
နေပြည်တော် နိုဝင်ဘာ ၂၂
ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများဖြစ်ကြသော ဦးမျိုးမောင်၊ ဦးကြည်သိန်း၊ ဦးတင်ဟုန်၊ ဒေါ်ခင်မေရီ တို့ပါဝင်သည့် အထူးအယူခံခုံရုံးသည် ယနေ့နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ရုံးခန်းအမှတ်(၁)၌ ရုံးထိုင်၍ တရားမအထူးအယူခံမှုအမှတ် ၄/၂၀၂၀ (ဧရာဝတီ) ၊ ၅/၂၀၂၀ (ဧရာဝတီ) နှင့် ၇/၂၀၂၀(ရန်ကုန်)၊ စုစုပေါင်း တရားမ အထူးအယူခံမှု (၃) မှုကို စီရင်ချက်ချမှတ်သည်။
ထို့ပြင် တရားမအထူးအယူခံမှုအမှတ် ၈၉ /၂၀၁၉ (မွန်)၊ ၉၆/၂၀၁၉ (မန္တလေး)၊ ၉၇/၂၀၁၉ (မန္တလေး)၊ ၈/၂၀၂၀ (ရန်ကုန်) နှင့် ၁၁/၂၀၂၀ (မကွေး)၊ စုစုပေါင်း တရားမ အထူးအယူခံမှု (၅) မှု ကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး ညွှန်ကြားချက်များနှင့်အညီ ရုံးထိုင်ကြားနာခဲ့ကြောင်း သိရသည်။
သတင်းစဉ်