
နေပြည်တော် ဇန်နဝါရီ ၄
တပ်မတော်စွမ်းရည်သတ္တိနှင့် စွမ်းဆောင်မှု ဆိုင်ရာဂုဏ်ထူးဆောင်တံဆိပ်နှင့် လက်မှတ်များ ချီးမြှင့်အပ်နှင်းခြင်းအခမ်းအနားကို ယနေ့မွန်းလွဲပိုင်း တွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌ ကျင်းပ ပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် တက်ရောက် မိန့်ခွန်းပြောကြားပြီး ဂုဏ်ထူးဆောင်တံဆိပ်နှင့် လက်မှတ်များကို ချီးမြှင့်အပ်နှင်းပေးသည်။
တက်ရောက်
အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်နှင့်အတူ ဇနီးဒေါ်ကြူကြူလှ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ် ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး သရေစည်သူစိုးဝင်းနှင့် ဇနီးဒေါ်သန်းသန်းနွယ်၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ)နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများနှင့်ဇနီးများ၊ တပ်မတော်စွမ်းရည် သတ္တိနှင့် စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင် တံဆိပ်နှင့် လက်မှတ်လက်ခံရယူကြမည့် အရာရှိ၊ စစ်သည်များနှင့်အမွေခံများ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဂုဏ်ပြုအမှာ စကားပြောကြားရာတွင် လွတ်လပ်ရေးနှင့် အချုပ် အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် အမိ နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ရန်သည် နိုင်ငံသားတိုင်း၏ သမိုင်းပေးတာဝန်ပင်ဖြစ်ကြောင်း၊ ထိုကဲ့သို့ သမိုင်းပေးတာဝန်များကို ရဲစွမ်း ပြောင်မြောက်သည့် သူရသတ္တိများနှင့် မိမိတို့၏ အသက်ခန္ဓာကို စတေးခံပြီး တိုင်းပြည်ကို အလုပ် အကျွေးပြုခဲ့ကြသည့် နိုင်ငံသားကောင်းများကို ယခုကဲ့သို့ လွတ်လပ်ရေးနေ့အခါသမယရောက်တိုင်း ထိုက်တန်စွာဂုဏ်ပြုချီးမြှင့်လျက်ရှိခြင်းသည် ဂုဏ်ပြု ထိုက်သူကို ဂုဏ်ပြုခြင်းဖြစ်သကဲ့သို့ မျိုးဆက်သစ်လူငယ်များ၊ မျိုးဆက်သစ် တပ်မတော်သားများ အနေဖြင့်လည်း အားကျ အတုယူစေရန်ပင်ဖြစ် ကြောင်း။
မော်ကွန်းထိုးထားဆဲ
တိုင်းပြည်တစ်ခုအတွက် ကိုယ်ပိုင်လွတ်လပ်ရေး နှင့် အချုပ်အခြာအာဏာဆိုသည်မှာ အလွန်အရေးကြီးသည့်အရာများပင်ဖြစ်ကြောင်း၊ တိုင်းပြည် လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ရင်း အသက်ပေး ခဲ့ကြသူများအတွင်း၌ မျိုးချစ်တိုင်းရင်းသားပြည်သူများသာမက ရဟန်းသံဃာများအထိ ပါဝင်ခဲ့သည်ကို
m စာမျက်နှာ ၇ မှ
