
နေပြည်တော် နိုဝင်ဘာ ၅
ရန်ကုန်တိုင်းဒေသကြီး ကိုကိုးကျွန်းမြို့နယ် နှင့် ပါလီပါလဲ့ကျွန်း၊ ဟိုင်းကြီးကျွန်း အပါအဝင် ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ မြို့နယ်၊ ကျေးရွာများမှ ဒေသခံပြည်သူများကို ကျန်းမာ ရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက် ပေးရန် နယ်လှည့်အထူးကုဆေးအဖွဲ့များ ပါဝင်သည့် တပ်မတော်ပင်လယ်သွား ဆေးရုံ ရေယာဉ်(သံလွင်)သည် ယနေ့တွင် ကိုကိုးကျွန်း ရှိ ဒေသခံပြည်သူ ၁၉၄ ဦးကို ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက် ဆောင်ရွက်ပေးသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသမှု ဆိုင်ရာရောဂါ ၆၆ ဦး၊ ခွဲစိတ်ရောဂါ ၁၄ ဦး၊ သားဖွား/ မီးယပ်ရောဂါ ၂၁ ဦး၊ ကလေးရောဂါ ၁၇ ဦး၊ အရိုးရောဂါ ၁၅ဦး၊ နား/ နှာခေါင်း/ လည်ချောင်းရောဂါ ၁၂ ဦး၊ မျက်စိရောဂါ ၃၃ ဦးနှင့် သွားနှင့်ခံတွင်းရောဂါ ၁၆ ဦး စုစုပေါင်း ၁၉၄ ဦးတို့ကို လိုအပ်သည့် ဆေးဝါး ကုသမှုများ ဆောင်ရွက်ပေးသည်။
ထို့အပြင် ဓာတ်မှန်ရိုက်လူနာ ၁၉ ဦး၊ အာထရာဆောင်းဖြင့် စမ်းသပ်စစ်ဆေးလူနာ ၁၆ ဦး၊ ECG ဖြင့် နှလုံးစမ်းသပ်လူနာ ၃၃ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၁၂ ဦးတို့ကို ရောဂါရှာဖွေ စမ်းသပ်ကုသပေးခြင်းများ ဆောင်ရွက်ပေး နိုင်ခဲ့ပြီး ဆေးရုံတက်ရောက်ကုသရန် လိုအပ် သည့် ဒေသခံပြည်သူ နှစ်ဦးကို သက်ဆိုင်ရာ ဆေးရုံများသို့ ဆေးရုံလွှဲပြောင်းကုသပေးနိုင် ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်