တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်) ရခိုင်ပြည်နယ် ဂွမြို့နယ်မှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ စတင်ဆောင်ရွက်

 

နေပြည်တော်    မတ်    ၁


ရခိုင်ပြည်နယ်အတွင်းရှိ           ကမ်းရိုးတန်းဒေသ တစ်လျှောက်မှ  ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ      ဆောင်ရွက်ပေးရန် ထွက်ခွာလာသည့်    တပ်မတော်နှင့်   ကျန်းမာရေး ဝန်ကြီးဌာနတို့မှ အထူးကုဆေးအဖွဲ့များ လိုက်ပါလာ သည့်    တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ် (သံလွင်)သည်   ယနေ့တွင်    ဂွမြို့သို့ရောက်ရှိခဲ့ရာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများက သောင်းသောင်းဖြဖြ ကြိုဆို ကြသည်။ အဆိုပါ နယ်လှည့်အထူးကုဆေးအဖွဲ့များ သည် ဂွမြို့ရှိ  ရတနသိဒ္ဓိဗိမာန်တော်တွင်အခြေပြု၍ ဂွမြို့နှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ ၆၃၀ အား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ စတင်ဆောင်ရွက်ပေးသည်။

 


ထိုသို့      ဆောင်ရွက်ပေးရာ      ယနေ့တွင် ဆေးကုသမှုဆိုင်ရာရောဂါ ၁၀၉ ဦး၊ ခွဲစိတ်ရောဂါ ၄၃ ဦး၊   သားဖွား/  မီးယပ်ရောဂါ ၃၀၊  ကလေး ရောဂါ  ၂၀၊  အရိုးရောဂါ  ၁၁၁  ဦး၊ နား/ နှာခေါင်း/ လည်ချောင်းရောဂါ  ၅၀၊  မျက်စိရောဂါ   ၂၁၀  နှင့် သွားနှင့်ခံတွင်းရောဂါ   ၅၇  ဦးတို့ကို   လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ထို့အပြင် ခွဲစိတ်ကုသရန်လိုအပ်သူ   အထွေထွေခွဲစိတ်လူနာ ၁၂ ဦး၊ မျက်စိခွဲစိတ်လူနာ ၃၂ ဦး၊ ဓာတ်မှန်ရိုက်လူနာ တစ်ဦး၊ အာထရာဆောင်းဖြင့် စမ်းသပ်စစ်ဆေးလူနာ ၄၇ ဦး၊ ECG ဖြင့်   နှလုံးစမ်းသပ်လူနာ   ၇၇ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၃၅ ဦးတို့ကို  ရောဂါရှာဖွေ စမ်းသပ်ကုသပေးခြင်းများ       ဆောင်ရွက်ပေးနိုင် ခဲ့သည်။

 


ယင်းသို့ဆောင်ရွက်ပေးနေမှုများကို အနောက်ပိုင်း တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက သွားရောက် ကြည့်ရှုအားပေးပြီး    လိုအပ်သည်များ     ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ကျန်းမာရေးဆောင်ရွက်ပေးမှုအပေါ် ဒေသခံ ပြည်သူများ၏ စကားသံများကို ယခုလိုပဲ ကြားသိခဲ့ရ ပါသည်။

 


