တပ်မတော်တွင် ပဉ္စမအကြိမ်အသည်းအစားထိုးခွဲစိတ်ကုသမှုလုပ်ငန်း ဆောင်ရွက်

 

နေပြည်တော် ဇန်နဝါရီ  ၂၇ 


တပ်မတော်တွင်     ပထမအကြိမ် အသည်းအစားထိုးခွဲစိတ်ကုသမှု ကို   ၂၀၂၂   ခုနှစ်  စက်တင်ဘာ  ၂၇   ရက်နှင့်   ၂၈   ရက်တို့တွင် အသည်းအစားထိုးလူနာ  နှစ်ဦး ဖြင့်   အောင်မြင်စွာ  ခွဲစိတ်ကုသ ဆောင်ရွက်နိုင်ခဲ့ပြီး      အသည်း အစားထိုးခွဲစိတ်ကုသမှု အစီအစဉ် ကို   ဆက်လက်ဆောင်ရွက်ခဲ့ရာ ၂၀၂၃   ခုနှစ်အတွင်း   အသည်း အစားထိုး ခွဲစိတ်ကုသမှု သုံးကြိမ်၊ လူနာ ကိုးဦးတို့ကို  အောင်မြင်စွာ ထပ်မံခွဲစိတ်ကုသဆောင်ရွက်ပေးနိုင်ခဲ့သည်။ ယခုအခါ ပဉ္စမအကြိမ် အသည်းအစားထိုး ခွဲစိတ်ကုသမှု အား လူနာသုံးဦးဖြင့် ဆောင်ရွက် သွားမည်ဖြစ်ပြီး      ပထမနေ့ အသည်းအစားထိုးခွဲစိတ်ကုသမှု ကို ယနေ့တွင် မင်္ဂလာဒုံမြို့နယ်ရှိ အမှတ်(၁)တပ်မတော် ဆေးရုံကြီး (ခုတင်  ၁၀၀၀)   အထူးကုသမှု စင်တာ၌ ပြုလုပ်သည်။


အဆိုပါ   အသည်းအစားထိုး ခွဲစိတ်ကုသမှုကို    တပ်မတော်မှ အသည်းအစားထိုး  ခွဲစိတ်ကုသမှု အဖွဲ့နှင့်  အိန္ဒိယနိုင်ငံမှ အသည်း အစားထိုး   ခွဲစိတ်ကုသမှုအဖွဲ့တို့ ပူးပေါင်း ဆောင်ရွက်ခဲ့ကြခြင်းဖြစ် ပြီး  လူနာ  ဒုတိယဗိုလ်မှူးကြီး ဉာဏ်မြင့်အောင်(ငြိမ်း)၏ ဇနီး ဒေါ်အေးသီတာနှင့်      တူဖြစ်သူ အသည်းအလှူရှင်  ကိုသက်ကိုဦး တို့ကို ခွဲစိတ်ကုသခဲ့ခြင်း   ဖြစ်သည်။


အသည်းအစားထိုး   ခွဲစိတ် ကုသမှု        ဆောင်ရွက်ရာတွင် အသည်းအလှူရှင်   လူနာထံမှ အသည်းထုတ်ယူခြင်းကို နံနက် ၈ နာရီခွဲတွင် စတင်ခဲ့ပြီး ထုတ်ယူ ရရှိသော  အသည်းကို  ညနေ  ၄ နာရီခွဲခန့်တွင်  အသည်းလက်ခံ လူနာထံသို့ အစားထိုးခွဲစိတ်ကုသ ခြင်း ဆောင်ရွက်ခဲ့ကာ စုစုပေါင်း ခွဲစိတ်ချိန် ၁၁ နာရီခန့် ကြာမြင့်ခဲ့ သည်။ 


အသည်းအလှူ   ရှင်လူနာနှင့်    အသည်းလက်ခံ    လူနာများ၏ ခွဲစိတ်ပြီး နောက်ပိုင်း ကျန်းမာရေး  အခြေအနေမှာ ကောင်းမွန်လျက် ရှိပြီး   အထူးကြပ်မတ်ကုသခန်း၌ လိုအပ်သော  ပြုစုကုသမှုများကို   သက်ဆိုင်ရာ ပါရဂူများ၊    ဆေးမှူး များနှင့်   သူနာပြု/ကျွမ်းကျင်သူ များက ဆက်လက်ဆောင်ရွက်ပေး လျက်ရှိသည်။


အသည်းအစားထိုး   ခွဲစိတ် ကုသမှုကို တပ်မတော်မှ တာဝန်ရှိ သူအရာရှိကြီးများက   ကြည့်ရှု အားပေးခဲ့ပြီး ဇန်နဝါရီ ၂၈ ရက်နှင့် ၂၉ ရက်တို့တွင်   ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။


သတင်းစဉ်