တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ်(သံလွင်) ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

 

နေပြည်တော်   မတ်   ၁၀    

 

ရခိုင်ပြည်နယ်အတွင်းရှိ   ကမ်းရိုး တန်းဒေသတစ်လျှောက်မှ  ဒေသခံ ပြည်သူများအား        ကျန်းမာရေး စောင့်ရှောက်မှု      လုပ်ငန်းများ ဆောင်ရွက်ပေးရန်    တပ်မတော် ပင်လယ်သွား     ဆေးရုံရေယာဉ် (သံလွင်)   ဖြင့်     တပ်မတော်နှင့် ကျန်းမာရေး    ဝန်ကြီးဌာနတို့မှ အထူးကုဆေးအဖွဲ့များက    ပါရဂူ များ၊ ဆေးမှူးများနှင့် သူနာပြုများ သည်   ယနေ့တွင်   မာန်အောင်မြို့ နှင့်   ပတ်ဝန်းကျင်ကျေးရွာများမှ ခွဲစိတ်ကုသပြီးသော ဒေသခံပြည်သူ များကို      ဆေးရုံရေယာဉ်ပေါ်၌ လိုအပ်သည့်      ဆေးဝါးကုသမှု များ  ဆက်လက်ဆောင်ရွက်ပေးရာ တာဝန်ရှိသူများက       လိုက်လံ ကြည့်ရှုအားပေး၍    မျက်စိခွဲစိတ် လူနာများအား       မျက်မှန်များ တပ်ဆင်ပေးပြီး    အာဟာရဖြည့် စားသောက်ဖွယ်ရာ           များနှင့် လက်ဆောင်ပစ္စည်းများ ထောက်ပံ့ ပေးအပ်ကြသည်။      ထို့နောက် အဆိုပါ လူနာများကို  မာန်အောင် မြို့နယ်ခန်းမသို့     တပ်မတော် ရေယာဉ်ဖြင့်    ပြန်လည်ပို့ဆောင် ပေးသည်။

 


ကျန်းမာရေးစောင့်ရှောက်


ထို့အတူ  နယ်လှည့်အထူးကု ဆေးအဖွဲ့သည်   မာန်အောင်မြို့နှင့် ပတ်ဝန်းကျင်     ကျေးရွာများမှ ဒေသခံပြည်သူ     ၁၆၈၇   ဦးကို မာန်အောင်မြို့နယ်ခန်းမ၌ အခြေပြု ၍      ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ    ဆက်လက်ဆောင် ရွက်ပေးကြသည်။

 


ရောဂါရှာဖွေစမ်းသပ်


ထိုသို့  ဆောင်ရွက်ပေးရာတွင် ယနေ့တွင်     ဆေးကုသမှုဆိုင်ရာ ရောဂါ ၄၉၄ ဦး၊ ခွဲစိတ်ရောဂါ ၁၀၈ ဦး၊ သားဖွား/ မီးယပ်ရောဂါ ၇၅ ဦး၊ ကလေးရောဂါ   ၆၈  ဦး၊    အရိုး ရောဂါ ၃၀၂ ဦး၊ နား/  နှာခေါင်း/ လည်ချောင်းရောဂါ    ၁၂၅   ဦး၊ မျက်စိရောဂါ ၃၈၇ ဦးနှင့် သွားနှင့် ခံတွင်းရောဂါ ၁၂၈ ဦးတို့ကို လိုအပ် သည့် ဆေးဝါးကုသမှုများ  ဆောင် ရွက်ပေးသည်။ ထို့ပြင် ခွဲစိတ်ကုသ ရန်လိုအပ်သူ   အထွေထွေခွဲစိတ် လူနာ ၁၁ ဦး၊  မျက်စိခွဲစိတ်လူနာ ၁၈ ဦး၊  ဓာတ်မှန်ရိုက်လူနာ ကိုးဦး၊ အာထရာဆောင်းဖြင့်    စမ်းသပ် စစ်ဆေးလူနာ ၁၄၅ ဦး၊  ECG ဖြင့် နှလုံး   စမ်းသပ်လူနာ   ၉၀ နှင့် ဓာတ်ခွဲစမ်းသပ်လူနာ  ၄၄ ဦးတို့ကို ရောဂါရှာဖွေ    စမ်းသပ်ကုသပေးခြင်း များ       ဆောင်ရွက်ပေးပြီး ဆေးရုံ      တက်ရောက်ကုသရန်   လိုအပ်သူ သုံးဦးကို   နီးစပ်ရာတပ်မတော် ဆေးရုံသို့      တက်ရောက်ကုသ နိုင်ရေး     စီစဉ်ဆောင်ရွက်ပေးသည်။

 


ကျန်းမာရေး  ဆောင်ရွက်ပေး မှုအပေါ်   ဒေသခံပြည်သူများ၏ စကားသံများကို ယခုလိုပဲ ကြားသိ ခဲ့ရသည်-