ကလေးကို  မျက်စိလာပြတာပါ။ ဒီမြို့ပေါ်ကပဲ ဖြစ်ပါတယ်။     အကုန်လုံး   အဆင်ပြေပါတယ်။ ဒီကလူတွေကလည်း အကုန်လုံးအဆင်ပြေအောင်လို့ အားလုံးလုပ်ပေးပါတယ်။ အခုလို ကျွန်မတို့ မြို့ကို လာပြီး  ဆေးကုသပေးတဲ့အတွက်  အလွန်လည်း ဝမ်းသာပါတယ်။ ဘာဖြစ်လို့လဲဆိုတော့  ဒီမြို့က လူတွေက ပုံမှန်ဆိုရင် မြို့ကိုသွားပြီး ဆေးကုသနိုင်မှု မရှိပါဘူး။   ဒီမြို့မှာ  အထူးကုဆရာဝန်တွေလည်း မရှိပါဘူး။ အခုလို အထူးကုဆရာဝန်တွေ စုံစုံလင်လင် နဲ့ လာပြီးကုသပေးတဲ့အတွက် ဒီကလူတွေလည်း အဆင်ပြေကြတဲ့အတွက် ဝမ်းသာပါတယ်။ ခဏခဏ လာစေချင်ပါတယ်။         ဘာဖြစ်လို့လဲဆိုတော့ လူတွေလည်း  ပင်ပင်ပန်းပန်းနဲ့   အလွန်ဝေးဝေးကြီး သွားစရာမလိုဘဲ  ကုသနိုင်တဲ့အတွက်  အခုလိုမျိုး တပ်မတော်နယ်လှည့်ဆေးကုအဖွဲ့တွေကို မကြာ ခဏ လာစေချင်ပါတယ်။ အခုလိုလာပြီး စေတနာ ပါပါနဲ့ ဆေးကုသပေးတဲ့အတွက် အားလုံးကိုကျေးဇူး တင်ပါတယ်။ တခြားမြို့တွေကိုလှည့်လည်ပြီး ကုသ ပေးနေသလို ကိုယ့်မြို့ကိုလည်း အခုလိုလာပြီးကုသ ပေးတဲ့အတွက်    ကျေးဇူးတင်ပါတယ်။   အခုလို နယ်လှည့်ဆေးကုအဖွဲ့တွေဖြစ်ပေါ်လာအောင် ပံ့ပိုး ကူညီလမ်းညွှန်ပေးတဲ့     နိုင်ငံတော်အကြီးအကဲ ကိုလည်း အများကြီးကျေးဇူးတင်ပါတယ်လို့ ပြောချင် ပါတယ်။

 


တပ်မတော်နဲ့ ကျန်းမာရေးဌာနမှ တာဝန်ရှိတဲ့ဆရာဝန်ကြီးတွေပူးပေါင်းပြီး အခုလိုလာရောက်ပြီး ဆေးကုသပေးတဲ့အတွက် အထူးပဲကျေးဇူးတင်ရှိပါ တယ်။  ပြည်သူတွေကိုယ်စား အထူးဝမ်းမြောက် ဝမ်းသာဖြစ်ရပါတယ်။  ဂွမြို့နယ်အနေနဲ့ပြောရရင် ခုတင်၅၀  ဆေးရုံပဲရှိပါတယ်။  ဒါကြောင့် အထူးကု ဆရာဝန်ကြီးတွေနဲ့ အလှမ်းဝေးပါတယ်။  ရန်ကုန်ကို သွားရောက်ကုသဖို့ဆိုရင်လည်း    အခက်အခဲတွေ အများကြီးရှိပါတယ်။ အခက်အခဲရှိတဲ့လူနာတွေကို အခုလို       အခမဲ့လာရောက်ကုသပေးတဲ့အတွက် အထူးပဲကျေးဇူးတင်ရှိပါတယ်။ မကြုံဖူးပါဘူး အခုလို စစ်သင်္ဘောလာရောက်တဲ့အတွက်   သွားရောက် ကြည့်ရှုရာမှာ   သင်္ဘောကြီးက  ခန့်ညားတဲ့အပြင် သင်္ဘောပေါ်မှာ ဆေးကုသမှုဆိုင်ရာပစ္စည်းတွေ အစုံ အလင်နဲ့ လာရောက်ကုသပေးတဲ့အတွက် အထူးပဲ ကျေးဇူးတင်ရှိပါတယ်။ နောက်ထပ်လည်း လာစေချင် ပါတယ်။ အခုလည်း လူနာတွေက တော်တော်များပါ တယ်။  မြို့နယ်ကလူဦးရေ  ခုနစ်သောင်းလောက်ပဲ ရှိပါတယ်။ ပြသတဲ့လူနာတွေက ထောင်ကဏန်း နီးပါးလောက်ရှိတဲ့အတွက် နောက်ထပ်လည်း လာရောက်ကုသရင် လူနာတွေ လည်း ရှိနေအုံးမယ်လို့ ယူဆမိပါ တယ်။ အခုလိုမြို့နယ်ကိုလာရောက် ကုသပေးတဲ့အတွက် နိုင်ငံတော် အကြီးအကဲနဲ့  တာဝန်ရှိသူတွေ အားလုံးကို အထူးပဲကျေးဇူးတင်ရှိ ပါတယ်လို့ ပြောလိုပါတယ်။

သတင်းစဉ်