အားလုံးသိရှိပြီးဖြစ်ကြောင်း၊ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့သော်လည်း ၎င်းတို့၏အမည်များသည် “အာဇာနည်မျိုး သေရိုးမရှိ” ဟူသည့်အတိုင်း ယနေ့တိုင် မြန်မာ့သမိုင်းမှတ်တမ်းတွင် မော်ကွန်း ထိုးထားဆဲဖြစ်ကြောင်း၊ လွတ်လပ်ရေးကြိုးပမ်းမှု နှင့်အတူ ပေါ်ပေါက်ခဲ့သည့် ခေတ်သစ်မြန်မာ့ တပ်မတော်သည် “ရဲသော်မသေ သေသော်ငရဲမလား” ခံယူချက်နှင့်အညီ အာဇာနည်ထုံး နှလုံးမူပြီး သူရဲကောင်းမြောက်မြားစွာကို မွေးထုတ်ပေးခဲ့ ကြောင်း၊ ထိုကဲ့သို့ မျိုးချစ်သူရဲကောင်းများ၏
အမည်နာမများသည် မည်သည့်အခါမျှ တိမ်မြုပ် ပျောက်ကွယ်သွားမည်မဟုတ်ဘဲ ခေတ်အဆက်ဆက် အမိမြန်မာနိုင်ငံတော်ဆိုသည့် ပန်းဥယျာဉ်ကြီး အတွင်း၌ ထာဝရ သင်းပျံ့နေမည်ပင်ဖြစ်ကြောင်း။
အမျိုးသားနိုင်ငံရေးတာဝန်
အမိနိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားပြည်သူများသည် တိုင်းပြည်တည်ငြိမ် အေးချမ်းပြီး ကောင်းမွန်စွာ လုပ်ကိုင်စားသောက် လိုသူများပင်ဖြစ်ကြကြောင်း၊ တပ်မတော်အနေဖြင့် နိုင်ငံတော်ကို လုံခြုံအောင်ကာကွယ်ပြီး ပြည်သူများ စိတ်အေးချမ်းသာစွာနေနိုင်ရေး စောင့်ရှောက်လျက် ရှိကြောင်း၊ တည်ငြိမ်အေးချမ်းရေး၊ စည်းလုံးညီညွတ် ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အခြေခံမူများ ချမှတ်ပြီး ဆောင်ရွက်နေခြင်းသည် အမျိုးသား နိုင်ငံရေးတာဝန်များကို ထမ်းဆောင်ခြင်းပင် ဖြစ်ကြောင်း။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကြီးမှ ဖြစ်ပေါ်လာခဲ့သည့် နိုင်ငံရေး မသမာမှုဖြစ်သော မဲမသမာမှုဖြစ်စဉ်များကြောင့် တပ်မတော်က (၂၀၀၈ ခုနှစ်) ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်အညီ နိုင်ငံတော်တာဝန်အရပ်ရပ်ကို ခေတ္တထိန်းသိမ်းပေးခဲ့ရသည်မှာ ယခုဆိုပါက တစ်နှစ် သက်တမ်း ပြည့်မြောက်တော့မည်ပင်ဖြစ်ကြောင်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ရှေ့လုပ်ငန်းစဉ်များ၊ ဦးတည်ချက်များ ချမှတ်ပြီး နိုင်ငံတော်ကို လမ်းကြောင်းမှန်ပေါ် ပြန်လည်ရောက် ရှိနိုင်အောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ရှေ့လုပ်ငန်းစဉ်(၅)ရပ်အတွင်း၌ ချမှတ်ထားသည့် “ တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ် (NCA)ပါ သဘောတူညီချက်များအတိုင်း ဖြစ်နိုင်သမျှ အလေးထားလုပ်ဆောင်သွားမည်” ဟူသည့်အချက်သည် တပ်မတော်အနေဖြင့် အမျိုးသားနိုင်ငံရေးနှင့် ပတ်သက်လာပါက ငြိမ်းချမ်းရေးကို မည်မျှအလေးထားသည်ကို ဖော်ပြ နေခြင်းပင်ဖြစ်ကြောင်း။
မှတ်တမ်းတင်ဂုဏ်ပြု
