တက္ကသိုလ်ဝင်စာမေးပွဲ(တတိယနေ့) သင်္ချာဘာသာရပ် ဆက်လက်ဖြေဆို

 

တက္ကသိုလ်ဝင်စာမေးပွဲ သင်္ချာဘာသာရပ်ကို မတ် ၁၀ ရက်တွင် ဆက်လက်စစ်ဆေးရာ မြို့နယ်အသီးသီးမှ စာဖြေဌာနများ၌ ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုလျက်ရှိသည်။

 

မြောင်းမြ 
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့နယ်အတွင်းရှိ စာစစ်ဌာန လေးခု ဖြစ်သည့် အထက(၁)၊  အထက(၂)၊ အထက(၆) နှင့်  အထက(ပြင်ရွာ) စာစစ်ဌာနတို့၌ တက္ကသိုလ်ဝင်စာမေးပွဲ သင်္ချာဘာသာရပ်ကို ဖြေဆို မည့်စာရင်းရှိ ၁၁၂၉ ဦးအနက် ၁၀၄၃ ဦး ဝင်ရောက်ဖြေဆိုပြီး ပျက်ကွက် သူ ၈၆  ဦးရှိကြောင်းနှင့် ဖြေဆိုသည့်ရာခိုင်နှုန်းမှာ  ၉၂ ဒသမ ၃၈ ရာခိုင်နှုန်းရှိကြောင်း သိရသည်။                                                        
ခရိုင် (ပြန်/ဆက်)
မဘိမ်း    
ရှမ်းပြည်နယ်(မြောက်ပိုင်း) မဘိမ်းမြို့နယ်  အထက-မဘိမ်းစာစစ်ဌာန ၌ သင်္ချာဘာသာရပ်ကို  ကျောင်းသား  ကျောင်းသူ ၈၇ ဦး   ဝင်ရောက် ဖြေဆိုလျက်ရှိပြီး   စာရင်းရှိ  ကျောင်းသား  ကျောင်းသူ ၁ဝ၅ ဦးအနက်  ပျက်ကွက် ကျောင်းသား  ကျောင်းသူ ၁၈ ဦးရှိကြောင်း သိရသည်။  ကျောင်းသား ကျောင်းသူများ တက္ကသိုလ်ဝင်စာမေးပွဲကို  အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် ကျောင်းအတွင်းအပြင်လုံခြုံရေးနှင့် ကျောင်းသား ကျောင်းသူများ၏ လုံခြုံရေးကို မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ နယ်မြေ ခံလုံခြုံရေးတပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ် တပ်ဖွဲ့ဝင်များနှင့်     တာဝန်ရှိသူများ    ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိ သည်။  
မျိုးမင်း (မဘိမ်း)
နောင်ချို  
ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့နယ် အခြေခံပညာအထက်တန်း ကျောင်း စာစစ်ဌာန၌ သင်္ချာဘာသာရပ်ကို ကျောင်းသား ၁၄၀၊ ကျောင်းသူ ၂၅၄ ဦး စုစုပေါင်း ၃၉၄ ဦးဖြေဆိုခဲ့ပြီး ဖြေဆိုမှုရာခိုင်နှုန်း ၉၅ ဒသမ၂ ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။ 
နောင်ချိုမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာန၌   ကျောင်းသား   ကျောင်းသူများ   စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြို့နယ်ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ စောင့်ကြပ်ကြည့်ရှု ပေးလျက်ရှိသည်။                                       ထွေးငယ်(ပြန်/ဆက်) 
 

တပ်ကုန်း
တပ်ကုန်းမြို့နယ်အတွင်းရှိ     အခြေခံပညာအထက်တန်းကျောင်း အမှတ်(၁)၊ အမှတ်(၂) စာစစ်ဌာနနှစ်ခု၌ သင်္ချာဘာသာရပ်ကို  ကျောင်းသား ကျောင်းသူ ၈၃၇ ဦး ဝင်ရောက်ဖြေဆိုလျက်ရှိပြီး စာရင်းရှိစုစုပေါင်း  ၉၂၅ ဦးအနက်  ပျက်ကွက်သူ ၈၈ ဦးရှိကာ  ၉၀ ဒသမ ၄၉ ရာခိုင်နှုန်း ဖြေဆိုခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
စာမေးပွဲဖြေဆိုရာတွင် ကျောင်းသား ကျောင်းသူများ အဆင်ပြေ ချောမွေ့စွာဖြေဆိုနိုင်ရေးအတွက်   မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်  ရှိသူများက ကူညီပေးလျက်ရှိသည်။               တင်စိုးလွင်(ပြန်/ဆက်)

ဇလွန် 
ဧရာဝတီတိုင်းဒေသကြီး ဇလွန်မြို့နယ်အတွင်းမှ  အထက(၁) ဇလွန်၊ အထက ကော့ကပ်ကြီး၊  အထက ဂုံညင်းတန်း၊ အထက ဒေါင့်ကြီး၊ အထက ပျဉ်းမကုန်း၊ အထက ရွှေကျောင်း၊ အထက မေရီလန်း၊ အထက မြစ်ဝ ၊ အထက သပြုကွင်း စာစစ်ဌာန ကိုးခုတို့၌ သင်္ချာဘာသာရပ်ကို  ကျောင်းသား ၁၇၁ ဦး၊  ကျောင်းသူ ၂၄၀  စုစုပေါင်း ၄၁၁ ဦး ဝင်ရောက် ဖြေဆိုလျက်ရှိပြီး ဖြေဆိုမှုရာခိုင်နှုန်း  ၈၉ ဒသမ ၅၄ ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။                  ဝေယံ (ပြန်/ ဆက်)

မြောက်ဦး 
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်တွင်  စာစစ်ဌာန သုံးခု၌ ကျောင်းသား ကျောင်းသူ စုစုပေါင်း ၈၇၃ ဦး ဝင်ရောက်ဖြေဆိုလျက်ရှိပြီး မြောက်ဦး မြို့နယ်အတွင်း   စာစစ်ဌာနသုံးခု၌    စာမေးပွဲဝင်ရောက်ဖြေဆိုမည့် စာရင်းရှိကျောင်းသား ကျောင်းသူ ၉၆၉ ဦးအနက် ဝင်ရောက်ဖြေဆိုသူ ၈၇၃ ဦး၊ ပျက်ကွက် ၉၆ ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရ သည်။                                                          မြို့နယ်(ပြန်/ဆက်)