
နေပြည်တော် ဒီဇင်ဘာ ၃၁
တနင်္သာရီတိုင်းဒေသကြီး မြိတ် ခရိုင်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင် ရေးအတွက် ကာကွယ်ဆေး ထိုးနှံခြင်း လုပ်ငန်းများတွင် စွမ်းစွမ်းတမံ ပါဝင်ဆောင်ရွက် ခဲ့ကြသည့် ကျန်းမာရေးဝန်ထမ်း များ၊ ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များ ဂုဏ်ပြု ချီးမြှင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် မြိတ်မြို့ ပုလဲရတနာခန်းမ၌ ပြုလုပ်ရာ တနင်္သာရီတိုင်းဒေသ ကြီး ဝန်ကြီးချုပ် ဦးမြတ်ကို၊ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာန ချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် သစ်လွင်ထူးနှင့် အဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ဌာန ဆိုင်ရာများ၊ လူမှုရေးအသင်း အဖွဲ့များ၊ တပ်မတော်ဆေး ကုသရေးအဖွဲ့များနှင့် ဖိတ်ကြား ထားသူများ တက်ရောက်ကြ သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီး ချုပ်က အဖွင့်အမှာစကားပြော ကြားသည်။ ထို့နောက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ကာကွယ်ဆေး ထိုးနှံခြင်း လုပ်ငန်းများတွင် စွမ်းစွမ်းတမံ ပါဝင်ဆောင်ရွက် ခဲ့ကြသည့် မြိတ်မြို့နယ်၊ ကျွန်းစု မြို့နယ်၊ ပုလောမြို့နယ်၊ တနင်္သာရီ မြို့နယ်တို့ရှိ ကျန်းမာရေးဝန်ထမ်း များ၊ ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များနှင့် တပ်မတော် ဆေးကုသရေး အဖွဲ့များကို တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ဒုတိယတိုင်းမှူးနှင့် တာဝန်ရှိသူ များက ဂုဏ်ပြုချီးမြှင့်ငွေ၊ ဂုဏ်ပြု လက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ပြီး မြိတ်ခရိုင် ပြည်သူ့ကျန်းမာရေး ဦးစီးမှူး ဒေါက်တာယဉ်ယဉ်နွဲ့က ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ကြောင်း သတင်း ရရှိသည်။
သတင်းစဉ်