တိုင်းရင်းသားပြည်သူများအား ထိရောက်စွာ ကျန်းမာရေးစောင့်ရှောက်မှုများပေးအပ်နိုင်ရေးနှင့် ဘဝတက်လမ်းနှင့် ပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှုများ အဆင့်ဆင့်တိုးတက်ရရှိစေရေးအတွက် နိုင်ငံ့ဝန်ထမ်းဆရာဝန်များအဖြစ် ဝင်ရောက်တာဝန် ထမ်းဆောင်ကြပါ

 

ကျန်းမာရေးဝန်ကြီးဌာနတွင် နိုင်ငံ့ဝန်ထမ်းဆရာဝန်များအဖြစ် တာဝန်ထမ်းဆောင်ရန်အတွက် လျှောက်လွှာခေါ်ယူလျက်ရှိခြင်းနှင့်ပတ်သက်၍ သိကောင်းစရာ အမေး/အဖြေများ
 

ထက်လျှံ
 

ကျန်းမာရေးဝန်ကြီးဌာနတွင် နိုင်ငံ့ဝန်ထမ်းဆရာဝန်များအဖြစ် တာဝန်ထမ်းဆောင်ရန်အတွက် လျှောက်လွှာခေါ်ယူလျက်ရှိခြင်းနှင့်ပတ်သက်၍ ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျန်းမာရေး အသိပညာမြှင့်တင်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးနှင့် တွေ့ဆုံမေးမြန်းထားသည်များကို ပြန်လည်ဖော်ပြလိုက်ပါသည် -

 


မေး    -    ကျန်းမာရေးဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်ဖို့အတွက်         ပြည်ထောင်စုရာထူးဝန်အဖွဲ့ကနေပြီး   ဆရာဝန်များကို ခေါ်ယူလျက်ရှိကြောင်း သိရပါတယ်။ ဒါကြောင့် အလုပ်ဝင်ရောက်လိုတဲ့ ဆရာဝန်များအနေနဲ့ ဘယ်လိုလျှောက်ထားရမယ်ဆိုတာကို သိပါ ရစေ။


ဖြေ    -    ကျန်းမာရေးဝန်ကြီးဌာနရဲ့        ကုသရေးဦးစီးဌာနကနေ         ဆေးပညာဘွဲ့(M.B.B.S)ရ ဆရာဝန် (သစ်လွင်) ၉၈၆ နေရာနဲ့ သွားဘက်ဆိုင်ရာဆေးပညာဘွဲ့(B.D.S)ရ ဆရာဝန်(သွားနှင့်ခံတွင်း) ၈၂ နေရာ၊  ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနကနေ ဆေးပညာဘွဲ့(M.B.B.S)ရ ဆရာဝန် (သရုပ်ပြ) ၁၀၇ နေရာ၊ တိုင်းရင်း ဆေးပညာတက္ကသိုလ်ကနေ ဆေးပညာဘွဲ့(M.B.B.S)ရ ဆရာဝန် (သရုပ်ပြ)  ၁၃  နေရာဖြစ်ပြီး  ဆေးပညာဘွဲ့(M.B.B.S)ရ ဆရာဝန် ၁၁၀၆ ဦးနဲ့ သွားဘက်ဆိုင်ရာ ဆေးပညာဘွဲ့(B.D.S)ရ ဆရာဝန် (သွားနှင့်ခံတွင်း) ၈၂ ဦး၊ စုစုပေါင်း ဆရာဝန် ၁၁၈၈ ဦးကို ကျန်းမာရေး ဝန်ကြီးဌာနမှာ နိုင်ငံ့ဝန်ထမ်းဆရာဝန်များအဖြစ် ခန့်ထားပေးနိုင်ရေး အတွက် ပြည်ထောင်စုရာထူးဝန်အဖွဲ့က ၂၀၂၂ ခုနှစ် မေလ ၂၁ ရက် နေ့မှာ လျှောက်လွှာစတင်ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ 

