
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ပညာရေးဝန်ကြီးဌာန
အဆင့်မြင့်ပညာဦးစီးဌာန
ကြေညာချက်
တက္ကသိုလ်နေ့သင်တန်းများဖွင့်လှစ်ခြင်း
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်များတွင် (၂၀၁၉-၂၀၂၀) ပညာသင်နှစ်နှင့် (၂၀၂၁-၂၀၂၂) ပညာသင်နှစ်များအတွက် အောက်ပါဘွဲ့သင်တန်းအသီးသီးကို (၆-၁-၂၀၂၂) ရက်နေ့တွင် စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း ကြေညာလိုက်သည်-
(က) ဥပဒေပညာ စတုတ္ထနှစ် (ဒုတိယနှစ်ဝက်)
( ခ ) ပညာရေး စတုတ္ထနှစ် (ဒုတိယနှစ်ဝက်)
( ဂ ) ဂုဏ်ထူးတန်း တတိယနှစ် (ပထမနှစ်ဝက်)
(ဃ) မဟာအရည်အချင်းစစ်သင်တန်း (ပထမနှစ်ဝက်)
( င ) မဟာဘွဲ့သင်တန်း ပထမနှစ် (ပထမနှစ်ဝက်)
( စ ) မဟာဘွဲ့သင်တန်း ဒုတိယနှစ် (ပထမနှစ်ဝက်)
အဆင့်မြင့်ပညာဦးစီးဌာန၊ ပညာရေးဝန်ကြီးဌာန