တန်ဆောင်မုန်းလပြည့်နေ့ (သာမညဖလအခါတော်နေ့) တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ဘုရား၊ စေတီပုထိုးများ၌ အများပြည်သူများ စိတ်အေးချမ်းသာစွာ လာရောက်ဖူးမြော်ကြည်ညို၊ တန်ဆောင်တိုင် မီးထွန်းပွဲတော်များ ကျင်းပပြုလုပ်

 

နေပြည်တော်   နိုဝင်ဘာ  ၇


ယနေ့သည်    ဗုဒ္ဓဘာသာဝင် တို့၏     နေ့ထူးနေ့မြတ်များထဲမှ  တန်ဆောင်မုန်းလပြည့် သာမည ဖလပွဲတော်နေ့ ဖြစ်သည်နှင့်အညီ တန်ဆောင်တိုင်ပွဲတော်၊ မီးထွန်း ပွဲတော်တို့ကို မြန်မာ့ယဉ်ကျေးမှု    အစဉ်အလာကောင်း    တစ်ရပ် အဖြစ်      ထိန်းသိမ်းလက်ဆင့် ကမ်းပြီး   နှစ်စဉ်   ကျင်းပပြုလုပ် ကြသည်။

 


ဖူးမြော်ကြည်ညို


အဆိုပါ နေ့ထူးနေ့မြတ်တွင်  ဗုဒ္ဓဘာသာဝင်များ        အနေဖြင့် မြတ်စွာဘုရားရှင်အား ရည်မှန်း၍ ဥပုသ်သီလ    ဆောက်တည်ခြင်း၊ ပဋ္ဌာန်းဒေသနာတော်နှင့်   ပရိတ် တရားတော်များ    ရွတ်ပွားပူဇော် ခြင်း၊ ဘုန်းတော်ကြီးကျောင်းများ၌  ကထိန်လျာသင်္ကန်း ကပ်လှူခြင်း၊  ကထိန်ခင်းခြင်း၊ ဒါနသီလဘာဝနာ ကုသိုလ်ယူ ဆည်းပူးပွားများခြင်း စသည့်    သူတော်ကောင်းတရား များကို ကြိုးစားအားထုတ်ဆောင် ရွက်ကြပြီး ဘုရား၊ စေတီ၊ ပုထိုး များ၌လည်း  စိတ်အေးချမ်းသာ စွာ  ဖူးမြော်ကြည်ညိုခြင်းများကို ပြုလုပ်ကြသည်။

 


ထိုသို့    မြန်မာ့ယဉ်ကျေးမှု ပွဲတော်ကို  ထိန်းသိမ်းဆင်နွှဲလျက် ရှိကြရာ   နေပြည်တော်ကောင်စီ နယ်မြေ      ဇေယျာသီရိမြို့နယ် အတွင်းရှိ ရွှေဘုန်းပွင့်စေတီတော် မြတ်ကြီးအား ယနေ့ညပိုင်းတွင် နိုင်ငံတော်         စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ        တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး  မင်းအောင်လှိုင်၊    နိုင်ငံ တော်    စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ် ရေးဦးစီးချုပ်   (ကြည်း)  ဒုတိယ ဗိုလ်ချုပ်မှူးကြီး  စိုးဝင်းနှင့်  ဇနီး ဒေါ်သန်းသန်းနွယ်၊  ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိ ကြီးများနှင့် ဇနီးများက ဆီမီးများ၊  ရောင်စုံမီးအလှများဖြင့် ထွန်းညှိ ပူဇော်ခြင်း၊ ပန်း၊ ရေချမ်း ကပ်လှူ ပူဇော်ခြင်း၊ ဆီမီး ၁၀၀၀ ထွန်းညှိ ပူဇော်ခြင်းများ    ပြုလုပ်ခဲ့ကြပြီး တန်ဆောင်တိုင် မီးထွန်းပွဲတော် ကို   ပျော်ရွှင်ကြည်နူးစွာ   ဆင်နွှဲ ခဲ့ကြသည်။ အလားတူ တန်ဆောင် တိုင်   ပွဲတော်၊     မီးထွန်းပွဲတော် အထိမ်းအမှတ်အဖြစ် ကာကွယ် ရေးဦးစီးချုပ်ရုံး   (ကြည်း)     ဝင်း အတွင်း၌လည်း လမ်း၊ အဆောက် အဦများ၊ ပန်းအလှ  သစ်ပင်များ  တွင်      ရောင်စုံမီးအလှများဖြင့်  မီးထွန်းပွဲတော်ကို သာယာလှပစွာ ပြုလုပ်ထားရှိပြီး    ပျော်ပွဲရွှင်ပွဲ များကိုလည်း    ပြုလုပ်ထားရှိရာ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊  ရေ၊  လေ) မိသားစုများက  စိတ် နှလုံးအေးချမ်းစွာဖြင့်      ပျော်ရွှင် ကြည်နူးစွာ      ဆင်နွှဲခဲ့ကြသည်။ ထိုသို့   တန်ဆောင်တိုင်ပွဲတော် ဆင်နွှဲနေမှုများကို   နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ        ဥက္ကဋ္ဌ တပ်မတော်   ကာကွယ်ရေးဦးစီး ချုပ်နှင့် အဖွဲ့ဝင်များက လှည့်လည်  ကြည့်ရှုအားပေးခဲ့ကြသည်။

