
နေပြည်တော် စက်တင်ဘာ ၃
တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲ မှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီး အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ တွင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် စစ်ဆေးမှုများ ဆောင်ရွက် ခဲ့ရာ စက်တင်ဘာ ၁ ရက်တွင် ရေကြောင်း ရဲတပ်ဖွဲ့ဦးဆောင်သော စစ်ဆေးရေး အဖွဲ့က မုံရွာမြို့နယ် မုံရွာတောင်ရပ်ကွက် ညောင်ပင်ကြီးဇက်ဆိပ်၌ တရားဝင် အထောက်အထားတစ်စုံတရာ တင်ပြ နိုင်ခြင်းမရှိသော ဒီဇယ်ဆီ ဂါလန် ၄၈၀၀ နှင့် ဓာတ်ဆီဂါလန် ၂၈၀ ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀၆၄၀၀၀၀ ကို ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေ အရ လည်းကောင်း၊ စက်တင်ဘာ ၂ ရက် တွင် သစ်တောဦးစီးဌာန ဦးဆောင်သော စစ်ဆေးရေးအဖွဲ့က မော်ကူးကြိုးဝိုင်း အကွက်အမှတ် (၁၈) အတွင်း တရားမဝင် ကျွန်းသစ် (၁ ဒသမ ၉၈၈) တန် ခန့်မှန်း တန်ဖိုးငွေကျပ် ၆၅၆၀၄၀ ကို သစ်တော ဥပဒေအရလည်းကောင်း၊ စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၄၁၂၉၆၀၄၀ ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။
အလားတူ စက်တင်ဘာ ၃ ရက်တွင် ကရင်ပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲ မှုဖြင့် သံလွင်တံတား (ဘားအံ) စုပေါင်း စစ်ဆေးရေးဂိတ်၌ တာဝန်ကျ စစ်ဆေး ရေးအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မော်တော်ယာဉ်တစ်စီးပေါ်မှ အကောက် ခွန်မဲ့ စားသောက်ကုန်ပစ္စည်းနှင့် အိမ်သုံး လျှပ်စစ်ပစ္စည်းများ ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၃၅၀၀၀၀ နှင့် အဆိုပါပစ္စည်း များတင်ဆောင်လာသော YUTONG Bus အမျိုးအစား မော်တော်ယာဉ်တစ်စီး ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃၅၀၀၀၀၀၀၊ စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃၈ ၃၅၀၀၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
ထို့အတူ ရှမ်းပြည်နယ် တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မူဆယ်ခရိုင် တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့က ဦးဆောင်၍ မူဆယ်မြို့ ပန်ခမ်းတံတား အနီး ပန်စမ်းကားဝင်းအတွင်းတွင် ရပ်တန့်ထားသည့် မော်တော်ယာဉ် တစ်စီးအား စစ်ဆေးမှုများ ဆောင်ရွက် ခဲ့ရာ တရားဝင်စာရွက်စာတမ်း အထောက် အထား တစ်စုံတစ်ရာတင်ပြနိုင်ခြင်းမရှိသည့် စားသောက်ကုန်ပစ္စည်းများ၊ ထုံးအိတ်၊ မီးကြိုးခွေ၊ ကြွေပြားချပ်များနှင့် Steel ထိုင်ခုံဒေါက်များ ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၆၂၈၀၁၈၀ နှင့် အဆိုပါပစ္စည်း များတင်ဆောင်လာသော Dongfeng Truck အမျိုးအစား မော်တော်ယာဉ် တစ်စီး ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၀၀၀ ၀၀၀၊ စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၅၆၂၈၀၁၈၀ ကို အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ သိမ်းဆည်းအရေးယူ ဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်၍ စက်တင်ဘာ ၁ ရက်၊ ၂ ရက် နှင့် ၃ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်း မှာ အမှုတွဲ (၁၁) မှု၊ ခန့်မှန်းတန်ဖိုး ငွေ ကျပ် ၂၃၅၉၂၆၂၂၀ ဖြစ်ကြောင်း တရား မဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင် ကော်မတီမှ သိရသည်။
သတင်းစဉ်