တရားမဝင် သစ်မျိုးစုံ၊ စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ၊ သတ္တုရိုင်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

 

နေပြည်တော်  ဇန်နဝါရီ   ၃၁


တရားမဝင်ကုန်သွယ်မှုတိုက်ဖျက် ရေး          ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို  ဥပဒေနှင့်အညီ ထိရောက်စွာ    တားဆီးအရေးယူ နိုင်ရေး    ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ  ၂၈ ရက်တွင်    ချင်း ပြည်နယ်  တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး     အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့်    ဟားခါးမြို့နယ် သစ်တောဦးစီးဌာန     ဦးဆောင် သော      စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ   ဆောင်ရွက်ခဲ့ရာ ဟားခါးမြို့နယ်အတွင်း    တရား မဝင် ကျွန်းခွဲသားဆိုက်စုံ  ၂ ဒသမ ၃၂၉၈ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၃၇၆၆၈)   ကို     ဖမ်းဆီးရမိခဲ့ ပြီး        သစ်တောဥပဒေနှင့်အညီ အရေးယူ    ဆောင်ရွက်လျက်ရှိ သည်။ 

 


အလားတူ  ဇန်နဝါရီ ၂၉ ရက် တွင်   အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့်       မွန်ပြည်နယ် မရမ်းချောင်   အမြဲတမ်းစစ်ဆေး ရေးစခန်း၌    တာဝန်ကျပူးပေါင်း အဖွဲ့က    စစ်ဆေးမှုများ   ဆောင် ရွက်ခဲ့ရာ မြဝတီမြို့မှ  ရန်ကုန်မြို့ သို့ ထွက်ခွာလာသော မော်တော် ယာဉ်နှစ်စီးပေါ်မှ    သွင်းကုန် ကြေညာလွှာ (ID) တွင်   ကြေညာ ထားခြင်းမရှိသော    အသင့်စား ကြာဆံထုပ်များ၊  Smart တံဆိပ်ပါ အမွှေးဆီများနှင့်  အဝတ်အထည် များ    (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၂၅၃၂၄၀)နှင့်  အဆိုပါကုန်ပစ္စည်း များ တင်ဆောင်သော မော်တော် ယာဉ်နှစ်စီး        (ခန့်မှန်းတန်ဖိုး ငွေကျပ် ၈၀၀၀၀၀၀၀)   စုစုပေါင်း ခန့်မှန်းတန်ဖိုး         ငွေကျပ် ၈၈၂၅၃၂၄၀  ကို  ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်    လုပ်ထုံးလုပ်နည်း နှင့်အညီ    အရေးယူဆောင်ရွက် လျက်ရှိသည်။ 

 


ထို့အတူ  ဇန်နဝါရီ ၃၀ ရက် တွင်   မွန်ပြည်နယ်  တရားမဝင် ကုန်သွယ်မှု       တိုက်ဖျက်ရေး   အထူးအဖွဲ့က    သံလွင်တံတား (မော်လမြိုင်)   ၌   သတင်းအရ စစ်ဆေးမှုများ    ဆောင်ရွက်ခဲ့ရာ သထုံမြို့မှ       မော်လမြိုင်မြို့သို့ မောင်းနှင်လာသော   မော်တော် ယာဉ်နှစ်စီးပေါ်မှ     တရားဝင် တင်သွင်းခွင့်    အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့်   ခနောက် စိမ်း  တန်   ၃၀    (ခန့်မှန်းတန်ဖိုး ငွေကျပ် ၉၀၀၀၀၀၀၀) နှင့် အဆိုပါ ပစ္စည်းများ    တင်ဆောင်သော Hino  Profia Truck  အမျိုးအစား မော်တော်ယာဉ်နှစ်စီး   (ခန့်မှန်း တန်ဖိုးငွေကျပ်    ၈၀၀၀၀၀၀၀)၊ စုစုပေါင်း ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၇၀၀၀၀၀၀၀ ကို ဖမ်းဆီးရမိခဲ့ ပြီး   အကောက်ခွန်  လုပ်ထုံးလုပ်နည်းနှင့်အညီ    အရေး ယူဆောင်ရွက်လျက်ရှိသည်။

 


ထို့အပြင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက် ရေး    အထူးအဖွဲ့၏      စီမံခန့်ခွဲမှု ဖြင့်   မြို့နယ်သစ်တောဦးစီးဌာန ဦးဆောင်သော    ပူးပေါင်းအဖွဲ့ များက  စစ်ဆေးမှုများ  ဆောင် ရွက်ခဲ့ရာ     ပန်းတောင်းမြို့နယ် နှင့်    ပေါက်ခေါင်းမြို့နယ်အတွင်း တရားမဝင် ကျွန်းသစ်၊ ပျဉ်းကတိုး သစ်၊ သစ်ရာသစ် ၃ ဒသမ ၈၂၇၉ တန်    (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၉၂၀၅၀)    ကို     ဖမ်းဆီးရမိ ခဲ့ပြီး    သစ်တောဥပဒေနှင့်အညီ အရေးယူ     ဆောင်ရွက်လျက်ရှိ သည်။

 


သို့ဖြစ်ပါ၍ ဇန်နဝါရီ  ၂၈ ရက်၊ ၂၉   ရက်နှင့်  ၃၀   ရက်တို့တွင် ဖမ်းဆီးရမိမှု  စုစုပေါင်းမှာ အမှုတွဲ ၁၂ မှု    (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၆၁၀၈၂၉၅၈)     ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု    တိုက် ဖျက်ရေး  ဦးဆောင်ကော်မတီမှ သိရသည်။ 

       
သတင်းစဉ်