
နေပြည်တော် ဖေဖော်ဝါရီ ၇
တနင်္သာရီတိုင်းဒေသကြီး ကလိန် အောင်မြို့နယ်အတွင်း NUG ၊ CRPH လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများက ဘုရား ဖူး ပြန်လာသည့် မော်တော်ယာဉ် အား လက်နက်ငယ်များဖြင့် ပစ်ခတ်မှုကြောင့် သံဃာတော် တစ်ပါး အပါအဝင် နှစ်ဦးသေဆုံး ခဲ့ပြီး ခြောက်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။
အကြောင်းမဲ့ပစ်ခတ်
ဖြစ်စဉ်မှာ ယာဉ်မောင်း ဦးသန်းထွေး မောင်းနှင်ပြီး ကလိန် အောင်မြို့ ရာဖူးသစ်ကျေးရွာ ဗုဒ္ဓသာသနာ ရက္ခိတကျောင်း ကျောင်းထိုင် ဆရာတော် ဘဒ္ဒန္တ ဥက္ကဋ္ဌနှင့် တပည့်ဒါယကာ ရှစ်ဦး တို့သည် ဖေဖော်ဝါရီ ၆ ရက် နံနက်ပိုင်းတွင် ရာဖူးသစ်ကျေးရွာ မှ ထားဝယ်မြို့ရှိ ဘုရားများအား သွားရောက်ဖူးမြော်ကြည်ညိုပြီး ပြန်လည် ထွက်ခွာလာစဉ် ညနေ ၃ နာရီခန့်တွင် ကလိန်အောင် မြို့၏တောင်ဘက် ၁၄ မိုင်ခန့် အကွာ နှမ်းကြဲကျေးရွာအနီးသို့ အရောက်၌ PDF အမည်ခံအကြမ်း ဖက်သမားများက လက်နက်ငယ် များဖြင့် အကြောင်းမဲ့ပစ်ခတ်ခဲ့ သဖြင့် ဆရာတော် တစ်ပါး ပျံလွန် တော်မူခဲ့ပြီး အပြစ်မဲ့ပြည်သူ တစ်ဦး သေဆုံးကာ ခြောက်ဦးတွင် လက်နက်ငယ်ကျည်များ ထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း၊ အဆိုပါ သေဆုံး၊ ဒဏ်ရာရရှိသူများအား ထားဝယ်မြို့ ပရဟိတအသင်းမှ မော်တော်ယာဉ်ဖြင့် ထားဝယ်မြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ ကြောင်း သိရှိရသည်။
တည်ငြိမ်အေးချမ်းရေး
အထက်ပါဖြစ်စဉ်မှ အကြမ်း ဖက်မှုလုပ်ရပ်များကို ကျူးလွန်သူ များအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေးနှင့် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင် များအနေဖြင့် ပြည်သူလူထုနှင့် ပူးပေါင်းလက်တွဲကာ လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်