တပ်မတော်မှ နိုင်ငံတော်သို့ ၂၇၈၉ ဒသမ ၂၅ ကာရက်ရှိ ပတ္တမြားကြီး လှူဒါန်းခြင်းအခမ်းအနားကျင်းပ

 

ပတ္တမြားကြီးကို နိုင်ငံတော်ပတ္တမြား(နစကပတ္တမြား)အဖြစ် ဂုဏ်ပြုသတ်မှတ်ခေါ်ဝေါ်မည်

 

နေပြည်တော်   ဇူလိုင်   ၇


တပ်မတော်မှ နိုင်ငံတော်သို့ ၂၇၈၉ ဒသမ ၂၅ ကာရက်ရှိ  ပတ္တမြားကြီး လှူဒါန်းခြင်းအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်ရုံး ဧည့်ခန်းမ၌ ကျင်းပပြုလုပ်သည်။

 


အခမ်းအနားသို့   နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်၊ ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီ ဝင်  ဒုတိယဗိုလ်ချုပ်ကြီး    မိုးမြင့်ထွန်း၊   တွဲဖက် အတွင်းရေးမှူး    ဒုတိယဗိုလ်ချုပ်ကြီး       ရဲဝင်းဦး၊ညှိနှိုင်းကွပ်ကဲရေးမှူး  (ကြည်း၊ ရေ၊ လေ)  ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး   ဦးဝင်းရှိန်၊   သယံဇာတနှင့်    သဘာဝပတ်ဝန်းကျင်      ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး    ဦးခင်မောင်ရီ၊    နိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ  ဦးသန်းညိမ်းနှင့်  ဒုတိယဝန်ကြီးများ တက်ရောက်ကြသည်။

 


ထိုက်တန်သည့် ချီးမြှင့်မှုများ ပြုလုပ်သွားမည်


ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ်က မကြာမီက နိုင်ငံတော်နှင့် တပ်မတော်ကို ချစ်မြတ်နိုးသည့်  လူငယ်တစ်ဦးက ၎င်း၏  မိဘဘိုးဘွားများလက်ထက်က  ထိန်းသိမ်း ထားရှိသည့်  ပတ္တမြားကြီးကို  တပ်မတော်သို့  လှူဒါန်းရန်အတွက်    ကမ်းလှမ်းလာခဲ့ပါကြောင်း၊   အဆိုပါပတ္တမြားကို  တာဝန်ရှိသူများဖြင့်  စိစစ်ကြည့်သည့်အခါတွင် အဖိုးထိုက်တန်သည့် ပတ္တမြားဖြစ်သည်ကို စစ်ဆေးတွေ့ရှိရပါကြောင်း၊ ထို့ကြောင့် တပ်မတော်အနေဖြင့်    နိုင်ငံ တော်သို့  ပေးအပ်လှူဒါန်းရခြင်း ဖြစ်ပါကြောင်း၊ အလားတူပင်  ၁၉၉၀   ပြည့်နှစ်  နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု  တည်ဆောက်ရေးအဖွဲ့  အစိုးရ လက်ထက်တွင် နိုင်ငံတော်သို့  ၄၉၆  ကာရက်ရှိ  ပတ္တမြားလှူဒါန်းမှုအား  လက်ခံရရှိခဲ့ကြောင်း၊ ၂၀၁၃ ခုနှစ်တွင်  ၁၉၀၇  ကာရက်ရှိ  ပတ္တမြားကို နိုင်ငံတော်သို့    လှူဒါန်းမှုလက်ခံရရှိခဲ့ကြောင်း၊     ယခုလှူဒါန်းသည့် ပတ္တမြားကြီးသည်  ၂၇၈၉ ဒသမ ၂၅ ကာရက်ရှိပြီး အရွယ်အစားအားဖြင့်  ကြီးမားပါကြောင်း၊  ယခုပတ္တမြားကြီးကို နိုင်ငံတော်ပတ္တမြား (နစက ပတ္တမြား) အဖြစ် ဂုဏ်ပြုသတ်မှတ် ခေါ်ဝေါ်မည်ဖြစ်ပါကြောင်း၊ အဆိုပါ   ပတ္တမြားကြီးသည် ပွတ်ချောအမျိုးအစားဖြစ်ပြီး  အပြစ်အနာအဆာ ကင်းစင်ကာ  မြန်မာနိုင်ငံ   မိုးကုတ်ရတနာမြေမှ ထွက်ရှိသည့်  ရှားပါး သော ပတ္တမြားဖြစ်ကြောင်း၊  ထို့ကြောင့် လှူဒါန်းသည့် လူငယ်ကိုလည်း   ထိုက်တန်သည့် ချီးမြှင့်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

 


ထို့နောက် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က ပတ္တမြားကြီး ဆိုင်ရာ အချက်အလက်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

 


ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  နိုင်ငံတော် ဝန်ကြီးချုပ်နှင့်  အခမ်းအနား တက်ရောက်လာကြသူများသည် ပတ္တမြား ကြီးအား ကြည့်ရှုကြသည်။

 


ထူးခြားသည့် ပတ္တမြားကြီးဖြစ်


ယခု  တပ်မတော်မှတစ်ဆင့်   နိုင်ငံတော်သို့ လှူဒါန်းသည့် ၂၇၈၉ ဒသမ  ၂၅  ကာရက်ရှိ  ပတ္တမြားကြီးသည်  မာခြင်းအဆင့်  ၉ ရှိပြီး သိပ်သည်းဆ ၃ ဒသမ ၉၉ ရှိကြောင်း၊ အရောင်မှာ ခရမ်းရောင်အနည်း ငယ်သန်းသည့် အနီရောင်(Red With Purplish tint) ဖြစ်ပြီး   မိုးကုတ် ရတနာနယ်မြေမှ ထွက်ရှိသည့် အရွယ်အစားကြီးမား၍ ရှားပါးခြင်းကြောင့် ထူးခြားသည့် ပတ္တမြားကြီးဖြစ်ကြောင်း သတင်းရရှိသည်။


သတင်းစဉ်