တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်) ငပုတောမြို့နယ်ရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

 

နေပြည်တော်   နိုဝင်ဘာ   ၈


ကမ်းရိုးတန်းဒေသတစ်လျှောက်ရှိ ဒေသခံပြည်သူများအား ကျန်းမာ ရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်       အတွက် တပ်မတော်ပင်လယ်သွားဆေးရုံ ရေယာဉ်   (သံလွင်)     နှင့်အတူ လိုက်ပါလာသည့်    တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြု များနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ပါရဂူများ၊ ဆရာဝန်များ၊ သူနာပြု များပါဝင်သော နယ်လှည့်အထူးကု ဆေးအဖွဲ့သည် ယနေ့တွင် ဧရာ ဝတီတိုင်းဒေသကြီး     ငပုတော မြို့နယ်      ဟိုင်းကြီးကျွန်းမြို့ရှိ နယ်မြေခံ      တပ်မတော်ဆေးရုံ၌ အခြေပြု၍ အဆိုပါမြို့နှင့် ပတ်ဝန်း ကျင်ကျေးရွာများမှ       ဒေသခံ ပြည်သူများအား     ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသည်။


ထိုသို့ ဆောင်ရွက်ပေးရာတွင်  နယ်လှည့်အထူးကုဆေးအဖွဲ့က  ဆေးကုသမှုဆိုင်ရာရောဂါ  ၂၉၇ ဦး၊ ခွဲစိတ်ရောဂါ ၆၁ ဦး၊ သားဖွား/ မီးယပ်ရောဂါ   ၄၉  ဦး၊  ကလေး ရောဂါ ၆၀၊  အရိုးရောဂါ ၁၁၉ ဦး၊  နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ၅၃ ဦး၊ မျက်စိရောဂါ ၂၀၆ ဦးနှင့် သွားနှင့်ခံတွင်းရောဂါ ၇၆ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ထို့အပြင် အထွေထွေခွဲစိတ်လူနာ   ၁၅   ဦး၊ မျက်စိခွဲစိတ်လူနာ ၁၄ ဦး၊ ဓာတ်မှန် ရိုက်လူနာ ၅၃ ဦး၊ အာထရာဆောင်း ဖြင့်     စမ်းသပ် စစ်ဆေးလူနာ ၅၀၊ ECG စက်ဖြင့် နှလုံးစမ်းသပ် လူနာ ၂၃ ဦးနှင့် ဓာတ်ခွဲစမ်းသပ် လူနာ  ၅၇  ဦး စုစုပေါင်း  ၉၂၁   ဦး တို့ကို ရောဂါရှာဖွေစမ်းသပ် ခွဲစိတ် ကုသပေးခြင်းများ  ဆောင်ရွက် ပေးပြီး ဆေးရုံ တက်ရောက်ကုသ ရန် လိုအပ်သူ ၁၁ ဦးတို့ကို နီးစပ် ရာ တပ်မတော်ဆေးရုံနှင့် ပြည်သူ့ ဆေးရုံများသို့ တက်ရောက်ကုသ  နိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။ 


ထိုသို့    ကျန်းမာရေးစောင့် ရှောက်ပေးနေမှုများကို နယ်မြေခံ ရေတပ်စခန်းဌာနချုပ်မှ ဌာနချုပ် မှူးနှင့် တာဝန်ရှိသူများက လိုက်လံ ကြည့်ရှုအားပေးကာ မျက်စိခွဲစိတ် လူနာများအား  ဆေးမျက်မှန်များ     တပ်ဆင်ပေးပြီး      လက်ဆောင် ပစ္စည်းများ ပေးအပ်သည်။


ထို့ပြင်    ဆေးဝါးလာရောက် ကုသမှုခံယူသည့် ဒေသခံပြည်သူ များအား  နေ့လယ်စာကျွေးမွေး ခြင်းများ ဆောင်ရွက်ပေးခဲ့သည်။


ယခုကဲ့သို့      ကျန်းမာရေး ဆောင်ရွက်ပေးမှုများအပေါ်ဒေသခံ ပြည်သူများ၏  စကားသံများကို ယခုလိုကြားသိခဲ့ရသည် - 


