တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် စေတနာရှင်ပြည်သူများက ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုး၊ နေ့ဆွမ်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်း

 

နေပြည်တော်  ဩဂုတ်  ၃၀


တပ်မတော် (ကြည်း၊ ရေ၊ လေ) အရာရှိ၊   စစ်သည်၊  အရာထမ်း၊ အမှုထမ်းများနှင့်   စေတနာရှင် အလှူရှင်များက မြို့နယ်အသီးသီး ရှိ   ဘုန်းတော်ကြီးကျောင်းများ၊ သာသနာ့နွယ်ဝင်         သီလရှင် ကျောင်းများ၊ ဘာသာရေးကျောင်း များနှင့်    ဘိုးဘွားရိပ်သာများသို့ ဆွမ်းဆန်တော်၊   ဆီ၊  ဆား၊  ပဲ အမယ်လေးမျိုးနှင့် လှူဖွယ်ပစ္စည်း များ  လှူဒါန်းခြင်း၊   နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် လိုအပ် သည့် ကျန်းမာရေးစစ်ဆေးကုသပေးခြင်းများကို ဆောင်ရွက်လျက် ရှိသည်။

 


ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင်        ရှမ်းပြည်နယ် တောင်ပိုင်း        လွိုင်လင်မြို့ရှိ သာသနဝိပုလပရိယတ္တိ  စာသင် တိုက်       ဓာတ်တော်ကျောင်း၊ ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့ နယ်   အမှတ်   (၁၃)  ရပ်ကွက်ရှိ ဇေယျာမင်္ဂလာ      ကျောင်းတိုက်၊ လှည်းကူးမြို့နယ်   မြေနီကုန်း ကျေးရွာရှိ       သာသနာ့မဏ္ဍိုင် ကျောင်းတိုက်၊     ဒလမြို့နယ် တာကြီးရပ်ကွက်ရှိ    ပုညာရာမ ကျောင်းတိုက်၊    ဧရာဝတီတိုင်း ဒေသကြီး ကျုံပျော်မြို့ရှိ မစိုးရိမ် ကျောင်းတိုက်၊    ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ သုဝဏ္ဏဘူမိတပ်ဦး ကျောင်း၊ အမ်းမြို့နယ်ရှိ ဒိုင်ကြီး ကျေးရွာဘုန်းတော်ကြီးကျောင်း၊ ဘူးသီးတောင်မြို့နယ်ရှိ အောင်မြေ ရတနာ  ဘုန်းတော်ကြီးကျောင်း၊ ပုပ္ပါရုံဘုန်းတော်ကြီးကျောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး လဟယ် မြို့ရှိ   ထေရဝါဒဗုဒ္ဓသာသနာပြု သီလရှင်ကျောင်း၊   မန္တလေးတိုင်း ဒေသကြီး    ပြင်ဦးလွင်မြို့နယ်ရှိ မြိုင်းကြီးကျေးရွာ ဘုန်းတော်ကြီး ကျောင်း၊ ပတ္တမြားဘုန်းတော်ကြီး ကျောင်း၊ စမတောင်ကျောင်းတိုက်၊ သုံးတောင်ကျေးရွာရှိ အောင်ဘုံ သုခတောရဓမ္မရိပ်သာ၊   ကျွဲနွား ထောက်ကျေးရွာရှိ    မိုးကုတ်ပရိ ယတ္တိ      သီလရှင်စာသင်တိုက်၊ မိုင်းလုံးကျေးရွာ ဘုန်းတော်ကြီး ကျောင်း၊ ကျောက်ပန်းတောင်းမြို့ ရှိ     နွယ်ရိုးတောရဓမ္မရိပ်သာ၊ မြတ်ရွှေဂူစာသင်တိုက်၊ သပြေရိုး ကျေးရွာ      ဘုန်းတော်ကြီး ကျောင်းတို့မှ    သံဃာတော်များနှင့် သာသနာ့နွယ်ဝင်      သီလရှင်များ အား ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုး၊ နဝကမ္မအလှူငွေ များ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ရေး   အထောက်အကူပြုပစ္စည်း များ၊ နေ့ဆွမ်းများနှင့် လှူဖွယ် ပစ္စည်းများကို   တိုင်းစစ်ဌာနချုပ် အသီးသီးမှ     တိုင်းမှူးများနှင့် တာဝန်ရှိသူများက  သွားရောက် ဆက်ကပ်       လှူဒါန်းခဲ့ကြပြီး နယ်မြေခံဆေးအဖွဲ့များက လိုအပ် သည့် ကျန်းမာရေးစစ်ဆေးကုသ ပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြ သည်။

 


ထို့ပြင်   မန္တလေးတိုင်းဒေသ ကြီး    ပြင်ဦးလွင်မြို့    ရေငယ် ကျေးရွာရှိ   ချယ်ရီမြေဘိုးဘွား ရိပ်သာနှင့် မြင်းခြံမြို့ အမှတ်(၂၀)ရပ်ကွက်တို့ရှိ    ဘိုးဘွားရိပ်သာ များမှ   အဘိုး၊  အဘွားများအား သက်ဆိုင်ရာ တပ်နယ်အသီးသီးမှ နယ်မြေခံတပ်မတော်သားများက အလှူငွေများနှင့်    အာဟာရဖြည့်    စားသောက်ဖွယ်ရာများ   သွား ရောက်လှူဒါန်းပြီး    နယ်မြေခံ ဆေးအဖွဲ့များက    လိုအပ်သည့် ကျန်းမာရေး         စစ်ဆေးကုသ ပေးခြင်းများ     ဆောင်ရွက်ပေး ခဲ့ကြကြောင်း       သတင်းရရှိ သည်။                    

သတင်းစဉ်