တရားမဝင် စားသောက်ကုန်ပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

 

နေပြည်တော်    ဧပြီ    ၂၀
တရားမဝင်   ကုန်သွယ်မှုတိုက်ဖျက်ရေး   ဦးဆောင် ကော်မတီ၏    ကြီးကြပ်ကွပ်ကဲမှုဖြင့်   တရားမဝင်  ကုန်သွယ်မှုများကို   ဥပဒေနှင့်အညီ    ထိရောက်စွာ  တားဆီးအရေးယူနိုင်ရေး    ဆောင်ရွက်လျက်ရှိရာ 
ဧပြီ ၁၈ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲ မှုဖြင့် မွန်ပြည်နယ် မရမ်းချောင်အမြဲတမ်း စစ်ဆေး ရေးစခန်း၌ တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဘားအံမြို့မှ ရန်ကုန်မြို့သို့ ထွက်ခွာ လာသော    မော်တော်ယာဉ်   တစ်စီးပေါ်မှ    အစား အသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ခွင့်ပြု ချက်မပါရှိသည့် ထိုင်းနိုင်ငံထုတ် အေးခဲအသားတု ၂၇၆၀       ကီလိုဂရမ်      (ခန့်မှန်းတန်ဖိုးငွေကျပ် ၅,၅၂၀,၀၀၀)၊    တရားဝင်စာရွက်စာတမ်း   တစ်စုံ တစ်ရာတင်ပြနိုင်ခြင်းမရှိသည့်     508-တံဆိပ်ပါ ပြောင်းမျိုးစေ့ ၅၅၀ ကီလိုဂရမ် (ခန့်မှန်းတန်ဖိုး ငွေကျပ်    ၂၂၀၀၀၀၀)    နှင့်    အဆိုပါပစ္စည်းများ တင်ဆောင်သော Yutong Express Bus တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ်  ၄၀၀၀၀၀၀၀)၊  စုစုပေါင်း  ခန့်မှန်းတန်ဖိုးငွေကျပ်  ၄၇၇၂၀၀၀၀  ကို  ဖမ်းဆီး ရမိခဲ့ပြီး     အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်  အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
ထပ်မံ၍ ဧပြီ ၁၉ ရက်တွင် အကောက်ခွန်ဦးစီး ဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျအကောက်ခွန်အဖွဲ့ များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မြန်မာစက်မှု ဆိပ်ကမ်း၌ ကုန်သေတ္တာ သုံးလုံးအတွင်းမှ သွင်းကုန် လိုင်စင်တင်ပြနိုင်ခြင်းမရှိသည့်    5W  Led  Bulb အလုံး ၂၁၂၀၀၊ 18W Led Bulb UFO Light အလုံး  ၃၂၀၀ အပါအဝင် ကုန်ပစ္စည်း ၁၇ မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၈၅၇၆၀၈၅၀) ကိုလည်းကောင်း၊ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်၊ လေဆိပ် (သွင်းကုန်) ၌  ဝန်စည်များအတွင်းမှ သွင်းကုန်လိုင်စင် တင်ပြနိုင် ခြင်းမရှိသည့် မွေးမြူရေးလုပ်ငန်းသုံးပစ္စည်းဖြစ်သော FNC Pearl Nucleus  များ အပါအဝင် ကုန်ပစ္စည်း ငါးမျိုး  (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၀၄၇၉၆)  ကို လည်းကောင်း   စုစုပေါင်း   ခန့်မှန်းတန်ဖိုးငွေကျပ် ၈၆၇၆၅၆၄၆ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။
အလားတူ စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှု ဖြင့် ရွှေဘိုမြို့မရဲစခန်းမှ စစ်ဆေးရေးအဖွဲ့က နယ်မြေ ကင်းလှည့်စစ်ဆေးမှုများ ဆောင်ရွက်ခဲ့စဉ်  ရွှေဘ မြို့နယ် အမှတ် (၁၀) ရပ်ကွက် မြို့ရှောင်လမ်း ယိုးကုန်း ကျေးရွာလမ်းဆုံ၌   လိုင်စင်မဲ့   Nissan   Fairlady မော်တော်ယာဉ် တစ်စီး (ဝဲပုံ) (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆၀၀၀၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန် သွင်းကုန် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ပါ၍ ဧပြီ ၁၈ ရက်နှင့် ၁၉ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ရှစ်မှု ခန့်မှန်း တန်ဖိုး ငွေကျပ် ၁၅၀၄၈၅၆၄၆ ဖြစ်ကြောင်း တရား မဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။                      
သတင်းစဉ်