 


ပျော်ရွှင်စွာပါဝင်ဆင်နွှဲ


ထို့အတူ   ရှင်ဥပဂုတ္တမထေရ် မြတ်ပူဇော်ပွဲနှင့် မီးမျှောပူဇော်ပွဲ များ၊  တန်ဆောင်တိုင်  မီးထွန်း ပွဲတော်များကိုလည်း တိုင်းဒေသ ကြီးနှင့်       ပြည်နယ်အသီးသီးရှိ ဘုရား၊ စေတီ၊ ပုထိုးများ၌ ကိုဗစ်-၁၉   စည်းမျဉ်း၊   စည်းကမ်းများ  နှင့်အညီ     ကျင်းပပြုလုပ်ကြရာ အများပြည်သူများ     စိတ်အေး ချမ်းသာစွာ    လာရောက်ထွန်းညှိ ပူဇော်ဖူးမြော်    ကြည်ညိုကြပြီး နိဗ္ဗာန်          ဈေးပွဲတော်များတွင် ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြသူများ ဖြင့် စည်ကားသိုက်မြိုက်လျက် ရှိသည်။

 


လာရောက်အပန်းဖြေ


ထို့ပြင်  နေပြည်တော် ရေပန်း ဥယျာဉ်အတွင်း     ကျင်းပလျက် ရှိသည့်       တန်ဆောင်တိုင်ည ဈေးရောင်းပွဲတော်       အတွင်း  ဖျော်ဖြေရေးအစီအစဉ်များအဖြစ်  နိုင်ငံကျော်    တေးသံရှင်များက တေးသီချင်းများဖြင့်     ဖျော်ဖြေ တင်ဆက်ကြရာ လာရောက်လည် ပတ်            ကြည့်ရှုကြသူများဖြင့်  စည်ကားလျက်ရှိသည်။ အလားတူ  တန်ဆောင်တိုင်      ရုံးပိတ်ရက် ဖြစ်သည်နှင့်အညီ တိုင်းဒေသကြီး နှင့်   ပြည်နယ်များရှိ   အပန်းဖြေ စခန်းများ၊ ကမ်းခြေများ၊ အများ ပြည်သူနှင့် သက်ဆိုင်သည့် ပန်းခြံ များ၌ လာရောက်အပန်းဖြေကြ သူများနှင့် အထူးစည်ကားလျက် ရှိသည်။

 


အမှတ်တရဓာတ်ပုံရိုက်


နေပြည်တော်    ဥပ္ပါတသန္တိ စေတီတော်မြတ်ကြီး         အနီးရှိ တပေါင်းကွင်းနှင့်    ရန်ကုန်မြို့ရှိ ပြည်သူ့ရင်ပြင်တို့၌လည်း FIRE-WORK အမျိုးအစား မီးရှူးမီးပန်း များကို    တန်ဆောင်တိုင်ကာလ အခါသမယအဖြစ်     ပစ်ဖောက် ပူဇော်ခဲ့ရာ     အများပြည်သူများ အနေဖြင့်      စိတ်ဝင်တစားလာ ရောက် ကြည့်ရှုခဲ့ကြပြီး အမှတ် တရဓာတ်ပုံရိုက်ခြင်းများ ပြုလုပ် ခဲ့ကြကာ တန်ဆောင်မုန်း လပြည့် နေ့အခါသမယကို  နိုင်ငံတစ်ဝန်း လုံးတွင်       ပျော်ရွှင်ကြည်နူးစွာ ဆင်နွှဲခဲ့ကြကြောင်း   သတင်းရရှိ သည်။


သတင်းစဉ်