
နေပြည်တော် အောက်တိုဘာ ၁၁
ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများဖြစ်ကြသော ဦးမျိုးတင့်၊ ဦးမျိုးမောင်၊ ဦးခင်မောင်ကြီးနှင့် ဒေါ်ခင်မေရီ တို့ပါဝင်သည့် အထူးအယူခံခုံရုံးသည် ယနေ့နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စုတရား လွှတ်တော်ချုပ်၊ ရုံးခန်းအမှတ် (၁) ၌ ရုံးထိုင်၍ တရားမအထူးအယူခံမှုအမှတ် ၁၀၀/၂၀၁၉ (တနင်္သာရီ)၊ ၁၀၁ / ၂၀၁၉ (မန္တလေး)၊ ၁၀၂ / ၂၀၁၉ (မန္တလေး) နှင့် ၁၀၄/ ၂၀၁၉ (ရန်ကုန်) စုစုပေါင်း တရားမအထူး အယူခံမှု (၄) မှုကို စီရင်ချက်ချမှတ်သည်။
ထို့ပြင် ရာဇဝတ် အထူးအယူခံမှုအမှတ် ၅/၂၀၂၀ (မန္တလေး)၊ ၉/၂၀၂၀ (ကချင်)၊ ၁၀/၂၀၂၀ (မွန်)၊ ၁/၂၀၂၁ (ရန်ကုန်)၊ ၂ /၂၀၂၁ (ရန်ကုန်) နှင့် ၃/၂၀၂၁ (မန္တလေး)၊ စုစုပေါင်း ရာဇဝတ်အထူးအယူခံမှု (၆) မှုကို ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး ညွှန်ကြားချက်များနှင့်အညီ ရုံးထိုင်ကြားနာခဲ့ကြောင်း သိရသည်။
သတင်းစဉ်