တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး ကျန်းမာရေးအထောက်အကူပြုပစ္စည်းနှင့်ဆန်အိတ်များ ထောက်ပံ့

 

ထားဝယ်      စက်တင်ဘာ   ၁၇


တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့က ကိုဗစ်-၁၉ ရောဂါ  ကာကွယ်  ထိန်းချုပ်နိုင်ရေးအတွက် မြိတ်-ထားဝယ်ခရိုင် (KNU)ကရင်အမျိုးသားအစည်းအရုံး၊ မြိတ်ခရိုင် ကရင်စာပေနှင့်  ယဉ်ကျေးမှုကော်မတီ၊ ကရင်မော်ကယ် (ဆလုံ)   စာပေနှင့်    ယဉ်ကျေးမှု အသင်းများ၊ ခရစ်ယာန်သာသနာပြုအသင်းများသို့ကျန်းမာရေး      အထောက်အကူပြုပစ္စည်းများနှင့် ဆန်အိတ်များ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနား ကို ယနေ့နံနက် ၉ နာရီခွဲက ထားဝယ်မြို့ တိုင်း ဒေသကြီး    အစိုးရအဖွဲ့ရုံး   အစည်းအဝေးခန်းမ၌ ကျင်းပသည်။


အခမ်းအနားတွင်   တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်နိုင်ရေး အတွက်   တိုင်းရင်းသားအဖွဲ့များကို    ကျန်းမာရေး အထောက်အကူပြုပစ္စည်းနှင့်    ဆန်အိတ်များကို ကိုဗစ်-၁၉ ကာလအတွင်း    အထောက်အကူဖြစ်စေ ရန်ရည်ရွယ်၍ ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း၊တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တိုင်းရင်းသား များကို လိုအပ်သော ဆေးဝါးများနှင့်  ကျန်းမာရေး အထောက်အကူပြုပစ္စည်းများ       ထောက်ပံ့ပေး အပ်ခြင်းဖြစ်ပြီး လိုအပ်ချက်များရှိပါက တင်ပြပေးရန် လိုအပ်ကြောင်း၊  တိုင်းရင်းသားများအား မှတ်ပုံတင် ပြုလုပ်ပေးခြင်းလုပ်ငန်းနှင့်    ကိုဗစ်-၁၉  ရောဂါ ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို       စီစဉ် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း    ပြောကြား သည်။


ထို့နောက် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် နိုင်ရေးအတွက်    တိုင်းဒေသကြီးအစိုးရအဖွဲ့က မြိတ်ခရိုင် မြိတ်မြို့နယ်၊ ကျွန်းစုမြို့နယ်နှင့် တနင်္သာရီ မြို့နယ်အတွင်းရှိ    ကရင်တိုင်းရင်းသားလူမျိုးများအား (ငွေကျပ်  ၅၁၄၇၅၀၀ တန်ဖိုးရှိ) ကျန်းမာရေး အထောက်အကူပြုပစ္စည်းနှင့်       ဆန်အိတ်ပစ္စည်း များကိုလည်းကောင်း၊   ကျွန်းစုမြို့နယ်အတွင်းရှိ မော်ကယ်(ဆလုံ)တိုင်းရင်းသားများအား (ငွေကျပ် ၄၂၄၁၀၀၀ တန်ဖိုးရှိ) ပစ္စည်းများကိုလည်းကောင်း၊     မြိတ်-  ထားဝယ်ခရိုင်(KNU)  ကရင်အမျိုးသား အစည်းအရုံးသို့ (ငွေကျပ်၂၉၃၂၄၀၀၀တန်ဖိုးရှိ) ပစ္စည်းများကိုလည်းကောင်း  တိုင်းဒေသကြီးဝန်ကြီး ချုပ်က ပေးအပ်ရာ  တာဝန်ရှိသူများကလက်ခံရယူပြီး ကျန်းမာရေး     အထောက်အကူပြုပစ္စည်းနှင့်      ဆန်အိတ်များ လက်ခံရရှိသူများကိုယ်စား   မြိတ်-ထားဝယ်ခရိုင် (KNU)ကရင်အမျိုးသား အစည်းအရုံးမှ  ပဒိုဝင်းခိုင်က       ကျေးဇူးတင်စကားပြန်လည်   ပြောကြားကြောင်း သိရသည်။


တိုင်းဒေသကြီး(ပြန်/ဆက်)