
နေပြည်တော် မတ် ၇
ရခိုင်ပြည်နယ်အတွင်းရှိ ကမ်းရိုး တန်းဒေသတစ်လျှောက်မှ ဒေသခံ ပြည်သူများကို ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးရန် တပ်မတော် နှင့် ကျန်းမာရေးဝန်ကြီးဌာနတို့မှ နယ်လှည့်အထူးကု ဆေးအဖွဲ့များ လိုက်ပါလာသည့် တပ်မတော် ပင်လယ်သွား ဆေးရုံရေယာဉ် (သံလွင်) သည် ယနေ့တွင် ရမ်းဗြဲ မြို့နယ် ကျောက်နီမော် ကျေးရွာအုပ်စု ကျောက်နီမော် ကျေးရွာသို့ရောက်ရှိရာ ဌာန ဆိုင်ရာမှ တာဝန်ရှိသူများ၊ ဒေသခံ ပြည်သူများက သောင်းသောင်း ဖြဖြ ကြိုဆိုကြသည်။ အဆိုပါ နယ်လှည့် အထူးကုဆေးအဖွဲ့ သည် ကျောက်နီမော်ကျေးရွာရှိ တိုက်နယ်ပြည်သူ့ဆေးရုံ၌ အခြေပြု ၍ ယင်းကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံပြည်သူ ၇၅၈ ဦးကို ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင် ရွက်ပေးသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၂၂၃ ဦး၊ ခွဲစိတ်ရောဂါ ၄၇ ဦး၊ သားဖွား/ မီးယပ်ရောဂါ ၁၄ ဦး၊ ကလေး ရောဂါ ၂၇ ဦး၊ အရိုးရောဂါ ၁၄၃ ဦး၊ နား/ နှာခေါင်း/ လည်ချောင်းရောဂါ ၇၂ ဦး၊ မျက်စိရောဂါ ၂၀၀ နှင့် သွားနှင့်ခံတွင်းရောဂါ ၃၂ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ထို့အပြင် ခွဲစိတ်ကုသရန် လိုအပ်သူ အထွေထွေခွဲစိတ်လူနာ ငါးဦး၊ မျက်စိခွဲစိတ်လူနာ ၁၀ ဦး၊ အာထရာ ဆောင်းဖြင့် စမ်းသပ်စစ်ဆေး လူနာ ၄၆ ဦး၊ ECG ဖြင့် နှလုံး စမ်းသပ်လူနာ ၇၅ ဦးနှင့် ဓာတ်ခွဲ စမ်းသပ်လူနာ ၂၂ ဦးတို့ကို ရောဂါ ရှာဖွေစမ်းသပ် ကုသပေးခြင်း များ ဆောင်ရွက်ပေးပြီး ဆေးရုံ တက်ရောက်ကုသရန် လိုအပ်သူ နှစ်ဦးတို့ကို နီးစပ်ရာ တပ်မတော် ဆေးရုံများနှင့် ပြည်သူ့ဆေးရုံများ သို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။
ယင်းသို့ ဆောင်ရွက်ပေးနေမှု များကို အနောက်ပိုင်းတိုင်းစစ်ဌာန ချုပ်မှ တာဝန်ရှိသူများက သွား ရောက်ကြည့်ရှုအားပေးပြီး လိုအပ် သည်များ ညှိနှိုင်းဆောင်ရွက် ပေးသည်။ ကျန်းမာရေးဆောင်ရွက် ပေးမှု အပေါ် ဒေသခံပြည်သူများ၏ စကားသံများကို ယခုလိုပဲ ကြားသိ ခဲ့ရပါသည်-
