တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် စေတနာရှင်ပြည်သူများက ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ ၊ ဆေး၊ အလှူငွေများ ပေးအပ်လှူဒါန်း

 

နေပြည်တော်   နိုဝင်ဘာ    ၁၈


တပ်မတော်(ကြည်း၊ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင် အလှူရှင် များက  မြို့နယ် အသီးသီးရှိ   ဘုန်းတော်ကြီးကျောင်းများ၊ သာသနာ့နွယ်ဝင် သီလရှင်ကျောင်းများနှင့် ဘာသာ ရေးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးနှင့် လှူဖွယ်ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်းများ  ဆက်ကပ်လှူဒါန်းခြင်းနှင့်   ကျန်းမာ  ရေး   စစ်ဆေးပေးခြင်းများကို    ဆောင်ရွက်လျက် ရှိသည်။

 


ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ကရင် ပြည်နယ်   လှိုင်းဘွဲမြို့   မဟာသုမေဓာရာမတောရ စာသင်တိုက်၊ ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ် အမှတ်(၁၃)ရပ်ကွက်ရှိ ဇေယျမင်္ဂလာပရိယတ္တိစာသင် တိုက်၊   စစ်ကိုင်းတိုင်းဒေသကြီး   ခန္တီးမြို့   ပေါမိုင်း ရပ်ကွက် ရှိ ထေရဝါဒဗုဒ္ဓသာသနာပြု(ဗဟို)ကျောင်း တိုက်နှင့် မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံ  မြို့နယ် မိုးကောင်းကျောင်းတိုက်နှင့် ဒေးဒရဲကျောင်း တို့ရှိ ဆရာတော်၊ သံဃာတော်များနှင့် သာသနာ့ နွယ်ဝင် သီလရှင်များအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုး၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ရေး အထောက်အကူပြုပစ္စည်းများ၊ နေ့ဆွမ်းများနှင့် လှူဖွယ်ပစ္စည်းများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ် အသီးသီးမှ တာဝန်ရှိသူများက သွားရောက်ဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။


သတင်းစဉ်