တရားမဝင် ကျောက်စိမ်း၊ လူသုံးကုန်၊ လျှပ်စစ်ပစ္စည်းများ၊ စက်မှုကုန်ကြမ်းပစ္စည်းများ၊ ယာဉ်အပိုပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

 

နေပြည်တော်    မတ်    ၁၇


တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး    ဦးဆောင် ကော်မတီ၏     ကြီးကြပ်ကွပ်ကဲမှုဖြင့်  တရားမဝင် ကုန်သွယ်မှုများကို   ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး       ဆောင်ရွက်လျက်ရှိ ရာ    အကောက်ခွန်ဦးစီးဌာန၏    စီမံခန့်ခွဲမှုဖြင့် ရှမ်းပြည်နယ်   ရေပူအမြဲတမ်း စစ်ဆေးရေးစခန်း၌ တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက် ခဲ့ရာ မတ် ၁၂ ရက်တွင် မူဆယ်မြို့မှ မန္တလေးမြို့သို့ ထွက်ခွာလာသော   မော်တော်ယာဉ်တစ်စီးပေါ်မှ  သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်နှင့် ကိုက်ညီမှုမရှိသော LED Light အလုံး  ၈၅၀၀ အပါ အဝင်  ကုန်ပစ္စည်းသုံးမျိုး  (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၁၆၁၉၆၃)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်သော  Chenglong Truck တစ်စီး  (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၀၀၀၀၀၀၀)   ကိုလည်းကောင်း၊  မတ် ၁၄ ရက်တွင်   မန္တလေးမြို့မှ    မူဆယ်မြို့သို့   ထွက်ခွာလာသော မော်တော်ယာဉ်တစ်စီးပေါ်မှ     တရားဝင်စာရွက် စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် ကျောက်စိမ်းဟုယူဆရသော   ၂ ကီလိုဂရမ်အောက် ကျောက်တုံး  ၅၀ ကီလိုဂရမ်အပါအဝင် ပစ္စည်းငါးမျိုး  (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၈၇၉၀၀၀၀၀)နှင့် အဆိုပါ ပစ္စည်းများ တင်ဆောင်သော Nissan Diesel Condor Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၂၀၀၀၀၀၀)ကိုလည်းကောင်း   စုစုပေါင်း  ခန့်မှန်းတန်ဖိုးငွေကျပ်  ၂၈၀၀၆၁၉၆၃ ကို   ဖမ်းဆီးရမိခဲ့ပြီး   အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ     အရေးယူဆောင်ရွက် လျက်ရှိသည်။

 


ဖမ်းဆီးရမိ


ထပ်မံ၍ အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှု ဖြင့် တာဝန်ကျအကောက်ခွန်အဖွဲ့များက စစ်ဆေးမှု များ   ဆောင်ရွက်ခဲ့ရာ   မတ် ၁၄ ရက်တွင်   မြန်မာ အပြည်ပြည်ဆိုင်ရာဆိပ်ကမ်း  (သီလဝါ)၌  ကုန် သေတ္တာတစ်လုံးအတွင်းမှ  သွင်းကုန်ကြေညာလွှာတွင်  ကြေညာထားခြင်းမရှိသည့်အပြင်  သွင်းကုန်လိုင်စင် လိုအပ်သော   မော်တော်ကားအပိုပစ္စည်းဖြစ်သည့် CV-JOINT  ၄၁၆၄ ခု အပါအဝင် ကုန်ပစ္စည်းရှစ်မျိုး  (ခန့်မှန်းတန်ဖိုးငွေကျပ်     ၁၂၁၉၅၀၀၀၀)   ကို လည်းကောင်း၊    မတ် ၁၄ ရက်နှင့်   ၁၅ ရက်တို့တွင်  မြန်မာစက်မှုဆိပ်ကမ်း    ကုန်သေတ္တာစစ်ဆေးရေး စခန်း၌   ကုန်သေတ္တာနှစ်လုံးအတွင်းမှ  သွင်းကုန် ကြေညာလွှာတွင်  ကြေညာထားသည်နှင့် ကိုက်ညီမှု မရှိသော Led Street Lamp Fixture  အလုံး ၁၀၀၊ Led Panel Lamp အလုံး ၁၃၄၄၀၊ Led Panel Light အလုံး   ၅၄၆၀   အပါအဝင်  ကုန်ပစ္စည်း  ၃၉ မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၉၉၈၄၄၄၀၀)   ကိုလည်း ကောင်း၊ ကုန်သေတ္တာတစ်လုံးအတွင်းမှ သွင်းကုန် ကြေညာလွှာတွင် ကြေညာထားသည်နှင့် ကွဲလွဲစွာ ပါရှိလာသည့်အပြင် Valid for Prior Arrival (VPA)  ၆၁ ရက်   ကျော်လွန်သည့်    ပစ္စည်းများဖြစ်သော Rechargeable Electric LED Bulb အလုံး ၄၀၅၀၀ (ခန့်မှန်းတန်ဖိုးငွေကျပ်      ၈၁၆၄၈၀၀၀)   ကို လည်းကောင်း၊ ကုန်သေတ္တာတစ်လုံးအတွင်းမှ Valid for Prior Arrival (VPA)  ၆၁ ရက် ကျော်လွန်သည့်  ပစ္စည်းများဖြစ်သော JGCW အမျိုးအစား  ကလေးစီး စက်ဘီး ၂၉၂ စီး အပါအဝင် ကုန်ပစ္စည်းငါးမျိုး(ခန့်မှန်း  တန်ဖိုးငွေကျပ် ၂၆၇၆၂၄၀၀)ကို လည်းကောင်း၊  မတ် ၁၅ ရက်တွင် အေးရှားဝေါလ်ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ ကုန်သေတ္တာတစ်လုံးအတွင်းမှ သွင်းကုန် ကြေညာလွှာတွင် ကြေညာထားသည်နှင့် ကိုက်ညီမှု မရှိသည့်အပြင် Valid for Prior Arrival (VPA)  ၆၁ ရက် ကျော်လွန်သည့်ပစ္စည်းများဖြစ်သော Canopy Tent ဆိုဒ်မျိုးစုံ ၁၄၂၆၆ ကီလိုဂရမ်၊ Ready Made Tent Cloth   ၁၀၉၂ ကီလိုဂရမ်၊ ချုပ်လုပ်ထားခြင်း မရှိသော မိုးကာသားအထည်အလိပ်  ၄၀၁၂ ကီလို ဂရမ် (ခန့်မှန်းတန်ဖိုးငွေကျပ်   ၂၄၈၁၅၆၁၆)  ကို လည်းကောင်း၊   ထီးတန်းဆိပ်ကမ်း   ကုန်သေတ္တာ စစ်ဆေးရေးစခန်း၌   ကုန်သေတ္တာတစ်လုံးအတွင်းမှ  သွင်းကုန်ကြေညာလွှာတွင်   ကြေညာထားခြင်းမရှိ သော Toys Small Remote Control Car  ၇၂ စီး  အပါအဝင် ကုန်ပစ္စည်းနှစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၈၀၀၀၀၀)ကို လည်းကောင်း    စုစုပေါင်း   ခန့်မှန်း တန်ဖိုးငွေကျပ်  ၄၅၆၈၂၀၄၁၆ ကို  ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

