
နေပြည်တော် အောက်တိုဘာ၂၉
တနင်္သာရီတိုင်းဒေသကြီး ပုလော မြို့နယ် မြိတ် - ထားဝယ်ကား လမ်းဘေး၌ စိုက်ထူထားပြီး ပုလောမြို့နယ်သို့ လျှပ်စစ်မီး ပေးပို့လျက်ရှိသည့် လျှပ်စစ် ဓာတ်တိုင်များကို အောက်တို ဘာ ၂၈ ရက်တွင် အကြမ်း ဖက်သမားများက မိုင်းထောင် ဖောက်ခွဲဖျက်ဆီးခဲ့သဖြင့် လျှပ်စစ် ဓာတ်တိုင်နှစ်တိုင် ပြိုလဲပျက်စီးခဲ့ ကြောင်း သိရသည်။
ဖြစ်စဉ်မှာ အောက်တိုဘာ ၂၈ ရက် မွန်းလွဲ ၁ နာရီခွဲတွင် ပုလောမြို့နှင့် ကျေးရွာများသို့ လျှပ်စစ်မီး ပေးပို့လျက်ရှိသည့် လျှပ်စစ် ဓာတ်တိုင်များအနက် မင်းထိန်ကျေးရွာနှင့် ခမောင်း တောကျေးရွာကြား ဒေသအခေါ် ကျောက်ပုဇွန်တောင်အနီး မြိတ်-ထားဝယ်ကားလမ်းဘေး၌ စိုက်ထူ ထားသည့် ကွန်ကရစ်ဓာတ်တိုင် နှစ်တိုင်ကို အကြမ်းဖက်သမား များက မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခဲ့သဖြင့် လျှပ်စစ်ဓာတ် တိုင် နှစ်တိုင်မှာ လမ်းမကြီးပေါ်သို့ ပြိုလဲပျက်စီးခဲ့ပြီး ပုလောမြို့နှင့် ပုလောမြို့နယ်အတွင်းရှိ ကျေးရွာ များ လျှပ်စစ်မီးပြတ်တောက်ခဲ့ ကြောင်း သိရသည်။
ထိုသို့ အကြမ်းဖက်သမားများ ဖျက်ဆီးခဲ့မှုကြောင့် လျှပ်စစ်ဓာတ် တိုင် နှစ်တိုင် ပျက်စီးခဲ့ပြီး လျှပ်စစ် မီး ပြတ်တောက်ခဲ့သည့်အတွက် ဒေသခံပြည်သူများ လျှပ်စစ်မီး ပြန်လည် ရရှိနိုင်ရေးအတွက် တာဝန်ရှိသူများက အဆိုပါ လျှပ်စစ် ဓာတ်အားလိုင်းများကို အမြန်ဆုံး ပြန်လည်ပြင်ဆင်နိုင် ရေးနှင့် ဖျက်ဆီးမှုကျူးလွန်ခဲ့သည့် အကြမ်းဖက် သမားများအား ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက် လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်