တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် စေတနာရှင်ပြည်သူများက ဆွမ်းဆန်တော်၊  ဆီ၊ ဆား၊ ပဲ ၊ ဆေး၊ ဆွမ်းပဒေသာပင်အလှူငွေများ ပေးအပ်လှူဒါန်း

 

နေပြည်တော် အောက်တိုဘာ  ၁၉


ကိုဗစ်-၁၉ ရောဂါ     ကြိုတင် ကာကွယ်ရေးလုပ်ငန်းများ ဆောင် ရွက်နေသည့်ကာလအတွင်း ဆွမ်း ကိစ္စရပ်များ   အဆင်ပြေစေရန် ရည်ရွယ်၍ တပ်မတော်(ကြည်း၊ ရေ၊ လေ) အရာရှိ၊   စစ်သည်၊ အရာထမ်း၊  အမှုထမ်းများနှင့် စေတနာရှင်   အလှူရှင်များက မြို့နယ်အသီးသီးရှိ  ဘုန်းတော် ကြီးကျောင်းများ၊     သာသနာ့ နွယ်ဝင်    သီလရှင်ကျောင်းများ နှင့်  ဘာသာရေးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊  ဆား၊  ပဲ အမယ်လေးမျိုးနှင့်    လှူဖွယ် ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်း များ  ဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေး စစ်ဆေးပေးခြင်း များကို ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ် (အရှေ့ ပိုင်း)   မိုင်းဖြတ်မြို့   ခတ္တိယ ဘုန်းတော်ကြီးကျောင်း၊ ဧရာဝတီ တိုင်းဒေသကြီး         ပုသိမ်မြို့ လေဆိပ်တပ်ဦး စာသင်တိုက်နှင့် ဟိုင်းကြီးကျွန်းမြို့    သာသနာ ရောင်ခြည်  ကျောင်းတိုက်တို့ရှိ ဆရာတော်၊ သံဃာတော်များနှင့် သာသနာ့နွယ်ဝင်    သီလရှင်များ အတွက်  ဆွမ်း  ဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုး၊ ကိုဗစ်-၁၉ ရောဂါ       ကာကွယ်ရေး အထောက်အကူပြု  ပစ္စည်းများ၊ နဝကမ္မအလှူငွေများ၊   နေ့ဆွမ်း များနှင့်  လှူဖွယ်ပစ္စည်းများကို သက်ဆိုင်ရာ   တိုင်းစစ်ဌာနချုပ် အသီးသီးမှ    တာဝန်ရှိသူများက သွားရောက်ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
သတင်းစဉ်