တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် စေတနာရှင်ပြည်သူများက ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ၊ ဆေးနှင့် ဆွမ်းပဒေသာပင်အလှူငွေများ လှူဒါန်း

 

 

နေပြည်တော်  စက်တင်ဘာ  ၂၇


တပ်မတော်(ကြည်း၊ ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင်အလှူရှင်များက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာ့နွယ်ဝင် သီလရှင်ကျောင်းများနှင့် ဘာသာရေး ကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးနှင့် လှူဖွယ်ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်း များ ဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေးစစ်ဆေးပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။ 
ဆက်ကပ်လှူဒါန်း
ထိုသို့ ဆောင်ရွက်လျက်ရှိရာ       စက်တင်ဘာ ၂၆ ရက်နှင့်    ယနေ့ တွင်     နေပြည်တော်ကောင်စီ နယ်မြေ လယ်ဝေးမြို့နယ် သံလမ်း ကျောင်းတိုက်၊     သရက်တော ကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသ ကြီး တိုက်ကြီးမြို့နယ် လိပ်ကြည် ကျေးရွာရှိ  ဓမ္မရက္ခိတ  သာသနာ့ မဂ္ဂင်ရိပ်သာ     ကျောင်းတိုက်၊     သန်လျင်မြို့နယ် ဗိုလ်ချုပ်ကျေးရွာ ရှိ    သုဓမ္မာကျောင်းတိုက်၊   ဧရာ ဝတီတိုင်းဒေသကြီး    ပုသိမ်မြို့ အောင်မြေဘုံသာ ကျောင်းတိုက်၊ မန္တလေးတိုင်းဒေသကြီးအောင်မြေ သာစံမြို့နယ်     အောင်မဟိဒ္ဓိ ကျောင်းတိုက်၊   ပဲခူးတိုင်းဒေသ ကြီး    ပေါက်ခေါင်းမြို့    အမှတ်(၁)ရပ်ကွက်ရှိ     ပုဗ္ဗာရုံဓမ္မရိပ်သာ ကျောင်းတိုက်နှင့်     အုတ်ဖိုမြို့ အိုးသည်ကုန်းတိုက်နယ် စံကျောင်း ဘုန်းတော်ကြီးကျောင်း     အပါ အဝင်    အုတ်ဖိုမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း    ၂၄၉  ကျောင်း၊ သီလရှင်ကျောင်း ၂၀ တို့ ရှိ   ဆရာတော်၊  သံဃာတော်များ နှင့်      သာသနာ့နွယ်ဝင်သီလရှင် များအတွက်     ဆွမ်းဆန်တော်၊   ဆီ၊  ဆား၊ ပဲ အမယ်လေးမျိုး၊   ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများနှင့်     လှူဖွယ်ပစ္စည်းများကို   တိုင်းစစ် ဌာနချုပ် အသီးသီးမှ     တိုင်းမှူး များနှင့်    တာဝန်ရှိသူများက   သွားရောက်  ဆက်ကပ်လှူဒါန်း ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်