
အချို့ကျောင်းသား၊ ကျောင်းသူများအနေဖြင့် လုံခြုံရေးအခြေအနေများနှင့် ကိုဗစ်-၁၉ ရောဂါကူးစက်မှုများကြောင့် ပညာသင်ကြားမှုများ အပြည့်အဝဆောင်ရွက်နိုင်မှု မရှိသေးသည်ကို တွေ့ရှိရကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားရာတွင် လုံခြုံမှုရှိစေရေးနှင့် ပညာအပြည့်အဝသင်ကြားနိုင်ရေးအတွက် ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘများနှင့် သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့အစည်း စသည့် လေးဖွဲ့ပူးပေါင်း၍ ဆောင်ရွက် ကြရန်လိုကြောင်း၊ မကြာမီအချိန်တွင်လည်း တက္ကသိုလ်များပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ရည်မှန်းချက်ထားရှိ ဆောင်ရွက်လျက်ရှိကြောင်း။
( နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၃-၁၂-၂၀၂၁ ရက်နေ့တွင် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ်(၃/၂၀၂၁)၌ ပြောကြားသည့် အမှာစကားမှ ကောက်နုတ်ချက်)