သည်။
အလားတူ ဇန်နဝါရီ ၄ ရက် တွင် မကွေးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံ ခန့်ခွဲမှုဖြင့် ပူးပေါင်းစစ်ဆေးရေး အဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက် ခဲ့ရာ သရက်မြို့နယ် ဘော်ကျေးရွာ အနောက်ဘက် တစ်မိုင်ခန့်အကွာ တွင် ပိုင်ရှင်မဲ့ ပျဉ်းကတိုးခွဲသား ၀ ဒသမ ၅၅၀၀ တန် (ခန့်မှန်း တန်ဖိုးငွေကျပ် ၂၇၅၀၀၀) ကို သိမ်းဆည်းရမိခဲ့ပြီး သစ်တော ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
ထပ်မံ၍ ဇန်နဝါရီ ၅ ရက်တွင် ကရင်ပြည်နယ် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူး အဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ကော့ကရိတ် (တံတားကျိုး) စုပေါင်းစစ်ဆေးရေး စခန်း၌ တာဝန်ကျ ပူးပေါင်းအဖွဲ့ က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော် ယာဉ်နှစ်စီးပေါ်၌ တရားဝင် စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိ သည့် ဖိနပ်အရန် ၅၆၀ နှင့် မော်တော်ကားတာယာ ၂၅ လုံး (ခန့်မှန်း တန်ဖိုးငွေကျပ် ၅၃၀၀၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်း နှင့်အညီ အရေးယူ ဆောင်ရွက် လျက်ရှိသည်။
သို့ဖြစ်ပါ၍ ဇန်နဝါရီ ၂ ရက်၊ ၃ ရက်၊ ၄ ရက်နှင့် ၅ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ခုနစ်မှု (ခန့်မှန်းတန်ဖိုး ငွေကျပ် ၄၃၀၄၄၉၇၄) ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှုတိုက်ဖျက် ရေး ဦးဆောင်ကော်မတီမှ သိရသည်။
သတင်းစဉ်