“တပ်မတော်စာတိုက်ခန်း” အစီအစဉ် ဆောင်ရွက်ပေးမည်


 

နေပြည်တော်   နိုဝင်ဘာ   ၂၂
အကြောင်းအမျိုးမျိုးကြောင့် မိသားစုနှင့် အချိန်ကာလကြာရှည်စွာ အဆက်အသွယ်ပြတ်၍ ဝေးကွာနေ ကြသော တပ်မတော်သားများအတွက် မိသားစု၊ ဆွေမျိုးသားချင်း၊ မိတ်ဆွေသင်္ဂဟများနှင့် ပြန်လည် အဆက်အသွယ်ရရှိစေရန် သဇင် FM ၏ ဖုန်းနံပါတ် ၀၃၃-၆၀၁၇၀ သို့ တနင်္လာနေ့မှ သောကြာနေ့အထိ ရုံးချိန်အတွင်း ဆက်သွယ်၍လည်းကောင်း၊ Thazin FM Facebook Page မှတစ်ဆင့် Message ပေးပို့၍ လည်းကောင်း၊ သဇင် FM ၏ စာတိုက်သေတ္တာအမှတ်(၁၅)သို့ လိပ်မူပြီး စာလွှာပေးပို့၍လည်းကောင်း ပါဝင်နိုင်ပြီဖြစ်ကြောင်း သိရသည်။
သတင်းစဉ်