တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း(မှော်ဘီ) ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၈) ပြန်တမ်းဝင်အရာရှိခန့်အပ်ခြင်း အခမ်းအနားကျင်းပ

နေပြည်တော်  ဒီဇင်ဘာ  ၂၂


တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(မှော်ဘီ) ဘွဲ့ရအမျိုးသမီးဗိုလ်လောင်း သင်တန်းအမှတ်စဉ်(၈) ပြန်တမ်းဝင်အရာရှိခန့်အပ်ခြင်း     အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင်  တပ်မတော်(ကြည်း)  ဗိုလ် သင်တန်းကျောင်း (မှော်ဘီ) မြဝတီခန်းမ၌ ကျင်းပရာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ စစ်ရာထူးခန့်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး လင်းအောင်၊ ကာကွယ်ရေးဦးစီး ချုပ်ရုံးမှ  တပ်မတော်အရာရှိကြီးများ၊  ကျောင်းအုပ် ကြီး   ဗိုလ်မှူးချုပ်မင်းမင်းစိုးနှင့်   ကျောင်းဆင်း ဗိုလ်လောင်းများ တက်ရောက်ကြသည်။


ခန့်အပ်လွှာများ ပေးအပ်


အစီအစဉ်အရ ဒုတိယဗိုလ်ချုပ်ကြီး လင်းအောင်၊ တပ်မတော်အရာရှိကြီးများနှင့်   ကျောင်းအုပ်ကြီး တို့သည် စင်မြင့်တွင်နေရာယူကြသည်။ ဆက်လက် ပြီး ဒုတိယဗိုလ်ချုပ်ကြီးလင်းအောင်က ကျောင်းဆင်း ဗိုလ်လောင်း တစ်ဦးချင်းစီအား ပြန်တမ်းဝင် ခန့်အပ် လွှာများ ပေးအပ်ပြီးနောက် အမှာစကား ပြောကြား ကာ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။


ယနေ့ကျင်းပသည့်     ပြန်တမ်းဝင်အရာရှိ ခန့်အပ်ခြင်း အခမ်းအနားတွင် ကျောင်းဆင်းဘွဲ့ရအမျိုးသမီးဗိုလ်လောင်းများကို ဒုတိယဗိုလ်အဆင့်ဖြင့် ရာထူးခန့်အပ် ပေးခြင်းဖြစ်သည်။ ဘွဲ့ရအမျိုးသမီး အရာရှိဗိုလ်လောင်းသင်တန်းအား တပ်မတော်အတွက် အရည်အချင်းပြည့်ဝသည့် ဦးစီးအရာရှိများ မွေးထုတ် ပေးရန်ဆိုသည့်   ရည်ရွယ်ချက်ဖြင့်  တပ်မတော် (ကြည်း)  ဗိုလ်သင်တန်းကျောင်း(မှော်ဘီ)၌  ၂၀၁၄ ခုနှစ်မှ စတင်ဖွင့်လှစ်သင်ကြားခဲ့ပြီး ယခုအခါဘွဲ့ရ အမျိုးသမီး ဗိုလ်လောင်းအမှတ်စဉ်(၈)အထိ လေ့ကျင့် မွေးထုတ်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်းနှင့် သင်တန်းဆင်း အမျိုးသမီးအရာရှိများ အနေဖြင့် သက်ဆိုင်ရာ(ကြည်း၊ ရေ၊ လေ) လက်ရုံးတပ်ဖွဲ့များတွင် အသီးသီးတာဝန် ထမ်းဆောင်ကြရမည်ဖြစ်ကြောင်း သိရသည်။ 


သတင်းစဉ်