အများသူငါ လုပ်ဆောင်နိုင်ရန်ခဲယဉ်းသည့် တာဝန်များကို စွန့်လွှတ်စွန့်စားမှုအပြည့်ဖြင့် ကျေကျေပွန်ပွန် ထမ်းဆောင်ခဲ့သူများအတွက် တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင် တံဆိပ်နှင့် လက်မှတ်များ ချီးမြှင့်အပ်နှင်းခြင်း အခမ်း အနားကို မင်္ဂလာတရားတော်နှင့်အညီ နှစ်စဉ်နှစ်တိုင်း လွတ်လပ်ရေးနေ့အခါသမယတွင် ကျင်းပပြုလုပ် ပေးလျက်ရှိကြောင်း၊ တိုင်းပြည်နှင့် လူမျိုးအတွက် အခက်အခဲကိုအမှုမထားဘဲ အသက်စွန့်လွှတ်မှု၊ ကြံ့ခိုင်သည့်စိတ်ဓာတ်၊ ပြောင်မြောက်သည့် သူရသတ္တိများဖြင့် ရဲရဲဝံ့ဝံ့ တိုက်ပွဲဝင်ဆောင်ရွက်မှု၊ စွန့်လွှတ်စွန့်စားသည့်စိတ်ဓာတ်၊ ခိုင်မာသည့် သန္နိဋ္ဌာန် စိတ်ဓာတ်များဖြင့် တာဝန်ထမ်းဆောင်မှုတို့ အတွက် အထူးပင်ဂုဏ်ယူမိသကဲ့သို့ ဆုတံဆိပ်များ ချီးမြှင့်ခြင်းမခံရသော်လည်း တက်ညီလက်ညီ စွမ်းဆောင်ခဲ့ကြသူများအားလုံးကို မှတ်တမ်းတင် ဂုဏ်ပြုပါကြောင်းဖြင့် ပြောကြားလိုကြောင်း။
ချီးမြှင့်အပ်နှင်း
ယနေ့နံနက်ပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီရုံး၌ ပြုလုပ်ခဲ့သည့် အခမ်းအနား၌ သရေစည်သူဘွဲ့ရရှိသူတစ်ဦး၊ စည်သူဘွဲ့ရရှိသူ ၁၀ ဦး၊ သူရဘွဲ့ရရှိသူတစ်ဦး၊ ဇေယျကျော်ထင်ဘွဲ့ရရှိသူ ၁၇ ဦးတို့ကို ချီးမြှင့်ပေးခဲ့ပြီးဖြစ်ကြောင်း၊ ယခု အခမ်းအနားတွင် သူရဲကောင်းမှတ်တမ်းဝင်တံဆိပ် ရရှိသူခြောက်ဦး၊ သိပ္ပံပညာထူးချွန်တံဆိပ်(ပထမ)ဆင့်ရရှိသူရှစ်ဦး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ၏ သူရဲကောင်းလက်မှတ်ရရှိသူ နှစ်ဦး၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ ဂုဏ်ထူးဆောင်လက်မှတ် ရရှိသူနှစ်ဦး စုစုပေါင်း ၁၈ ဦးတို့ကို ချီးမြှင့်ပေး သွားမည်ဖြစ်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ သူရဲကောင်းလက်မှတ်ရရှိသူ ၄၀ နှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ ဂုဏ်ထူးဆောင်လက်မှတ် ရရှိသူ ၈၂ ဦးတို့ကိုလည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုယ်စား သက်ဆိုင်ရာ တိုင်းမှူးများက တစ်ချိန်တည်းတစ်ပြိုင်တည်း ချီးမြှင့်အပ်နှင်းသွားမည်ဖြစ်ကြောင်း။
m စာမျက်နှာ ၈ မှ
မျိုးဆက်သစ်များအနေဖြင့် ရှင်မဟာရဋ္ဌသာရ၏ ဂမ္ဘီသာရပျို့လာ “ရဲရေးရောက်သော်၊ ရွံ့ကြောက် မဲ့တွန်၊ နိုင်ငံ့ဝန်၌၊ ကုမ္ဘာန်ယက္ခ၊ နာဂခြင်္သေ့၊ ရင်ဆိုင်တွေ့လည်း၊ ခွာ၍မတွန့်၊ အသက်စွန့်လော့” ဟူသည့် စိတ်များဖြင့် အသက်ခန္ဓာနှင်းအပ်ကာ ရည်မှန်းချက်တာဝန်များကို မတွန့်မဆုတ် ကျေပွန် အောင် ထမ်းဆောင်ခဲ့ကြသည့် ရဲဘော်ရဲဘက်များ၏ ယုံကြည်ချက် ခံယူချက်ကောင်းများကို အားကျ အတုယူကာ နိုင်ငံတော်က အားကိုးရပြီး ပြည်သူ လူထုကလေးစားအားထားရသည့် မျိုးချစ်တပ်မတော် သားကောင်းဇာနည်များဖြစ်အောင် ကြိုးပမ်း
ဆောင်ရွက်သွားကြရန် မှာကြားလိုကြောင်း ပြောကြားသည်။
ပေးအပ်ချီးမြှင့်