 


ဒီလိုခေါ်ယူရာမှာ   ပြည်ထောင်စုရာထူးဝန်အဖွဲ့ထံ Online စနစ် ဖြင့်    လျှောက်ထားနိုင်ပြီး     ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ e-Recruitment and Selection System (e-RSS) (UCSB e-RSS Mobile Application နှင့် UCSB e-RSS Web Based) တို့ကို အသုံးပြု ကာ ၂၀၂၂ ခုနှစ် ဇွန်လ ၂၂ ရက်နေ့ နောက်ဆုံးထားပြီး သတ်မှတ်ချက် များနှင့်အညီ ဝင်ရောက်လျှောက်ထားနိုင်ပါတယ်။ 

 


မေး    -    ဆရာဝန်တွေအနေနဲ့ အလုပ်ဝင်ရောက်ဖို့လျှောက်ထားရာ        မှာ အခြားလိုအပ်ချက်တွေကို သိပါရစေခင်ဗျာ။


ဖြေ    -    ကျန်းမာရေးဝန်ကြီးဌာနမှာ အလုပ်ဝင်ရောက်ဖို့  လျှောက်        ထားသူများအနေနဲ့ ပြင်ပပုဂ္ဂိုလ်ဖြစ်ပါက (၂၁-၆-၂၀၂၂)ရက်နေ့မှာ   အသက်(၃၅)နှစ်ထက်  မကျော်လွန်သူဖြစ်ရပါမယ်။ ဆရာဝန် (သစ်လွင်)/ ဆရာဝန်(သရုပ်ပြ)နှင့် လက်ထောက်ဆရာဝန် ရာထူးများအတွက် ဆေးပညာဘွဲ့ (M.B.B.S)၊ ဆရာဝန်(သွားနှင့်ခံတွင်း)ရာထူးအတွက် သွားဘက်ဆိုင်ရာဆေးပညာဘွဲ့(B.D.S) နဲ့ မြန်မာနိုင်ငံ ဆေးကောင်စီက အသိအမှတ်ပြုခြင်းခံရတဲ့ သက်တမ်းကုန်ဆုံးခြင်း မရှိသေးသော    အထွေထွေဆေးကုသခွင့်လိုင်စင်   (ဆမ/သခ) ကိုင်ဆောင်ထားသူ သို့မဟုတ် အလုပ်သင်ဆရာဝန် ပြီးမြောက်သူများ အနေဖြင့်  လျှောက်ထားချိန်တွင်   အလုပ်သင်ဆရာဝန်ပြီးမြောက် ကြောင်း   ထောက်ခံစာတင်ပြနိုင်သူ  ဖြစ်ရမည်ဖြစ်ပြီး မိတ္တူများကို လျှောက်လွှာနဲ့အတူ ပူးတွဲပေးပို့ရပါမယ်။

 


မေး    -    နိုင်ငံ့ဝန်ထမ်းဆရာဝန်အဖြစ် အလုပ်ဝင်ရောက်ထမ်းဆောင်        ခြင်းအားဖြင့် ရရှိလာမည့်  အကျိုးကျေးဇူးများကို  သိရှိ ပါရစေ။


