
နေပြည်တော် အောက်တိုဘာ ၁
တရားမဝင် ကုန်သွယ်မှုတိုက်ဖျက် ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူ နိုင်ရေး ဆောင်ရွက်လျက်ရှိ ရာ စက်တင်ဘာ ၂၉ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူး အဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် အရှေ့ပိုင်း ခရိုင် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့က သင်္ဃန်းကျွန်းမြို့နယ် (င/ခ)ရပ်ကွက် ပြည်ထောင်စုလမ်း အမှတ် (၂၉) ရှိ ကားပစ္စည်းများရောင်းဝယ်ရေးဂိုဒေါင်၌ သတင်း အရ စစ်ဆေးမှုများဆောင်ရွက် ခဲ့ရာ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသော မော်တော်ယာဉ်အပို ပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃၃၈၀၀၀)ကို အကောက်ခွန် လုပ်ထုံးလုပ်နည်းအရ လည်း ကောင်း၊ သင်္ဃန်းကျွန်းမြို့နယ် သစ်တောဦးစီးဌာန ဦးဆောင် သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြောက်ဥက္ကလာပမြို့နယ် သုနန္ဒာ ပတ်လမ်း ကြိုးတံတားမီးပွိုင့် အနီး၌ တရားမဝင် ကျွန်းတံခါး ချပ်များ သုည ဒသမ ၃၄၉၄ တန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၃၀,၆၀၄)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသော TOYOTA Probox အမျိုးအစား မော်တော် ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၅၀၀၀၀၀၀) ကို သစ်တောဥပဒေအရ လည်း ကောင်း၊ စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆၅၆၈၆၀၄) ကို သိမ်း ဆည်းအရေးယူ ဆောင်ရွက်လျက် ရှိသည်။
အလားတူ ဧရာဝတီတိုင်း ဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဦးဆောင်သော ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဖျာပုံမြို့ အမှတ်(၂)ရပ်ကွက် သျှင်ရဲထွဋ် လမ်းသွယ်အတွင်း၌ ပိုင်ရှင်မဲ့ တရားမဝင် လိုင်စင်မဲ့ TOYOTA SUCCEED အမျိုးအစား မော်တော်ယာဉ်တစ်စီး(ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅၀၀၀၀၀)ကို သိမ်းဆည်းရမိခဲ့ပြီး ပို့ကုန် သွင်းကုန်ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
ထို့အတူ စက်တင်ဘာ ၃၀ ရက်တွင် ကရင်ပြည်နယ် တရား မဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် သံလွင်တံတား(ဘားအံ) စုပေါင်း စစ်ဆေးရေးဂိတ်၌ တာဝန်ကျ ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မော်တော်ယာဉ် တစ်စီးပေါ်မှ အကောက်ခွန်မဲ့ လူသုံးကုန်ပစ္စည်းများ (ခန့်မှန်း တန်ဖိုးငွေကျပ် ၈၁၁၀၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင် လာသော Yutong Bus အမျိုး အစား မော်တော်ယာဉ် တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၃၀၀၀၀၀၀၀) စုစုပေါင်း(ခန့်မှန်း တန်ဖိုးငွေကျပ် ၁၃၈၁၁၀၀၀၀) ကို သိမ်းဆည်းရမိခဲ့ပြီး အကောက် ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် အောက်တိုဘာ ၁ ရက် တွင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက် ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဦးဆောင် သော စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မုံရွာမြို့၌ လိုင်စင်မဲ့ KENBO 125 အမျိုးအစား မော်တော်ဆိုင်ကယ် တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန် ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက် ရှိသည်။
၎င်းအပြင် ပဲခူးတိုင်းဒေသ ကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာန ဦးဆောင် သော ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တောင်ငူခရိုင်နှင့် သာယာဝတီခရိုင် အတွင်း တရားမဝင် ကျွန်းသစ် ၁ ဒသမ ၇၉၇ တန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၁၈၆၂၈၄)ကို ဖမ်းဆီး ရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ပါ၍ စက်တင်ဘာ ၂၉ ရက်၊ ၃၀ ရက်နှင့် အောက်တိုဘာ ၁ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၁၁) မှု၊ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၅၈၅၆၄၈၈၈) ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှုတိုက်ဖျက် ရေး ဦးဆောင်ကော်မတီမှ သိရ သည်။
သတင်းစဉ်