ဒုတိယဗိုလ်မှူးကြီး ထွန်းသူရ 
ဒုတိယဌာနချုပ်မှူး
ပမ္မဝတီရေတပ်စခန်းဌာနချုပ်


အခမဲ့      ဆေးကုသမှုရရှိရန် ပမ္မဝတီရေတပ်စခန်း    ဌာနချုပ် အနေနဲ့     ပင်လယ်သွား    ဆေးရုံ ရေယာဉ်  (သံလွင်)   လာရောက် မယ်ဆိုတာ      သိရှိရတဲ့အချိန်မှာ  ကျွန်တော်တို့   ဒီဟိုင်းကြီးကျွန်း မြို့နယ်အုပ်ချုပ်ရေးအဖွဲ့နဲ့  ဌာန ဆိုင်ရာများ၊ ဒေသခံပြည်သူတွေကို ကြိုတင်   အကြောင်းကြားမှုတွေဆောင်ရွက်ခဲ့ပါတယ်။ အလားတူ  ဆေးကုသမယ့်အဖွဲ့တွေ      လာ ရောက်ချိန်မှာ သက်သက်သာသာ နဲ့နေထိုင်နိုင်ဖို့ နေရာထိုင်ခင်းတွေ ပြင်ဆင်ခြင်းနဲ့ နေ့စဉ်လာရောက် ဆေးကုသတဲ့      သူတွေကိုလည်း ဌာနချုပ်အနေနဲ့    လူ  ၅၀၀  စာ လောက်ကို အခမဲ့ကျွေးမွေးဆောင် ရွက်လျက်ပါတယ်။    ဒါတင်မက ပါဘူး။   ဆေးလာကုသတဲ့သူတွေ သွားရေး   လာရေး  အဆင်ပြေစေ ရေးအတွက်      ဌာနချုပ်အနေနဲ့ ကားတွေစီစဉ်ပြီးတော့    သယ်ယူ ပို့ဆောင်ရေး    စီစဉ်ဆောင်ရွက် ပေးလျက်ရှိပါတယ်။     ဒါ့အပြင် ဆေးရုံဆင်းလူနာတွေ     ပြန်ဖို့ အတွက် အခက်အခဲရှိတယ်ဆိုရင် လည်း      မိမိတို့ဌာနချုပ်အနေနဲ့ သင်္ဘော၊ လှေတွေစီစဉ်ပြီး ရပ်ရွာ အရောက် ပြန်လည်ပို့ဆောင်စီစဉ် ပေးလျက်ရှိပါတယ်။ ကျွန်တော် တို့      ဟိုင်းကြီးကျွန်းဒေသဟာ လမ်းပန်းဆက်သွယ်ရေး     အရ ခက်ခဲတဲ့အတွက် ဒေသခံပြည်သူ တွေအနေနဲ့ ရောဂါတစ်ခုခုဖြစ်ပြီဆိုလို့ရှိရင်    ဆေးရုံတက်ရောက် ကုသဖို့အတွက် သွားရေးလာရေး မှာ များစွာအခက်အခဲရှိပါတယ်။  အခုလို     တပ်မတော်နယ်လှည့် ဆေးကုသရေးအဖွဲ့  (သံလွင်)  နဲ့  ကျွန်တော်တို့     ဟိုင်းကြီးကျွန်း ဒေသကို လာရောက်ဆေးကုသ ပေးတဲ့အတွက်    ဒေသခံပြည်သူ များကိုယ်စား          တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နဲ့      တကွ တာဝန်ရှိသူတွေအားလုံးကို အထူး ကျေးဇူးတင်ရှိပါကြောင်း     ပြော ကြားလိုပါတယ်။


မစန်းစန်းအေး 
ကျုံကူးကျေးရွာ  
ဟိုင်းကြီးကျွန်းမြို့


တပ်မတော်   နယ်လှည့်ဆေး ကုသရေးအဖွဲ့ဟာ ဟိုင်းကြီးကျွန်း မြို့ကို လာရောက်ဆေးကုသတယ် ဆိုတဲ့သတင်းကြားလို့ လာရောက် ဆေးကုသခြင်း      ဖြစ်ပါတယ်။ ကျွန်မရဲ့ရောဂါက နှစ်နှစ်လောက် ရှိပါပြီ။ ကျွန်မရဲ့ ရောဂါက အသား လုံးရှိတဲ့အတွက်      ဆရာဝန်ကြီး တွေနဲ့ပြကြည့်တဲ့အခါမှာ     ဆရာ ဝန်ကြီးတွေက  ခွဲစိတ်ဖို့  ပြောပါ တယ်။ အဲဒီအချိန်မှာ ကျွန်မအနေ နဲ့ ရုတ်တရက် သိလိုက်ရတဲ့အချိန် မှာ အလွန်စိတ်လှုပ်ရှားနေပါတယ်။ ဆရာဝန်ကြီးတွေက   နွေးထွေးစွာ ကြိုဆိုပြီး ဘာမှမဖြစ်ဘူး။ ခွဲစိတ် မှုအောင်မြင်မှာပါ။   မစိုးရိမ်ပါနဲ့ ဆိုပြီး   နွေးနွေးထွေးထွေးပြောဆို ခဲ့တဲ့အတွက်      ကျွန်မအနေနဲ့ အလွန်အားရှိသွားပါတယ်။ ကျွန်မ ကြောက်နေမှန်းသိတော့     ဆရာ ဝန်ကြီးတွေက         မကြောက်ဖို့ အားပေးစကား        ပြောတယ်။

