
နေပြည်တော် နိုဝင်ဘာ ၈
ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများဖြစ်ကြသော ဦးအောင်ဇော်သိန်း၊ ဦးမျိုးမောင်၊ ဦးခင်မောင်ကြီး၊ ဦးတင်ဟုန် တို့ပါဝင်သည့် အထူးအယူခံခုံရုံးသည် ယနေ့ နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ရုံးခန်းအမှတ် (၁) ၌ ရုံးထိုင်၍ တရားမအထူးအယူခံမှု အမှတ် ၃ /၂၀၂၀ (မန္တလေး)၊ ၆ / ၂၀၂၀ (မန္တလေး) ၊ ၉ /၂၀၂၀ (ကရင်) နှင့် ၁၂ /၂၀၂၀ (ရန်ကုန်)၊ စုစုပေါင်း တရားမအထူးအယူခံမှု (၄) မှုကို ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်ရေး ညွှန်ကြားချက်များနှင့်အညီ ရုံးထိုင်ကြားနာ ခဲ့ကြောင်း သတင်းရရှိသည်။ သတင်းစဉ်