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် က သူရဲကောင်းမှတ်တမ်းဝင်တံဆိပ်ရရှိသူ ဗိုလ်မှူး တစ်ဦး၊ ဗိုလ်ကြီးတစ်ဦး၊ တပ်ကြပ်ကြီးနှစ်ဦး၊ ဒုတိယတပ်ကြပ်နှစ်ဦးတို့ကို လည်းကောင်း၊ သိပ္ပံ ပညာထူးချွန်တံဆိပ်(ပထမအဆင့်) ရရှိသူ ဒုတိယ ဗိုလ်မှူးကြီးခြောက်ဦး၊ ဗိုလ်မှူးနှစ်ဦးတို့ကို လည်းကောင်း၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ သူရဲကောင်းလက်မှတ်ရရှိသူ ဒုတိယဗိုလ်မှူးကြီး
တစ်ဦး၊ ဗိုလ်မှူးတစ်ဦးတို့ကို လည်းကောင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဂုဏ်ထူးဆောင် လက်မှတ်ရရှိသူ ဗိုလ်မှူးကြီးတစ်ဦး၊ ဗိုလ်ကြီး
တစ်ဦးတို့ကိုလည်းကောင်း ဆုတံဆိပ်နှင့် လက်မှတ် များ အသီးသီးပေးအပ်ချီးမြှင့်သည်။
စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တပ်မတော်စွမ်းရည်သတ္တိနှင့် စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်နှင့် လက်မှတ်များရရှိခဲ့သည့် အရာရှိ၊ စစ်သည်များ၊ အမွေခံများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး
ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့် အဖွဲ့ဝင်များသည် တပ်မတော်စွမ်းရည်သတ္တိနှင့် စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်နှင့် လက်မှတ်များ ချီးမြှင့်ခံရသူများကို လက်ဖက်ရည် ဝိုင်းဖြင့် တည်ခင်းဧည့်ခံခဲ့ပြီး မြဝတီတေးဂီတအဖွဲ့က တေးသီချင်း၊ အက၊ အလှများဖြင့် ဖျော်ဖြေကြ
သည်။
အခမ်းအနားအပြီးတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တပ်မတော်စွမ်းရည်သတ္တိနှင့် စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်နှင့် လက်မှတ်များ ချီးမြှင့်ခံရသူများကို ရင်းရင်းနှီးနှီးနှုတ် ဆက်သည်။
တပ်မတော်တွင် စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူး ဆောင်တံဆိပ်နှင့် လက်မှတ်ရရှိသူများအနေဖြင့် ၂၀၂၁ ခုနှစ် ဇန်နဝါရီလအထိ အောင်ဆန်းသူရိယဘွဲ့ ရရှိသူ ခြောက်ဦး၊ သီဟသူရဘွဲ့ရရှိသူ ၅၀၊ သူရဘွဲ့ရရှိသူ ၅၄၆ ဦး၊ သီဟဗလတံဆိပ်ရရှိသူ
ခြောက်ဦး၊ သူရဲကောင်းမှတ်တမ်းဝင်ရရှိသူ ၁၈၆၀၊ သူရဲကောင်းမှတ်တမ်းဝင်တံဆိပ်ရရှိသူ ၂၀၁၈ ဦး၊ စစ်သေနာပတိချုပ်၏ သူရဲကောင်းလက်မှတ်ရရှိသူ ၃၃၉ ဦး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ သူရဲကောင်းလက်မှတ်ရရှိသူ ၂၉၈၇ ဦး၊ စစ်သေနာပတိချုပ်၏ ဂုဏ်ထူးဆောင်လက်မှတ် ရရှိသူ ကိုးဦး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဂုဏ်ထူးဆောင်လက်မှတ်ရရှိသူ ၁၉၀၁ ဦး ရှိပြီ ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်