တကယ်တမ်း     ခွဲစိတ်လိုက်တဲ့ အခါမှာ ဆရာဝန်ကြီးတွေရဲ့ အပြုံး မျက်နှာ၊      နွေးနွေးထွေးထွေးနဲ့ ဆက်ဆံမှုကို    မြင်လိုက်တဲ့အခါ ကျွန်မရဲ့ရောဂါဟာ   ယူပစ်သလို ပျောက်ကင်းသွားတယ်လို့  ခံစား ရပါတယ်။     အဲဒီအတွက်လည်း ဆရာဝန်ကြီးအားလုံးကို  ကျေးဇူး တင်မိပါတယ်။ ဟိုးအရင်တုန်းက ဆိုရင်    ကျွန်မတို့ရွာမှာ    ငွေရေး ကြေးရေး    အခက်အခဲကြောင့် မသေသင့်ဘဲ သေသွားတဲ့သူလည်း ရှိပါတယ်။    အဲဒီအတွက်လည်း ကျွန်မစိတ်ထဲမှာ  အလွန်ကိုခံစား ရပါတယ်။    စိတ်မကောင်းလည်း အလွန်ဖြစ်မိပါတယ်။      အခုလို တပ်မတော် နယ်လှည့်ဆေးကုသ ရေးအဖွဲ့က ကျွန်မတင်မဟုတ်ဘူး။ ဒေသခံပြည်သူအားလုံးကို  လူမျိုး မရွေး၊  ဘာသာမရွေး  တစ်စိတ် တည်း၊   တစ်ဝမ်းတည်း   နွေးနွေး  ထွေးထွေးနဲ့  ကုသပေးတဲ့အတွက်  ကျွန်မအနေနဲ့     အလွန်ကျေးဇူး တင်  ဝမ်းသာပီတိဖြစ်ရပါတယ်။ ကျွန်မတို့ရွာက       ဆေးလာကုဖို့ အခက်အခဲဖြစ်နေတဲ့     ဒေသခံ ပြည်သူတွေကို သွားရေးလာရေး ကို အကြိုအပို့လုပ်ပေးတဲ့အပြင် ထမင်းလည်းကျွေးတယ်။    ဆေး လည်းအလကားပေးတယ်။ ခွဲစိတ် တဲ့      လူနာတွေအတွက်လည်း မေတ္တာစေတနာနဲ့   ကုသပေးတဲ့ အတွက်   ကျွန်မအနေနဲ့    ဝမ်းသာ ပီတိဖြစ်ရပါတယ်။ ကျွန်မရဲ့ရောဂါ က အပြင်မှာကုမယ်ဆိုရင် ပိုက်ဆံ အများကြီးကုန်မှာ   ကျွန်မအနေနဲ့ လည်း   မတတ်နိုင်ဘူး။   အခုလို  နယ်လှည့်   ဆေးကုသရေးအဖွဲ့နဲ့ အောင်မြင်စွာ           ကုသပေးတဲ့ အတွက် ကျွန်မအနေနဲ့ဝမ်းမြောက်  ဝမ်းသာကြည်နူး   ဖြစ်မိပါတယ်။ အခုလို     ကျွန်မလိုရောဂါတွေ ပျောက်အောင်စေလွှတ်ပြီး   စီစဉ် ပေးတဲ့ နိုင်ငံတော်အကြီးအကဲနဲ့  တာဝန်ရှိသူတွေကို အလွန်ကျေးဇူး တင်မိပါတယ်။     တပ်မတော် နယ်လှည့်ဆေး ကုသရေးအဖွဲ့ဟာ ဆေးကုသပေးတဲ့အပြင်    နောက် ထပ် ဒေသခံပြည်သူတွေအားလုံး ကိုလည်း မကြာမကြာလာရောက် ဆေးကုသပေးပါလို့ ကျွန်မအနေနဲ့ ပြောချင်ပါတယ်။ 


သတင်းစဉ်