ဖြေ    -    နိုင်ငံ့ဝန်ထမ်းဆရာဝန်အဖြစ်   အလုပ်တာဝန်   ဝင်ရောက်        ထမ်းဆောင်ခြင်းဖြင့် အများပြည်သူအတွက် အကျိုးရှိစေခြင်း (ပရဟိတ)နဲ့  မိမိရဲ့ပညာရပ်ဆိုင်ရာ  တိုးတက်မှုအခွင့်အလမ်းများ ရရှိစေခြင်း (အတ္တဟိတ) စတဲ့ အကျိုးကျေးဇူးတွေ ရရှိမှာဖြစ်တဲ့အပြင် ဆရာဝန်အဓိဋ္ဌာန်ပြု ကတိသစ္စာအရ လူသားအားလုံးတို့၏ ကိုယ်၏ ကျန်းမာရေး၊ စိတ်၏ကျန်းမာရေးကို မိမိ၏ အရေးကဲ့သို့ ယူဆပြီး မိမိတို့တတ်မြောက်ထားတဲ့ ဆေးပညာနဲ့ လူနာတွေရဲ့ ခံစားနေရတဲ့ ရောဂါဝေဒနာတွေကို ပျောက်ကင်းသက်သာသည်အထိ ကုသပေး နိုင်တဲ့အတွက်  ထားရှိတဲ့ ကတိသစ္စာနဲ့အညီ  ကောင်းကျိုး မင်္ဂလာ အဖြာဖြာနဲ့ ပြည့်စုံကြမှာလည်းဖြစ်ပါတယ်။ 

 


ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့     နိုင်ငံ့ဝန်ထမ်းများအဖြစ် ဝင်ရောက်လာမယ့် ဆရာဝန်များ သက်သာချောင်ချိရေး၊ ပြည်တွင်း/ပြည်ပ    ဘွဲ့လွန်ပညာရပ်များ   ဆက်လက်ဆည်းပူးနိုင်ရေး၊  ဘဝ တက်လမ်း  အဆင်ပြေချောမွေ့စေရေးအတွက်  အစီအမံများစွာကို ကြိုတင်စီစဉ်ထားပါတယ်။    ပထမဦးစွာ  သစ်လွင်နိုင်ငံ့ဝန်ထမ်း ဆရာဝန်တွေအနေနဲ့ သတ်မှတ်ဆေးရုံကြီးတွေမှာ လက်တွေ့လေ့ကျင့် သင်ကြားရင်း စတင်တာဝန်ထမ်းဆောင်ရမှာဖြစ်ပြီး သူတို့ကို တာဝန် ချထားတဲ့အခါမှာ ၎င်းတို့ ဆန္ဒပြုရာဒေသ သို့မဟုတ် အနီးစပ်ဆုံးနေရာ/ဒေသရှိ  ဆေးရုံတွေမှာ  နေရာချထားပေးမှာဖြစ်ပါတယ်။ သတ်မှတ် ကာလ ပြည့်မြောက်တဲ့အခါမှသာ အခြားလုပ်ငန်းလိုအပ်ချက်ရှိတဲ့ ဆေးရုံများကို တာဝန်ထမ်းဆောင်ဖို့ စေလွှတ်မှာဖြစ်ပါတယ်။ ဒီလို တာဝန်ထမ်းဆောင်ချိန်မှာလည်း    ဝန်ထမ်းသက်သာချောင်ချိရေး အတွက် နိုင်ငံတော်ကပေးအပ်တဲ့ လစာအပြင် ညဂျူတီနဲ့ စားစရိတ် အတွက် သတ်မှတ်ခွင့်ပြုချီးမြှင့်ငွေများနဲ့ ဝန်ထမ်းအိမ်ရာများတွင် နေထိုင်ခွင့်ရရှိရေးကို ဦးစားပေးဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။ 

 


ဆက်လက်ပြီး   ပြည်တွင်းမှာ  ဆေးပညာဘွဲ့လွန်ပညာရပ်များ ဆက်လက်ဆည်းပူးနိုင်ရေးအတွက်   လုပ်သက်ကန့်သတ်ချက်မရှိ လျှောက်ထားနိုင်တဲ့ ဘွဲ့လွန်ဆေးပညာမဟာသိပ္ပံသင်တန်း ၁၁ မျိုး ဖြစ်တဲ့ ခန္ဓာဗေဒ၊ ဇီဝကမ္မဗေဒ၊ ဇီဝဓာတုဗေဒ၊ အဏုဇီဝဗေဒ၊ ဆေးဝါး ဗေဒ၊  ရောဂါဗေဒ၊   စိတ်ကျန်းမာပညာ၊  ဥပဒေရေးရာဆေးပညာ၊ ကင်ဆာရောဂါ  ဓာတ်ရောင်ခြည်ဆေးကုပညာ၊ အဏုမြူရောင်ခြည် ဆေးပညာနဲ့ မေ့ဆေးပညာတို့ကို ဝါသနာပါပြီး လေ့လာလိုက်စားသူ တွေအတွက်   စောစီးစွာ ဘွဲ့လွန်ဖြေကြားနိုင်တဲ့ အခွင့်အလမ်းတွေ ရရှိကြမှာဖြစ်ပါတယ်။ 

