တပ်မတော်ဆေးရုံများ၌ တက်ရောက်ကုသမှုခံယူနေသူများကို ကြည့်ရှုအားပေး

 

နေပြည်တော်  နိုဝင်ဘာ  ၅


ရှမ်းပြည်နယ်   (တောင်ပိုင်း) တောင်ကြီးမြို့ရှိ    တပ်မတော် ဆေးရုံ၊ အောင်ပန်းမြို့ရှိ တပ်မတော် ဆေးရုံ၊ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ရှိ   နယ်မြေခံဆေးတပ် ရင်း၊ တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့ရှိ   တပ်မတော် ဆေးရုံနှင့်   စစ်ကိုင်းတိုင်းဒေသ ကြီး မုံရွာမြို့ရှိ တပ်မတော်ဆေးရုံ တို့၌     တက်ရောက်ကုသမှုခံယူ လျက်ရှိသော အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် ဒေသခံပြည်သူ များအား ယနေ့တွင် တိုင်းဒေသ ကြီးနှင့် ပြည်နယ်များမှ ဝန်ကြီး ချုပ်များ၊   သက်ဆိုင်ရာ တိုင်းစစ် ဌာနချုပ်များမှ တိုင်းမှူးများနှင့်  တာဝန်ရှိသူများက   သွားရောက် ကြည့်ရှု၍   တစ်ဦးချင်း၏  ရောဂါ ဖြစ်ပွားမှုများ၊ ဆေးကုသပေးထား မှုနှင့်    ကျန်းမာရေးတိုးတက်မှု အခြေအနေများကို ရင်းရင်းနှီးနှီး မေးမြန်း        အားပေးစကားပြော ကြားကာ စားသောက်ဖွယ်ရာများ ပေးအပ်သည်။

 


ထို့နောက် ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများ သည်      ဆေးရုံများအတွင်း လှည့်လည်ကြည့်ရှု၍ လိုအပ်သည် များ   ညှိနှိုင်းဆောင်ရွက်ပေးခဲ့ ကြောင်း သတင်းရရှိသည်။


သတင်းစဉ်