
ရန်ကုန် ဒီဇင်ဘာ ၂၃
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် တို့သည် ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်တက္ကသိုလ် ရူပဗေဒဌာန၊ ဓာတုဗေဒဌာန၊ သတ္တဗေဒဌာန၊ ရုက္ခဗေဒဌာနရှိ စာသင်ခန်းများ၊ သိပ္ပံလက်တွေ့ခန်းများ၊ သုတေ သန ဓာတ်ခွဲခန်းများ၊ စာကြည့် တိုက်များကို လှည့်လည်ကြည့်ရှု သည်။
ယင်းသို့ ကြည့်ရှုစဉ် ပြည်ထောင်စုဝန်ကြီးက ရန်ကုန် တက္ကသိုလ်ရှိ သုတေသနခန်း များနှင့် သိပ္ပံလက်တွေ့ခန်းများ အဆင့်မြှင့်တင်နိုင်ရေးဆောင်ရွက် ရန်အတွက် လိုအပ်သည့် ဒီဇိုင်း နှင့် ခန့်မှန်းကုန်ကျစရိတ်များကို တွက်ချက်တင်ပြရေး၊ စာသင် ဆောင်များ၊ ကျောင်းသား ကျောင်းသူဆောင်များ ဥပဓိရုပ် ကောင်းမွန်ရေးနှင့် ပြုပြင်မွမ်းမံ ရေးအတွက် စနစ်တကျစာရင်း ပြုစု တင်ပြကြစေလိုပါကြောင်း၊ တက္ကသိုလ်စာကြည့်တိုက်အတွက် စာအုပ်များ၊ ပရိဘောဂများ ပြည့်စုံ အောင် ဖြည့်ဆည်းပေးမည်ဖြစ်ပါ ကြောင်း၊ စာသင်ဆောင်များတွင် လျှပ်စစ်မီးခလုတ်များ၊ လျှပ်စစ် မီးကြိုးများ သွယ်တန်းထားရှိရာ တွင် ဘေးအန္တရာယ်ကင်းရှင်း စေရေး ဦးစားပေးဆောင်ရွက်ရန် လိုကြောင်း၊ တက္ကသိုလ်များအနေ ဖြင့် ဒေသထွက်ကုန်၊ ဒေသတွင်း စက်မှုလုပ်ငန်းများနှင့် ဒေသ လိုအပ်ချက်ကို ဖြည့်ဆည်းပေး သော အသုံးချဘာသာရပ်များ ကို သင်ကြားနိုင်ရေးအတွက် တက္ကသိုလ် တစ်ခုချင်းအလိုက် ဆောင်ရွက်ကြရမည် ဖြစ်ပါ ကြောင်း၊ ဆရာ ဆရာမများ ကြိုပို့ ရေး အဆင်ပြေချောမွေ့စေရန် မော်တော်ယာဉ်များ ဖြည့်ဆည်း ပေးနိုင်ရေးတို့ကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးသည် ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ရန်ကုန် တက္ကသိုလ်ပါမောက္ခချုပ်၊ ဒုတိယ ပါမောက္ခချုပ်၊ ပါမောက္ခဌာနမှူး များနှင့် တွေ့ဆုံခဲ့ကြောင်း သိရ သည်။
သတင်းစဉ်