တပ်မတော်ဆေးရုံများ၌ တက်ရောက်ကုသမှုခံယူနေသူများအား ကြည့်ရှုအားပေး၊ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်

 

နေပြည်တော် ဩဂုတ်  ၁၃


နေပြည်တော်ကောင်စီနယ်မြေ  ဇေယျာသီရိမြို့နယ်ရှိ  တပ်မတော်ဆေးရုံနှင့် စစ်ကိုင်းတိုင်းဒေသကြီး  ကလေးမြို့ရှိ  တပ်မတော်ဆေးရုံတို့၌   တက်ရောက် ကုသမှုခံယူလျက်ရှိသည့် သံဃာတော်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ စစ်မှု ထမ်းဟောင်း  အဖွဲ့ဝင်များ၊   မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊  ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများအား ယနေ့တွင် သက်ဆိုင်ရာတိုင်းစစ်ဌာန ချုပ်များမှ တိုင်းမှူးများနှင့် တာဝန်ရှိများက သွားရောက်ကြည့်ရှု၍ တစ်ဦးချင်း၏ ‌ရောဂါဖြစ်ပွားမှု၊ ဆေးဝါးကုသပေးထားမှုနှင့် ကျန်းမာရေးတိုးတက်မှုအခြေအနေ များကို ရင်းရင်းနှီးနှီးမေးမြန်း အားပေးစကားပြောကြားပြီး စားသောက်ဖွယ်ရာ များနှင့် ထောက်ပံ့ငွေများ ပေးအပ်သည်။

 


ထို့နောက် တိုင်းမှူးများနှင့် တာဝန်ရှိသူများသည် ဆေးရုံအတွင်း လှည့်လည် ကြည့်ရှုပြီး  လိုအပ်သည်များ   ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်