 


အရေးယူဆောင်ရွက်


အလားတူ   မတ် ၁၅ ရက်တွင်   ရှမ်းပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏  စီမံခန့်ခွဲမှုဖြင့် ရှောင်တခင်စစ်ဆေးမှုများ ဆောင်ရွက်  ခဲ့ရာ ပူးပေါင်းအဖွဲ့က မူဆယ်မြို့   ကောင်းမှုတုံအုပ်စု ဟိုနားရပ်ကွက်      ပြည်ထောင်စုလမ်းမကြီးဘေးရှိ   သုံးထပ်ကားဝင်းအတွင်း          ရပ်တန့်ထားသော မော်တော်ယာဉ်တစ်စီးပေါ်မှ     တရားဝင်စာရွက်  စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် ပုစွန်(ဖွဲ)  ၂၈၀၀၀ ကီလိုဂရမ် (ခန့်မှန်းတန်ဖိုးငွေကျပ်  ၂၉၄၀၀၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်သော  Dongfeng Tractor Truck တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၅၀၀၀၀၀၀)ကို  လည်းကောင်း၊ မူဆယ် ခရိုင် တရားမဝင် ကုန်ပစ္စည်းများ တားဆီးရေးအဖွဲ့က မူဆယ်မြို့ စွမ်စော်ရပ်ကွက်   စွမ်စော်(၄)လမ်းအနီး ပြည်ထောင်စုလမ်းမကြီးပေါ်တွင်  ရပ်တန့်ထားသော မော်တော်ယာဉ်တစ်စီးပေါ်မှ     တရားဝင်စာရွက် စာတမ်းအထောက်အထား  တင်ပြနိုင်ခြင်းမရှိသော Plastic Bowl ၉၀  ကီလိုဂရမ်၊  Chain Cover  ၄၄၄ ကီလိုဂရမ်နှင့်    အလှကုန်ပစ္စည်းမျိုးစုံ   အပါအဝင် ကုန်ပစ္စည်း   ၂၆ မျိုး     (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၄၈၃၂၈၆၈)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်သော  Dongfeng Tractor Truck တစ်စီး(ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၀၀၀၀၀၀၀)ကို  လည်းကောင်း   စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ်   ၁၅၉၂၃၂၈၆၈ ကို ဖမ်းဆီး ရမိခဲ့ပြီး    အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ  အရေးယူဆောင်ရွက်လျက်ရှိသည်။

 


သို့ဖြစ်ပါ၍ မတ် ၁၂ ရက်၊ ၁၄ ရက်နှင့် ၁၅ ရက် တို့တွင်   ဖမ်းဆီးရမိမှုစုစုပေါင်းမှာ   အမှုတွဲ  ၁၇ မှု (ခန့်မှန်းတန်ဖိုးငွေကျပ်  ၈၉၆၁၁၅၂၄၇) ဖြစ်ကြောင်း  တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး   ဦးဆောင် ကော်မတီမှ သိရသည်။  


သတင်းစဉ်