တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် စေတနာရှင်ပြည်သူများက ဆွမ်းဆန်တော်နှင့် အလှူငွေများပေးအပ်လှူဒါန်း

 

နေပြည်တော်   ဇန်နဝါရီ    ၉


တပ်မတော် (ကြည်း၊ရေ၊လေ) အရာရှိ၊ စစ်သည်၊   အရာထမ်း၊ အမှုထမ်းများနှင့်  စေတနာရှင် အလှူရှင်များက  မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာ့နွယ်ဝင်သီလရှင်ကျောင်းများနှင့်  ဘာသာရေး ကျောင်းများသို့   ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ် လေးမျိုးနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်း၊   နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခြင်းများ ဆောင်ရွက်လျက်ရှိသည်။

 


ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်ရှိ ဇေယျာမင်္ဂလာ ပရိယတ္တိ  စာသင်တိုက်၊  မှော်ဘီမြို့နယ် ဆပ်သွားတောကျေးရွာရှိ ဘန့်ဘွေးကုန်းကျောင်းတိုက်နှင့် သန်လျင်မြို့နယ်    စစ်ပင်ကွင်းကျေးရွာရှိ အရှေ့ကျောင်းတိုက်၊ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ နှဲကြိုးကျောင်း   ပရိယတ္တိ စာသင်တိုက်၊ မန္တလေးတိုင်းဒေသကြီး အောင်မြေသာဇံမြို့နယ် စတုဘုမ္မိက မဂ္ဂင်ရိပ်သာကျောင်းတို့ရှိ ဆရာတော်၊ သံဃာတော်များနှင့် သာသနာ့နွယ်ဝင် သီလရှင်များအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ် လေးမျိုး၊   နဝကမ္မ အလှူငွေများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး  အထောက်အကူပြု ပစ္စည်းများ၊    နေ့ဆွမ်းများနှင့် လှူဖွယ်ပစ္စည်းများကို သက်ဆိုင်ရာ  တိုင်းစစ်ဌာနချုပ်အသီးသီးမှ တာဝန်ရှိသူများက   သွားရောက် ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။   
                                     

သတင်းစဉ်