တရားခံ သုံးဦးနှင့်အတူ ဘိန်းဖြူ ၁၁၈ ကီလိုကျော်နှင့် စိတ်ကြွရူးသွပ်ဆေးပြား ၂၄၀၀၀၀ သိမ်းဆည်းရမိ

 

နေပြည်တော်  စက်တင်ဘာ   ၁၆  


မူးယစ်ဆေးဝါး  တားဆီးနှိမ်နင်း ရေးရဲတပ်ဖွဲ့မှ      တပ်ဖွဲ့ဝင်များ ပါဝင်သော   ပူးပေါင်းအဖွဲ့သည် စက်တင်ဘာ  ၁၄    ရက်      နံနက်  ၂ နာရီတွင်     နောင်ချိုမြို့နယ် မူဆယ် - မန္တလေး    ကားလမ်း အိုရီယမ်တယ်တိုးဂိတ်အနီးတွင် သီပေါမှ မန္တလေးသို့ လှစိုးဦး(ခ)လှဦး(၃၈နှစ်) မောင်းနှင်လာသည့် ခြောက်ဘီးယာဉ်အား   ရှာဖွေရာ ယာဉ်နောက်ခန်းတွင် စက္ကူဂျပ်ဖာ အဟောင်းများဖြင့်        ဖုံးအုပ် သယ်ဆောင်လာသည့် ဆာလာ အိတ် ၃၈ အိတ်အတွင်းမှ   ဒေသ ကာလ တန်ဖိုးငွေကျပ် ၁ ဒသမ ၈၉     ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူ ၁၁၈ ဒသမ ၃၄ ကီလိုနှင့်  စိတ်ကြွရူးသွပ်ဆေးပြား ၂၄၀၀၀၀ သိမ်းဆည်းရမိခဲ့ပြီး   ကွင်းဆက် အရ နံနက် ၅ နာရီခွဲတွင် ပြင်ဦး လွင်မြို့နယ် ဝက်ဝံကျေးရွာအနီး တွင်   မူးယစ်ဆေးဝါးများ   သယ် ဆောင်ရာ၌    ပူးပေါင်းပါဝင်သူ ကျော်ဇေ (၄၃နှစ်) နှင့် အောင်စိုး (၃၁နှစ်)တို့အား Honda Airwave မော်တော်ယာဉ် တစ်စီးနှင့်အတူ ဆက်လက် ဖမ်းဆီးရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်များအရ သိမ်းဆည်းရမိ     မူးယစ်ဆေးဝါး များကို ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ်မှ မန္တလေးသို့ သယ် ဆောင်ခြင်းဖြစ်ကြောင်း   သိရှိရ သဖြင့်  ၎င်းတို့သုံးဦးကို ဥပဒေအရ အရေးယူထားရှိပြီး  ကွင်းဆက် ပြစ်မှုကျူးလွန်သူများအား စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း မြန်မာ နိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။ 


သတင်းစဉ်