တရားမဝင် သစ်မျိုးစုံ၊ အလှကုန်ပစ္စည်း၊ ရေယာဉ်နှင့်မော်တော်ယာဉ်များ ဖမ်းဆီးရမိ

 

နေပြည်တော်   နိုဝင်ဘာ   ၂


တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး    ဦးဆောင် ကော်မတီ၏   ကြီးကြပ်ကွပ်ကဲမှုဖြင့်   တရားမဝင် ကုန်သွယ်မှုများကို   ဥပဒေနှင့်အညီ   ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး   ဆောင်ရွက်လျက်ရှိရာ အောက်တိုဘာ  ၃၁ ရက်တွင်  တနင်္သာရီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တပ်မတော်(ရေ) ဦးဆောင်သော ဌာန ဆိုင်ရာ ပူးပေါင်းအဖွဲ့က မြိတ်ခရိုင် ကျွန်းစုမြို့နယ် အတွင်း   စစ်ဆေးမှုများ  ဆောင်ရွက်ခဲ့ရာ သဲချောင်း ကျေးရွာ ဒိုမယ်ကျွန်း  သံကတော့အော် တောင်ဘက် ကမ်းခြေတွင် တရားမဝင်သစ်မျိုးစုံ ၁၀ ဒသမ ၂၈၇၄ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၄၃၁၁၀)နှင့် အဆိုပါ သစ်များတင်ဆောင်လာသည့် သစ်သားကိုယ်ထည် စက်လှေတစ်စင်းနှင့် ဆပ်စပ်ပစ္စည်းများ (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၃၅၀၀၀၀)ကိုလည်းကောင်း၊ တာရ ပိုင်းကျေးရွာ ပင်ပွားကျွန်းအနောက်ဘက် ရေပြင်တွင် တရားမဝင် လေသရက်ခွဲသား ၅ ဒသမ ၂၀၂၈ တန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၇၈၀၄၂၀)နှင့် အဆိုပါသစ် များ  တင်ဆောင်လာသည့်   သစ်သားကိုယ်ထည် စက်လှေတစ်စင်းနှင့် ဆပ်စပ်ပစ္စည်းများ (ခန့်မှန်း တန်ဖိုးငွေကျပ်   ၁၀၅၀၀၀၀)  ကိုလည်းကောင်း၊ စုစုပေါင်း ခန့်မှန်းတန်ဖိုး   ငွေကျပ်   ၄၇၂၃၅၃၀  ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။ 

 


အလားတူ ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှု ဖြင့် လှည်းကူးခရိုင် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက် ရေးအထူးအဖွဲ့မှ ဒုတိယရဲမှူးကြီး  ဦးဆောင်သော ပူးပေါင်းအဖွဲ့က ရန်ကုန်-ပဲခူးလမ်း ဒရယ်ဘိုတိုးဂိတ် အနီးတွင် လိုင်စင်မဲ့ Hijet (Daihatsu) အမျိုးအစား မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅၀၀၀၀၀)ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက် ရှိသည်။ 

 


ထို့ပြင် နိုဝင်ဘာ ၁ ရက်တွင် ကရင်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ကော့ကရိတ်(တံတားကျိုး) စုပေါင်း စစ်ဆေးရေးစခန်း၌    တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မြဝတီမြို့မှ ရန်ကုန် မြို့သို့ ထွက်ခွာလာသော မော်တော်ယာဉ်တစ်စီးပေါ်၌ တရားဝင်စာရွက်စာတမ်းအထောက်အထား တစ်စုံ တစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် ပိတ်လိပ်  ၁၀ လိပ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅၀၀၀၀၀)ကို ဖမ်းဆီးရမိ ခဲ့ပြီး     အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူ‌ဆောင်ရွက်လျက်ရှိသည်။

 


ထို့အတူ ရှမ်းပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏      စီမံခန့်ခွဲမှုဖြင့် ကျိုင်းတုံမြို့နယ် နောင်နွန်ပူးပေါင်းစစ်ဆေးရေးဂိတ် တွင်    အကောက်ခွန်ဦးစီးဌာန    ဦးဆောင်သော ပူးပေါင်းအဖွဲ့က ‌   စစ်ဆေးမှုများ   ဆောင်ရွက်ခဲ့ရာ တာလေမြို့မှ တောင်ကြီးမြို့သို့ မောင်းနှင်လာသော ခရီးသည်တင်ယာဉ်တစ်စီးပေါ်၌     တင်သွင်းခွင့် စာရွက်စာတမ်း  အထောက်အထားတင်ပြနိုင်ခြင်း မရှိသည့်   ထိုင်းနိုင်ငံထုတ်  အလှကုန်ပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၉၁၂၀၀၀)ကို ဖမ်းဆီး ရမိခဲ့ပြီး    အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 


ယင်းအပြင် နိုဝင်ဘာ  ၂  ရက်တွင်  ပဲခူးတိုင်း ဒေသကြီး    တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏    စီမံခန့်ခွဲမှုဖြင့်    တိုင်းဒေသကြီး သစ်တောဦးစီးဌာန ဦး‌ဆောင်သော ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ညောင်လေးပင်ခရိုင် နှင့်   သာယာဝတီခရိုင်များအတွင်း   တရားမဝင် သစ်မျိုးစုံ ၉ ဒသမ ၆၄၇၄ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၈၂၃၇၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့် အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။ 

 


သို့ဖြစ်ပါ၍  အောက်တိုဘာ ၃၁ ရက် နိုဝင်ဘာ ၁ ရက်နှင့် ၂ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ခုနစ်မှု (ခန့်မှန်းတန်ဖိုး ငွေကျပ်၂၈၄၅၉၂၃၀) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။


သတင်းစဉ်