“မျက်စိက ကြည့်လို့မကောင်း လို့ ဆေးရုံသင်္ဘောကြီးပေါ်မှာ မျက်စိကအစ တခြားသောရောဂါ တွေဖြစ်တဲ့ အရိုးအကြောတွေ ပါတယ်ဆိုတော့ ဝမ်းသာအားရ နဲ့ လာရောက်ပြသတာပါ။ သက်ဆိုင်တဲ့ မြို့နယ်အုပ်ချုပ်ရေး မှူးကတစ်ဆင့် အသိပေးတဲ့ အတွက် သိရပါတယ်။ ဒေသက ကျန်းမာရေးနဲ့ ပတ်သက်ပြီး အတော် အားနည်းပါတယ်။ မပြည့်စုံတဲ့သူ တစ်ဦးအနေနဲ့ အဝေးတစ်နေရာ သွားရောက် ကုသမယ်ဆိုလို့ရှိရင် ကုန်ကျ စရိတ်က အတော်များပါတယ်။ မတတ်နိုင်ကြပါဘူး။ မတတ်နိုင်တဲ့ အတွက် ဖြစ်သလို ဆေးမြီးတိုလေး တွေနဲ့ ကုသကြရပါတယ်။ အခုလို လာပြီး ကုသပေးတဲ့အတွက် အဆင်ပြေသွားပါတယ်။ ဒေသခံ တွေကလည်း ပိုပြီးဝမ်းသာအားရ ဖြစ်မိပါတယ်။ အထူးသဖြင့် ဒီလိုမျိုးဖြစ်မြောက်အောင် လုပ် ဆောင်ပေးတဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်နှင့် တကွ သမားတော်ကြီးတွေ၊ ပါရဂူကြီး တွေ၊ ကျန်းမာရေးဝန်ထမ်းတွေ နဲ့ အကုန်လုံး ဝိုင်းဝန်းပံ့ပိုးကြသော သက်ဆိုင်ရာအဖွဲ့အစည်းအားလုံး ကို အထူးပဲကျေးဇူးတင်ပါတယ်။ ဖြစ်နိုင်လို့ရှိရင် နောက်နောင် နှစ်တွေမှာ အခုလိုလာရောက်ပြီး ကျွန်တော်တို့ နေရာဒေသရဲ့ ကျန်းမာရေးကို အားကောင်း အောင် လာရောက်ကုသပေးစေ ချင်ပါတယ်”
“ကျွန်တော်တို့ ဒေသက ကျန်းမာရေးနဲ့ ပတ်သက်ပြီး အခက်အခဲ အများကြီးရှိပါတယ်။ ရမ်းဗြဲကိုသွားမယ်ဆိုရင် ဒီကနေ ၂၅ မိုင်လောက် သွားရပါတယ်။ လမ်းခရီးကလည်း မကောင်းပါ ဘူး။ တချို့လူနာတွေဆိုရင် ဆေး ကုသမယ့်စရိတ်ကို ခရီးသွားရင်းနဲ့၊ ကားငှားရင်းနဲ့ပဲ ပိုက်ဆံတွေကုန် သွားတယ်။ ကျွန်တော်တို့ဆီမှာ အခုလိုပင်လယ်သွား သံလွင်ဆေးရုံ သင်္ဘောကြီးက ဒီလိုပါရဂူတွေ၊ ဆရာဝန်တွေ အများကြီးနဲ့လာပြီး ဆေးကုတော့ ကျွန်တော်တို့ စိတ်ထဲမှာ အများကြီး ဝမ်းပန်း တသာဖြစ်ရပါတယ်။ အခုဆိုရင် ဆေးရုံထဲမှာ လူတွေအများကြီး ကုသနေတာ တွေ့ရတော့ အများကြီး ဝမ်းသာရပါတယ်။ ကျွန်တော့် တစ်သက်မှာလည်း ဒါပထမဆုံး မြင်တွေ့ရတဲ့အတွက် အများကြီး ဝမ်းသာရပါတယ်။ အများကြီး ကျေးဇူးတင်ပါတယ်။ တပ်မတော်ကာကွယ်ရေး ဦးစီး ချုပ်ကို အများကြီးကျေးဇူးတင်ပါ တယ်။ ကျွန်တော်တို့ နိုင်ငံသား တွေအပေါ်မှာ အခုလိုစေတနာ ထားပြီးတော့ ဝေးလံခေါင်ဖျားတဲ့ နေရာတွေကို လူတွေ ကျန်းမာ ရေး လာပြီးတော့ ကုသနိုင် အောင် စီမံဆောင်ရွက်ပေးတဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကို ကျွန်တော် နိုင်ငံသား တစ်ဦးအနေနဲ့ရော၊ ဆေးကုလာ တဲ့ မိဘပြည်သူတွေနေနဲ့ရော သူတို့ရဲ့ကိုယ်စား အထူးပဲ ကျေးဇူးတင်ပါတယ်။ ”
သတင်းစဉ်