တနင်္သာရီမြို့ပေါ်ရပ်ကွက်အတွင်း အနိမ့်ပိုင်းနေရာများတွင် မြစ်ရေများဝင်ရောက်

 

တနင်္သာရီ    ဩဂုတ်   ၄
တနင်္သာရီတိုင်းဒေသကြီးတနင်္သာရီ မြို့နယ်အတွင်း   မိုးများအဆက် မပြတ်   သည်းထန်စွာ   ရွာသွန်း နေမှုကြောင့်   ဩဂုတ်  ၃  ရက် မွန်းလွဲ ၃ နာရီက စတင်ပြီး မြို့ပေါ် ရပ်ကွက်အတွင်း အနိမ့်ပိုင်းနေရာ တချို့တွင်  တနင်္သာရီမြစ်ရေများဝင်ရောက်နေပြီဖြစ်သည်။
  ချောင်းငယ်ရပ်ကွက်အတွင်း အနိမ့်ပိုင်းနေရာဖြစ်သည့် မွန်စု-သီတာလမ်း        (ရိပ်သာလမ်းနှင့်   သီတာလမ်းဆုံ)   နေရာ၌ တစ်ပေ ခွဲခန့်နှင့်   ရေဆိပ်အဆင်းလမ်း တွင်    တစ်ပေခန့်    ဝင်ရောက် လျက်ရှိသည်။        အလားတူ ချောင်းကြီးရပ်ကွက် - တိုးချဲ့(၂)လမ်းတွင်   ခြောက်လက်မခန့်၊ ရွှေလိပ်ပြာ       လမ်းအတွင်း လေးလက်မခန့်    မြစ်ရေများ ဝင်ရောက်နေပြီဖြစ်သည်။
သို့ပါ၍ ရပ်ကွက်များအတွင်း ရေများ လျော့ကျစေရေးအတွက် မြို့နယ်ဘေးအန္တရာယ်  ကြိုတင် ကာကွယ်ရေး  ကော်မတီဝင်များ ကြီးကြပ်၍ မြို့အတွင်းရှိ ရေများ ကို ရေထိန်းစက်ရုံရှိ ရေစုပ်စက် နှစ်လုံး၊   ရှစ်လက်မ   ရေစုပ်ပန့် လေးလုံးတို့ဖြင့်   ရေများစုပ်ထုတ် ပေးလျက်ရှိရာ      အမှတ်(၂) စစ်နယ်မြေမှူး   ဗိုလ်မှူးကြီး အောင်ကိုလတ်နှင့်    မြို့နယ် အုပ်ချုပ်ရေးမှူးတို့က လာရောက် ကြည့်ရှုစစ်ဆေးကာ လိုအပ်သည် များ          ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။ 
တနင်္သာရီမြို့နယ်၏   စိုးရိမ် ရေမှတ်မှာ          သာမန်မြစ်ရေ အထက်  ၁၇ ပေဖြစ်ပြီး  အန္တရာယ် ရေမှတ်မှာ ၂၄ ပေ   သတ်မှတ်ထား ကြောင်း သိရသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်/ဆက်)