
နေပြည်တော် ဒီဇင်ဘာ ၂၃
တိုင်းရင်းသားရေးရာ၊ ပြည်သူ့ ရေးရာ စီမံခန့်ခွဲမှုနှင့်ဝန်ဆောင် မှုရေးရာ ကော်မတီအစည်းအဝေး (၁၈ /၂၀၂၁) ကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ကာကွယ်ရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ သည်။
အစည်းအဝေးသို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဝင်များ ဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်း ဦး၊ စောဒန်နီယယ်နှင့် ဒေါက်တာ ဗညားအောင်မိုး၊ ပြည်ထောင်စု ဝန်ကြီးများ ဖြစ်ကြသည့် ဦးချစ်နိုင်၊ ဦးကိုကို၊ ဦးမြင့်ကြိုင်၊ ဒေါက်တာ သက်သက်ခိုင်၊ ဦးစော ထွန်းအောင်မြင့်၊ ဒုတိယဝန်ကြီး များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အမှာစကားပြောကြား
အစည်းအဝေးတွင် တိုင်းရင်း သားရေးရာ၊ ပြည်သူ့ရေးရာစီမံ ခန့်ခွဲမှုနှင့် ဝန်ဆောင်မှုရေးရာ ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဝင် ကာကွယ် ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး က အဖွင့်အမှာစကား ပြောကြား သည်။
ထို့နောက် တိုင်းရင်းသား ရေးရာ၊ ပြည်သူ့ရေးရာစီမံခန့်ခွဲမှု နှင့် ဝန်ဆောင်မှုရေးရာ ကော်မတီ အတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က အစည်း အဝေး အမှတ်စဉ် (၁၇/၂၀၂၁) အစည်းအဝေးဆုံးဖြတ်ချက်များ နှင့် ဆောင်ရွက်ထားရှိမှုကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် အစည်းအဝေး သို့ တက်ရောက်လာကြသည့် ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဦးစောထွန်းအောင်မြင့်၊ ဒုတိယ ဝန်ကြီး ဦးဇော်ဝင်းနှင့် ညွှန်ကြား ရေးမှူးချုပ်များက ကော်မတီသို့ ပြည်ထောင်စုဝန်ကြီးဌာနများမှ ပေးပို့တင်ပြလာသည့် အမှာစာ ကိစ္စရပ်များကို သက်ဆိုင်ရာကဏ္ဍ များအလိုက် ရှင်းလင်းတင်ပြကြ သည်။
ဆက်လက်၍ ကော်မတီ ဥက္ကဋ္ဌက ပြည်ထောင်စုဝန်ကြီး ဌာနများမှ တင်ပြလာကြ သည့် အမှာစာကိစ္စရပ်များကို ပြည်ထောင်စုအစိုးရ အဖွဲ့အစည်း အဝေးသို့ ဆက်လက်တင်ပြရန် ကိစ္စရပ်များနှင့် ကော်မတီ၏ အဆုံးအဖြတ်ဖြင့် ဆောင်ရွက်ရန် ကိစ္စရပ်များကို အတည်ပြုသည်။
ထို့နောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက တိုင်းရင်း သားရေးရာ၊ ပြည်သူ့ရေးရာ စီမံ ခန့်ခွဲမှုနှင့် ဝန်ဆောင်မှုရေးရာ ကော်မတီ၏ (၁၆/၂၀၂၁) အစည်း အဝေးတွင် ကော်မတီဝင်များ၏ တင်ပြဆွေးနွေးချက်များအပေါ် အစည်းအဝေး ဆုံးဖြတ်ချက်ပါ ဆောင်ရွက်ရမည့် ကိစ္စများနှင့် ပတ်သက်၍ ဆောင်ရွက်ပြီးစီးမှု ကို ရှင်းလင်းတင်ပြရာ ကော်မတီ ဥက္ကဋ္ဌက ဖြည့်စွက်ဆွေးနွေးသည်။
ဖြည့်စွက်ဆွေးနွေး
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် စောဒန်နီ ယယ်၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ဒေါက်တာ သက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် ခွန်သန့် ဇော်ထူး၊ ဦးမျိုးလှိုင်၊ ဦးမင်းထိန်နှင့် တာဝန်ရှိသူများက တိုင်းရင်းသား ရေးရာကိစ္စရပ်များ၊ ပြည်သူ့ ရေးရာ စီမံခန့်ခွဲမှုနှင့် ဝန်ဆောင်မှု ရေးရာ ကိစ္စရပ်များကို သက်ဆိုင်ရာ ကဏ္ဍများအလိုက် ရှင်းလင်းတင်ပြကြရာ ကော်မတီ ဥက္ကဋ္ဌ က ဖြည့်စွက်ဆွေးနွေးသည်။
ထို့နောက် တိုင်းရင်းသား ရေးရာ၊ ပြည်သူ့ရေးရာစီမံခန့်ခွဲမှု နှင့် ဝန်ဆောင်မှုရေးရာ ကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးက နိဂုံး ချုပ်အမှာစကား ပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက် သည်။
သတင်းစဉ်