နေပြည်တော် ဇူလိုင် ၂၆
၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၁ ရက်နေ့မှစ၍ နိုင်ငံတစ်ဝန်းရှိ တိုင်း ဒေသကြီး တရားလွှတ်တော်များ၊ ပြည်နယ်တရားလွှတ်တော်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းတရားရုံးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တရားရုံးများ၊ ခရိုင်တရားရုံးများနှင့် မြို့နယ်တရားရုံးများတွင် စွဲဆို သည့် တရားမမှုများနှင့်စပ်လျဉ်း၍ တရားရုံးကဦးဆောင်သည့် စေ့စပ် ဖြေရှင်းရေးစနစ်ကို ကျင့်သုံးမည်ဖြစ်ပါကြောင်း ပြည်ထောင်စု တရား သူကြီးချုပ်ရုံးက အသိပေးထုတ်ပြန်ထားသည်။
သတင်းစဉ်



