တန်ဆောင်တိုင်ရုံးပိတ်ရက် ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ မြန်မာပြည်အရပ်ရပ်မှ ဘုရားဖူးများ လာရောက်ဖူးမြော်

ညောင်ဦး    နိုဝင်ဘာ    ၁၇


တန်ဆောင်တိုင်ရုံးပိတ်ရက် နိုဝင်ဘာ ၁၇ ရက်တွင် ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့    မြန်မာပြည်အရပ်ရပ်မှ ဘုရားဖူးလာရောက်သူ များပြား လျက်ရှိကြောင်း ရွှေစည်းခုံဘုရား ဂေါပကအဖွဲ့ရုံး အဖွဲ့မှူး ဦးသန်းမြင့်ဦးထံမှ သိရသည်။


မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ တန်ဆောင်တိုင် ရုံးပိတ်ရက်  ဘုရားဖူးလာရောက်သူများပြားပြီး ရွှေစည်းခုံဘုရားကြီးသို့ ဘုရားဖူးလာရောက်သူများစိတ်အေးချမ်းသာစွာ ဘုရားဖူးမြော်နိုင်ရန် သာမန် ရက်များတွင် နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိသာ ဖွင့်လှစ်ထားပြီး အခါကြီးရက်ကြီးများတွင် နံနက် ၅ နာရီမှ ည ၈ နာရီအထိ ဖွင့်လှစ်ဖူးမြော်စေလျက်ရှိရာ



နိုဝင်ဘာ ၁၇ ရက်နှင့်  ၁၈  ရက်တို့တွင်လည်း  နံနက် ၅ နာရီမှ  ည ၈ နာရီအထိ  ဖွင့်လှစ်ဖူးမြော်စေလျက် ရှိကြောင်း ဦးသန်းမြင့်ဦးက ရှင်းပြသည်။


လေ့လာမှုများပြားလာ


 တုရင်တောင်        စွယ်တော်မြတ်စေတီ၊ လောကနန္ဒာစွယ်တော်မြတ်စေတီ၊ ရွှေစည်းခုံဘုရား၊   ကျောက်ဂူဥမင်ဘုရား၊      ငှက်ပစ်တောင်ဘုရား၊ ဗူးဘုရား၊ အာနန္ဒာဘုရား၊ သဗ္ဗညုဘုရား၊   ကန်တော့ ပလ္လင်ဘုရား၊  မနူဟာဘုရား၊  ရွှေဆံတော်ဘုရား၊   အလိုတော်ပြည့်ဘုရား၊ ဓမ္မရံကြီးဘုရား၊ စူဠာမဏိ ဘုရား၊    ဓမ္မရာဇကဘုရား၊   ပြဿဒ်ကြီးဘုရား၊ မဟာဗောဓိဘုရား၊  ထီးလိုမင်းလိုဘုရား၊  မြစေတီ ဘုရားများတွင် ဘုရားဖူးများဖြင့်   စည်ကားနေပြီး   သမိုင်းဝင်ဘုရားများဖြစ်သည့်     နဂါးရုံဘုရား၊ စိုးမင်းကြီးဘုရား၊     စိုးမင်းကြီးအုတ်ကျောင်း၊ အပါယ်ရတနာဘုရား၊    ငကျွဲနားဋောင်းဘုရား၊  ပုထိုးသားများဘုရား၊  ခေမင်္ဂဘုရားဝင်း၊  ရင်မနား ဘုရားဝင်း၊ သိကြားပုန်းဘုရား၊    သိကြားဟစ်ဘုရား၊ တာမဏီသိမ်ကျောင်း၊   မင်းနန်းသူဘုရားသုံးဆူ၊ တရုတ်ပြေးဘုရားခေါ်    နရသီဟပတေ့ဘုရား၊  သံမ္ဘူလဘုရား၊ သစ္စာဝတီဘုရား၊ အနုမြူကပ်ကျော် ဘုရား၊    မျက်တော်ပြေဘုရား၊    အင်ကြင်းဂူဘုရား၊        ဗူးလည်သီးဘုရား၊ ရွာဟောင်းကြီးဘုရား၊  ဝတ္တန ထောဘုရားဝင်း၊ ဆူးလေကုန်းဘုရားစု၊  ရှင်အဇ္ဇဂေါန ဘုရား၊  ဂူနီဘုရားခေါ်  ကူးနီးဘုရား၊ ခြောက်ဘုရား၊ လှဘုရားများတွင်လည်း    မြန်မာပြည်အရပ်ရပ်မှ ဘုရားဖူးလာရောက်သူများက      ရှေးဟောင်း  နံရံဆေးရေးပန်းချီများ၊ ကနုတ်ပန်း၊  ကျောက်ဆစ် ပန်း၊ အင်္ဂတေများကို   စိတ်ဝင်တစား   လေ့လာမှု များပြားလာကြောင်း သိရသည်။


ကိုထိန်