 


ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနအနေနဲ့ ၂၀၂၃ ခုနှစ် ပညာသင်နှစ်တွင် ဖွင့်လှစ်မည့် ဘွဲ့လွန်ဆေးပညာသင်တန်း အမျိုး ၁၄၀  အထိရှိတာကို   သိရှိရပြီး   ဒီပလိုမာသင်တန်း  ၁၆ မျိုး၊ ဆေးပညာမဟာသိပ္ပံသင်တန်း  ၃၃ မျိုး၊ ဆေးဘက်ဆိုင်ရာနည်းပညာ မဟာသိပ္ပံသင်တန်း ၃ မျိုး၊  ဆေးဝါးမဟာသိပ္ပံသင်တန်း   ၄  မျိုး၊ သွားဘက်ဆိုင်ရာဆေးပညာမဟာ သိပ္ပံသင်တန်း ၁၀ မျိုး၊ သူနာပြု မဟာသိပ္ပံသင်တန်း  ၉ မျိုး၊   ကျန်းမာရေးမဟာသိပ္ပံဘွဲ့   (အခြေခံ ကျန်းမာရေး) ၁  မျိုး၊  ဆေးလက်တွေ့ပါရဂူဘွဲ့သင်တန်း ၄၁ မျိုး၊ ဆေးလက်တွေ့အခြေခံပါရဂူဘွဲ့သင်တန်း ၇ မျိုး၊ သွားဘက်ဆိုင်ရာ ဆေးလက်တွေ့ပါရဂူဘွဲ့သင်တန်း    ၈  မျိုး၊   ဆေးဝါးသိပ္ပံပါရဂူ ဘွဲ့သင်တန်း ၄ မျိုး၊  သူနာပြုပါရဂူဘွဲ့သင်တန်း ၁ မျိုး၊ ဆေးဘက် ဆိုင်ရာ  နည်းပညာပါရဂူဘွဲ့သင်တန်း  ၃  မျိုးတို့  ပါရှိတာဖြစ်လို့ ဆေးပညာမဟာသိပ္ပံဘွဲ့တွေကနေ      ပါရဂူဘွဲ့တွေရရှိသည်အထိ သက်ဆိုင်ရာ   ဘာသာရပ်အလိုက်   ဆက်လက်ပြီး  အဆင့်ဆင့် တက်ရောက်နိုင်ကြမှာ ဖြစ်ပါတယ်။

 


ဒါ့အပြင် ပြည်ပဆေးပညာဆိုင်ရာ ဘွဲ့လွန်သင်တန်းများဖြစ်တဲ့ မဟာဘွဲ့၊   ပါရဂူဘွဲ့သင်တန်းများသို့  တက်ရောက်မယ့်သူများနှင့် ကာလတို၊  ကာလရှည်   ကျွမ်းကျင်မှုဆိုင်ရာ သင်တန်းအမျိုးမျိုးကို တက်ရောက်လိုသူများကို ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ စေလွှတ် ပေးလျက်ရှိပါတယ်။ အထူးသဖြင့် MRCP ကဲ့သို့ Membership Status စာမေးပွဲများ ဝင်ရောက်ဖြေဆိုခွင့်ပြုခြင်းနဲ့ Membership ရယူနိုင်ရန် နိုင်ငံခြားသို့ စေလွှတ်ပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ဒီလိုဆောင်ရွက်ပေးလျက်ရှိရာမှာ ပြည်တွင်း/ပြည်ပကနေ ဘွဲ့လွန် ရရှိပြီးသူများကို သက်ဆိုင်ရာ ဘွဲ့ဒီဂရီအလိုက် ပညာရှင်ချီးမြှင့်ငွေတွေ ကို ပေးအပ်လျက်ရှိပါတယ်။ ဒါ့အပြင် နိုင်ငံခြားသို့ အစည်းအဝေးများ တက်ရောက်နိုင်ရန်   စေလွှတ်ပေးခြင်းများကို   ဆောင်ရွက်လျက် ရှိပါတယ်။ 