“ကျောကုန်းမှာ    အဖုပေါက် နေတယ်။    ဒီမှာက    သွားရေး၊ လာရေး        နည်းနည်းခက်ခဲလို့ တပ်မတော်နယ်လှည့်ဆေးကုလာ တယ်ဆိုတော့    အဆင်ပြေတယ် ဆိုပြီး လာပြတာပါ။   လာပြတော့ လည်း   အကုန်လုံးအဆင်ပြေပါ တယ်။  ဒီက    လူတွေမှာလည်း ရောဂါက  နှလုံး၊   ကျောက်ကပ် အမျိုးမျိုးဖြစ်ကြတယ်။   ဒီမှာက အဲဒီလို      ရောဂါမျိုးတွေအတွက် အထူးကုကလည်းမရှိ။  မရှိတော့ တစ်ခုခုဖြစ်လာပြီဆိုရင်  ရန်ကုန်၊ တောင်ကုတ်၊     သံတွဲဘက်ကို သွားရတယ်။  ကျန်းမာရေးဌာနက လူတွေကလည်း      ဝိုင်းဝန်းပံ့ပိုး ကြတယ်။     ကိုယ်သွားချင်တဲ့၊ ရောက်ချင်တဲ့  ဌာနကိုသွားတယ်။ ဒီကဆရာကြီးတွေကလည်း အကုန် ဆေးစစ်ပေးပါတယ်။  ကိုယ့်ရောဂါ အခြေအနေကို   ကိုယ်သိတဲ့အခါ စိတ်ချမ်းသာရတယ်။    အခုလို လာရောက်   ကုသပေးတဲ့အတွက် လည်း      အလွန်ဝမ်းသာပါတယ်။ ဒီလိုမျိုး       အခက်အခဲတွေကို အလွယ်တကူ     ဖြေရှင်းနိုင်လို့ အလွန်ဝမ်းသာတယ်။    ကြည်နူး တယ်။     အခုလို   တပ်မတော်က နယ်လှည့်      ဆေးကုတာကိုလည်း ဖြစ်နိုင်ရင်   ဒီနေရာကို   ခဏခဏ လာစေချင်ပါတယ်။    နိုင်ငံတော် အကြီးအကဲကိုလည်း    ခဏခဏ လွှတ်ပေးပါလို့   တောင်းဆိုချင်ပါ တယ်။   ဒီလိုမျိုးအဆင်ပြေအောင် လာရောက်ကူညီပေးတဲ့ နိုင်ငံတော် အကြီးအကဲအား    ကျန်းမာပါစေ၊ ချမ်းသာပါစေ၊   ဘေးရန်ဝေးကွာ ပါစေလို့   ဆုတောင်းပေးပါတယ်။ ဒီထက်မကလည်း ပြည်သူတွေကို ကာကွယ်  စောင့်ရှောက်နိုင်ပါစေ လို့ မေတ္တာပို့  ဆုတောင်းလိုက်ပါ တယ်။”

 


“ဒီက    ကျန်းမာရေးဌာနမှာ တာဝန်ကျနေတဲ့  သားဖွားဆရာမ ပါ။    ဒီမာန်အောင်မြို့နယ်ရဲ့ ဒေသခံပါပဲ။  ဆရာတွေ  လိုအပ်တဲ့ အရာတွေကို  ကျွန်မတို့က  ကူညီ ပြီး    ပံ့ပိုးပေးပါတယ်။     အခုလို လာရောက်တဲ့အတွက် ကျွန်မတို့ အလွန်ပဲ  ဝမ်းမြောက်ဂုဏ်ယူမိပါ တယ်။ ဘာလို့လဲဆိုတော့   ကျွန်မ တို့   မာန်အောင်ကျွန်းက   တခြား နေရာကိုသွားပြမယ်ဆိုရင် အလွန် အခက်အခဲရှိတယ်။    ပြီးတော့ မသွားနိုင်တဲ့သူလည်း အများကြီး ရှိတာပေါ့။  အဲဒီအချိန်မှာ ဒီလိုမျိုး လာပြီး   ဆရာတို့က  ဆေးကုပေး တော့       ဒေသခံတွေအတွက်     အများကြီး    အကျိုးထူးတွေ   ရပါ တယ်။ တခြားမရှိတဲ့သူတွေအတွက် လည်း အများကြီး အထောက်ကုပြု တယ်။ ကျန်းမာရေးကိစ္စအများကြီး ဆိုးဆိုးရွားရွား     ဖြစ်တယ်ဆိုရင် ဒီမှာက       သွားရလာရတာ   အလွန်ခက်ခဲတယ်။         ပြီးတော့ ဒီမာန်အောင်မြို့ကနေပြီး   တောင် ကုတ်တို့၊  သံတွဲမြို့တို့အထိ  သွား ရတာဆိုတော့   အလွန်ခက်ခဲတယ်။ အခုလို     ကိုယ့်မြို့နယ်အတွင်း မှာ  လာပြီးတော့  ဒီလိုမျိုးကုသဖို့ အတွက်လာတယ်ဆိုတော့    ဒီက ဒေသခံတွေအနေနဲ့   အများကြီး အဆင်ပြေတယ်။          အလွန် အဆင်ပြေတယ်။ ပြီးတော့ ဒီကိုက လွယ်လင့်တကူ   လာလို့ရတယ်။ ကိုယ့်နယ်မြေခံအတွင်းမှာ လာပြီး တော့ ဆေးကုသခွင့်တွေ  ရတယ် ဆိုတော့ ပိုပြီးတော့ အဆင်ပြေတာ ပေါ့။  အခုလို  လာရောက်ကုသပေး ဖို့အတွက်   လမ်းညွှန်မှုပေးတဲ့ နိုင်ငံတော်   အကြီးအကဲနဲ့တကွ  လာရောက်ကုသပေးတဲ့  ဆရာဝန် ကြီးတွေ၊   ပြီးတော့   ဆရာမကြီး တွေ၊  သူနာပြုတွေနဲ့  အခြားကျန်းမာ ရေးဝန်ထမ်းတွေ    အကုန်လုံးကို ကျွန်မက   ဒေသခံတွေ ရဲ့ကိုယ်စား အထူးပင်ကျေးဇူးတင်ရှိပါတယ်လို့ ပြောကြားချင်ပါတယ်။”


သတင်းစဉ်