 


ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနမှာ   ဆရာဝန် (သရုပ်ပြ)အဖြစ် တာဝန်ထမ်းဆောင်မယ့် (သစ်လွင်)ဆရာဝန်တွေ အနေနဲ့ ဆေးတက္ကသိုလ်များတည်ရှိရာ ရန်ကုန်၊ မန္တလေး၊ မကွေး၊ တောင်ကြီးစတဲ့ မြို့ကြီးတွေကို ဦးစားပေးပြီး တာဝန်ချထားပေးမှာ ဖြစ်လို့ အဲဒီနေရာတွေကို ဦးစားပေးပြီး လျှောက်ထားနိုင်ကြပါတယ်။ 

 


ဒါ့အပြင် မိမိတို့ တာဝန်ကျရာဒေသအသီးသီးမှာ နိုင်ငံ့တာဝန်တွေ ထမ်းဆောင်ပြီးတဲ့    ကိုယ်ပိုင်အချိန်တွေမှာ  ကိုယ်ပိုင်ဆေးခန်း သို့မဟုတ်   ပုဂ္ဂလိကဆေးရုံ/ဆေးခန်းတွေမှာထိုင်ပြီး  လူနာတွေကို ကုသစောင့်ရှောက်မှုတွေ ပေးနိုင်ကြမှာဖြစ်ပါတယ်။ 

 


ဒါကြောင့် ဆရာဝန်တွေအနေနဲ့ ဆေးတက္ကသိုလ်တွေရဲ့ အမှတ် တံဆိပ်မှာပါရှိပြီး လိုက်နာကျင့်ကြံရမယ့် ဆရာဝန်ကျင့်ဝတ်ဖြစ်တဲ့ “ဥပဌာနံ အနုကမ္ပာ ဒယာ”ဆရာဝန်တစ်ဦးဖြစ်သော ကျွန်ုပ်သည် ဝေဒနာရှင်လူနာအား ဥပဌာနံ - စိတ်ရော ကိုယ်ပါ ယုယုယယ ပြုစု ကုသပါမည်၊ အနုကမ္ပာ - ကိုယ်ချင်းစာတရားလက်ကိုင်ထားလျက် ပြုစုကုသပါမည်၊ ဒယာ - လူလူချင်း ညှာတာ ထောက်ထားသောအသိဖြင့် ပြုစုကုသပါမည် ဟူသည့်အတိုင်း ကျန်းမာရေးစောင့်ရှောက်မှု လိုအပ် လျက်ရှိသည့် မိမိတို့တိုင်းရင်းသားပြည်သူများအား ထိရောက်စွာ ကျန်းမာရေးစောင့်ရှောက်မှုများ ပေးအပ်နိုင်ရေးနှင့် မိမိတို့၏ ဘဝ တက်လမ်းနှင့် ပညာရပ်ဆိုင်ရာကျွမ်းကျင်မှုများ အဆင့်ဆင့်တိုးတက် ရရှိစေရေးအတွက် နိုင်ငံ့ဝန်ထမ်းဆရာဝန်များအဖြစ် ဝင်ရောက်တာဝန် ထမ်းဆောင်ကြပါလို့ တိုက်တွန်းလိုက်ရပါတယ်။


ကျေးဇူးတင်ပါတယ်။       ။